Chrome သုံးစွဲသူ သန်းပေါင်းများစွာအတွက် သတိပေးချက်ထုတ်ပြန်

Android ထုတ်ကုန်တွေအတွက် phishing တိုက်ခိုက်မှုကို ကာကွယ်ဖို့နဲ့ bookmark တွေကို ပြန်လည် အစီအစဉ်တကျ ထားနိုင်ဖို့ ဒီတစ်ပတ်အစောပိုင်းမှာ Chrome 79 ကိုဖြန့်ချိခဲ့ပါတယ်။

Chrome 79 ကို Android မှာ update လုပ်လိုက်တဲ့အခါ Android မှာပါဝင်တဲ့ WebView ကတစ်ဆင့် Chrome အသုံးပြုတဲ့ Android app တွေက အချက်အလက်အားလုံးကို ဖျက်ပစ်လိုက်ပါတယ်။ အဲဒီ အားနည်းချက်ကြောင့် သုံးစွဲသူတွေနဲ့ developer တွေက ဒေါသထွက်နေကြပြီး chromium ရဲ့ bug tracker စာရင်းမှာ ဝေဖန်ခဲ့ကြပါတယ်။

Chrome 79 ဟာဝက်ဘ်ဆိုက်အချက်အလက်တွေ သိမ်းဆည်းမယ့် နေရာကို ပြောင်းလဲလိုက်တာကြောင့် အချက်အလက်လွှဲပြောင်းမှု လုပ်ငန်းစဉ်လွဲချော်သွားတာနဲ့ အချက်အလက်တွေ ပျောက်ကုန်တာ ဖြစ်ပါတယ်။ Google ကအခုပြဿနာကို အတည်ပြုခဲ့ပြီး Chrome 79 ဖြန့်ချိမှုကို ရပ်တန့်လိုက်ပါတယ်။ ဒါ​ပေမယ့် Chrome 79 ကို update လုပ်ထားတဲ့ ထုတ်ကုန် ၅၀ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Android သုံးစွဲသူ ၂.၅ဘီလျံရှိပါတယ်။

အခုပြဿနာကို ဖြေရှင်းဖို့ မှန်ကန်တဲ့နည်းဗျူဟာဆိုင်ရာ ချဉ်းကပ်မှုကို ဆွေးနွေးနေတယ်လို့ Chromium အင်ဂျင်နီယာတစ်ဦးက ပြောခဲ့ပါတယ်။ ဒါကြောင့် Android သုံးစွဲသူတွေအနေနဲ့ လတ်တလောမှာ Chrome ကို update မပြုလုပ်သင့်ပါဘူး။

စိုးထက်
Ref: Forbes