Chubb Life မှ အဆင့်မြှင့်တင်မှုများပြုလုပ်ထားသည့် ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေး အက်ပလီကေးရှင်းကို မြန်မာဘာသာဖြင့် စတင်အသုံးပြုနိုင်

Chubb Life Myanmar မှ ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေးအတွက် နေ့စဉ်သုံး အက်ပလီကေးရှင်း (360-degree App) တစ်ခုဖြစ်တဲ့ Chubb LifeBalance ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီး ယခုအခါ မြန်မာဘာသာနဲ့ အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Chubb LifeBalance မှာ အသုံးပြုသူများအတွက် ကျန်းမာသော လူမှုဘဝကို ပိုင်ဆိုင်နိုင်ရန် နောက်ဆုံးပေါ် AI နည်းပညာ (Artificial Intelligence) ကို အသုံးပြုပြီး အစာအာဟာရဖြည့်စွက်စားသုံးခြင်း၊ အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်း စတဲ့ ကျန်းမာရေးကဏ္ဍများအတွက် ကမ္ဘာ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်များမှ ပုံဖော်ရေးဆွဲထားတဲ့ ကိုယ်ပိုင်နည်းပြ (personalized virtual coach) ကို ထည့်သွင်းထားကြောင်း၊ အက်ပလီကေးရှင်းအတွင်း မှတ်ပုံတင်ရာမှာ အလွန်လွယ်ကူလှပြီး ဆေးဘက်ဆိုင်ရာ လက်တွေ့စာတမ်းပေါင်း ၂,၅၀၀ ကျော်နဲ့ နှစ်ပေါင်းများစွာမှ လူသန်းပေါင်း ၃၀၀ ကျော်ရဲ့ ဆေးမှတ်တမ်း လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အသုံးပြုသူရဲ့ ကိုယ်ပိုင်ကျန်းမာရေးရမှတ် (personalized health score) ကို လွယ်ကူစွာ တွက်ချက်နိုင်မယ်လို့ သိရပါတယ်။

“အခုလို သာမန်မဟုတ်တဲ့ အချိန်မျိုးဖြစ်တဲ့ COVID-19 ဖြစ်နေချိန် နဲ့ COVID အလွန်ကာလတွေမှာ လူတိုင်းက ကိုယ့်ရဲ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ အကူအညီလိုအပ်တယ်လို့ ယုံကြည်ပါတယ်။ Chubb LifeBalance က ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု အတွက်ပါမက အိပ်စက်မှု၊ စားသောက်မှုပုံစံ၊ စိတ်နဲ့ ခန္ဓာကိုယ်တို့ရဲ့ ကျန်းမာသန်စွမ်းရေးအတွက်ပါ အဓိကအာရုံစိုက်ပြီး ဂရုစိုက်ပေးတဲ့အတွက် အသုံးပြုသူတိုင်းရဲ့ ကျန်းမာရေးကို အတွေးသစ် အမြင်သစ်နဲ့ မြင်နိုင်အောင် ကူညီပေးပါတယ် ” လို့ Chubb Life Myanmar ရဲ့ Country President ဖြစ်သူ Mr Son Nguyen က ပြောကြားခဲ့ပါတယ်။

Chubb LifeBalance App မှတစ်ဆင့် သူငယ်ချင်း၊ မိသားစုဝင်များကိုပါ အတူဖိတ်ခေါ်ပြီး အချင်းချင်း အားပေးကူညီခြင်း၊ ယှဥ်ပြိုင်ခြင်းတွေကိုလည်း ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ Chubb LifeBalance App ကို Google Play နဲ့ Apple App Store တို့မှာ အင်္ဂလိပ် ၊ မြန်မာ (၂) ဘာသာ နဲ့ ရရှိနိုင်ပြီး mm.chubblifebalance.com မှာလေ့လာနိုင်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««