Chrome app တွေကို Google ဖျက်သိမ်းမည်

Google ဟာ platform တွေအားလုံးပေါ်က Chrome app တွေဖျက်သိမ်းမယ့်အချိန်ကို ကြေညာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လပိုင်းအရောက် Chrome app တွေကို platform အပေါ်မူတည်ပြီး ဖျက်သိမ်းသွားပါမယ်။ တစ်ချိန်ချိန်မှာ Chrome app တွေကို Windows, macOS နဲ့ Linux တို့မှာ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Chrome OS ပေါ်က Chrome app ထောက်ပံ့မှုကိုလည်း ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။

Chrome app ဟာ ဝက်ဘ်အခြေခံ app ဖြစ်ပြီး desktop ကနေ ဖွင့်လိုက်တဲ့ app လုပ်ဆောင်ချက်တွေ အသုံးပြုနိုင်ပါတယ်။ ဥပမာအနေနဲ့ Pocket လိုမျိုး စာဖတ် app ကို ကိုယ်ပိုင် app ပုံစံနဲ့ သီးခြား window တစ်ခုမှာ ဖွင့်နိုင်ပါတယ်။ Chrome app တွေပတ်သက်ပြီး စိတ်ပူစရာမလိုပါဘူး။ ဝက်ဘ်ဆိုက်ပေါ်က app အများစုဟာ ပုံမှန်ဝက်ဘ် app တွေဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူက ဝက်ဘ်ဆိုက်လိပ်စာကနေ အသုံးပြုနိုင်ပါတယ်။ Progressive Web Apps ဟာထုတ်ကုန်က cache တွေကြောင့် offline လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ တချို့ Chrome app တွေကတော့ Google app တွေလိုမျိုး ဝက်ဘ်ဆိုက်ကို တိုက်ရိုက်ရည်ညွှန်းပါတယ်။ Chrome extension တွေက Chrome app တွေနဲ့ မတူပါဘူး။

စိုးထက်
Ref: TheVerge