Chrome OS မွာ iPhone အတြက္ USB tethering ထည့္သြင္းဖုိ႔ စီစဥ္ေန

[ Zawgyi ]

Google ဟာ Chrome OS မွာ iPhone နဲ႔အတူ USB ကေနခ်ိတ္ဆက္ၿပီး အင္တာနက္အသုံးျပဳႏိုင္ဖို႔ USB tethering feature ကုိလုပ္ကုိင္ေနပါတယ္။

လက္ရွိမွာ iPhone ပုိင္ရွင္ေတြက Chromebook နဲ႔အတူ အင္တာနက္ခ်ိတ္ဆက္မႈကုိ ျပဳလုပ္လိုရင္ မုိဘိုင္း hotspot လုပ္ေဆာင္ခ်က္ကုိ အသုံးျပဳရပါတယ္။ အဲဒီလုပ္ေဆာင္ခ်က္က ဖုန္းဘက္ထရီကုိ လ်င္ျမန္စြာ ကုန္ခန္းေစပါတယ္။ iOS ထုတ္ကုန္က USB tethering ကို ChromeOS မွာအသုံးျပဳဖို႔ လုပ္ကုိင္ေနတာကို ChromeUnboxed ကလူေတြ ေတြ႕ရွိခဲ့ပါတယ္။

USB tethering ဟာ ဘက္ထရီသက္တမ္းပုိမို တာရွည္ခံသလို အာထားရတယ္လို႔ Chromium commit က ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ အခုနည္းလမ္းဟာ Chromebook ကုိ ဆယ္လူလာထုတ္ကုန္နဲ႔ ခ်ိတ္ဆက္ၿပီး အင္တာနက္သုံးစြဲဖို႔ အၿမဲထည့္သြင္းတဲ့ feature ျဖစ္ပါတယ္။ လက္ရွိမွာ Chromebook က Chrome OS မွာ iPhone ကေန USB tethering ကုိအသုံးျပဳႏိုင္ေအာင္ Ethernet လုပ္ေဆာင္ခ်က္မလိုဘဲ iPhone ကုိ USB ထုတ္ကုန္အျဖစ္ အသုံးျပဳႏိုင္ပါတယ္။

အခုအခါမွာေတာ့ ဒီလုပ္ေဆာင္ခ်က္ကုိ တည္ၿငိမ္တဲ့ channel update ျဖန္႔ခ်ိဖို႔ ရွိ၊မရွိ မသိေသးပါဘူး။

စိုးထက္
Ref: 9to5Google

[ Unicode ]

Google ဟာ Chrome OS မှာ iPhone နဲ့အတူ USB ကနေချိတ်ဆက်ပြီး အင်တာနက်အသုံးပြုနိုင်ဖို့ USB tethering feature ကိုလုပ်ကိုင်နေပါတယ်။

လက်ရှိမှာ iPhone ပိုင်ရှင်တွေက Chromebook နဲ့အတူ အင်တာနက်ချိတ်ဆက်မှုကို ပြုလုပ်လိုရင် မိုဘိုင်း hotspot လုပ်ဆောင်ချက်ကို အသုံးပြုရပါတယ်။ အဲဒီလုပ်ဆောင်ချက်က ဖုန်းဘက်ထရီကို လျင်မြန်စွာ ကုန်ခန်းစေပါတယ်။ iOS ထုတ်ကုန်က USB tethering ကို ChromeOS မှာအသုံးပြုဖို့ လုပ်ကိုင်နေတာကို ChromeUnboxed ကလူတွေ တွေ့ရှိခဲ့ပါတယ်။

USB tethering ဟာ ဘက်ထရီသက်တမ်းပိုမို တာရှည်ခံသလို အာထားရတယ်လို့ Chromium commit က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အခုနည်းလမ်းဟာ Chromebook ကို ဆယ်လူလာထုတ်ကုန်နဲ့ ချိတ်ဆက်ပြီး အင်တာနက်သုံးစွဲဖို့ အမြဲထည့်သွင်းတဲ့ feature ဖြစ်ပါတယ်။ လက်ရှိမှာ Chromebook က Chrome OS မှာ iPhone ကနေ USB tethering ကိုအသုံးပြုနိုင်အောင် Ethernet လုပ်ဆောင်ချက်မလိုဘဲ iPhone ကို USB ထုတ်ကုန်အဖြစ် အသုံးပြုနိုင်ပါတယ်။

အခုအခါမှာတော့ ဒီလုပ်ဆောင်ချက်ကို တည်ငြိမ်တဲ့ channel update ဖြန့်ချိဖို့ ရှိ၊မရှိ မသိသေးပါဘူး။

Ref: 9to5Google