Chrome OS မှာ Dark mode ပါဝင်လာနိုင်

Chrome OS မှာ dark mode ထွက်တော့မယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ စမ်းသပ်ဆဲ Canary channel ထဲမှာ dark mode ကိုတွေ့ခဲ့တယ်လို့ Android Central ကဖော်ပြခဲ့ပါတယ်။

Canary ဆိုတာကတော့ Chrome OS လမ်းကြောင်း အဆင့်မြင့် feature တွေကို စမ်းသပ်မှု မပြုလုပ်ခင် နေ့စဉ် ဖြန့်ချိနေတဲ့ feature တွေဖြစ်ပါတယ်။ အဲဒီ ချန်နယ်ကိုတော့ Chromebooks ကနေ အသုံးပြုနိုင်ပါတယ်။ Canary ကတော့ တည်ငြိမ်မှု မရှိဘူးလို့ Google ကသတိပေးထားပါတယ်။

Chrome မှာ dark mode ကိုအသုံးပြုနိုင်ဖို့ Canary ချန်နယ်ကို install ပြုလုပ်ရပါမယ်။ ပြီးရင်တော့ Chrome ကိုဖွင့်ပြီး URL ဘားမှာ chrome://flags/#enable-force-dark and chrome://flags/#enable-webui-dark-mode ရိုက်ထည့်ရပါမယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««