Chrome OS နဲ့ယှဉ်ပြိုင်သွားမယ့် Microsoft ရဲ့ Windows 10X

Microsoft ဟာ Chrome OS နဲ့ယှဉ်ပြိုင်မယ့် OS ကိုဖန်တီးနေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ အခုဆိုရင် အပြီးသတ်လုနီးပါး ဖြစ်နေတဲ့ Windows 10X ပုံတွေက ထွက်လာပါတယ်။ Windows 10X ဟာ dual-screen ထုတ်ကုန်တွေမှာ သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ Microsoft ရဲ့ Surface Neo နဲ့အတူ မိတ်ဆက်နိုင်ပါတယ်။

Microsoft ဟာ ပြီးခဲ့တဲ့နှစ်က laptop နဲ့ ထွက်ရှိဖို့ နှောင့်နှေးနေတဲ့ Surface Neo လိုမျိုး ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ဖို့ ပြန်လည်ဖန်တီးခဲ့ရပါတယ်။ Microsoft ဟာ ခေါက်စမတ်ဖုန်းနဲ့ dual-screen ထုတ်ကုန်တွေမှာ မတူကွဲပြားစွာ Windows 10X အသုံးပြုနိုင်ဖို့ နှစ်ပေါင်းများစွာ ဖန်တီးခဲ့ရပါတယ်။ အခု Windows 10X မှာတော့ Chrome OS နဲ့ဆင်တဲ့အပိုင်းတွေ ပါဝင်လာပါတယ်။

Microsoft ဟာ Windows 10X ကိုတော့ ဒီနှစ် နှောင်းပိုင်းမှာ ထွက်မယ့် Chromebook လိုမျိုး ထုတ်ကုန်တွေမှာ တင်ပို့ရောင်းချသွားပါမယ်။ ဒါပေမဲ့ လက်ရှိထုတ်ကုန်တွေမှာတော့ Windows 10X ကိုအဆင့်မြှင့်တင်လို့ ရမှာ မဟုတ်ပါဘူး။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««