Chrome နဲ့ Edge ကအန္တရာယ်ရှိ extension တွေကို လူသုံးသန်း အသုံးပြုနေ

အင်တာနက် အသုံးပြုသူ သုံးသန်းဟာ အန္တရာယ်ရှိ ကုတ်တွေပါဝင်တဲ့ Chrome extension ၁၅ ခုနဲ့ Edge extension ၁၃ ခုတို့ကို အသုံးပြုနေကြတယ်လို့ Avast ကပြောခဲ့ပါတယ်။

အဲဒီ extension ၂၈ ခုထဲမှာ အန္တရာယ်ရှိ လုပ်ငန်းတွေ လုပ်ပေးတဲ့ ကုတ်တွေ ပါဝင်လာပါတယ်။ အဲဒီကုတ်တွေက သုံးစွဲသူတွေကို ကြော်ငြာတွေဆီ လမ်းညွှန်တာ၊ Phishing ဝက်ဘ်ဆိုက်တွေဆီ ပြန်လမ်းညွှန်တာ
တစ်ကိုယ်ရေအချက်အလက်တွေ ဖြစ်တဲ့ မွေးနေ့၊ အီးမေးလ်လိပ်စာနဲ့ အသုံးပြုတဲ့ထုတ်ကုန်ကို စုဆောင်းတာ၊Brower history ကိုစုဆောင်းတာ ၊ သုံးစွဲသူရဲ့ ထုတ်ကုန်ပေါ် အန္တရာယ်ရှိ malware သွင်းခိုင်းတာတွေ ပြုလုပ်ခိုင်းပါတယ်။

သူတိုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပိုက်ဆံရရှိရေးအတွက် သုံးစွဲသူ အင်တာနက်လိုင်းကို အနုကြမ်းစီးတာ ဖြစ်တယ်လို့ Avast သုတေသီတွေက ပြောပါတယ်။

အဲဒီ extension တွေကိုတော့ ပြီးခဲ့တဲ့လက တွေ့ရှိခဲ့ပါတယ်။ တချို့ကတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက ရှိနေပြီး သုံးစွဲတချို့က အခြားဝက်ဘ်ဆိုက်ဆီ ပြန်လမ်းညွှန်မှုတွေ ရှိနေတယ်လို့ ပထမဆုံး ပြောကြားထားပါတယ်။
အောက်မှာတော့ အန္တရာယ်ရှိ Chrome Extension တွေကို ဖော်ပြပေးပါမယ်။

  • Direct Message for Instagram
  • DM for Instagram
  • Invisible mode for Instagram Direct Message
  • Downloader for Instagram
  • App Phone for Instagram
  • Stories for Instagram
  • Universal Video Downloader
  • Video Downloader for FaceBook™
  • Vimeo™ Video Downloader
  • Zoomer for Instagram and FaceBook
  • VK UnBlock. Works fast.
  • Odnoklassniki UnBlock. Works quickly.
  • Upload photo to Instagram™
  • Spotify Music Downloader
  • The New York Times News

Avast က အန္တရာယ်ရှိ Edge extension တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

  • Direct Message for Instagram™
  • Instagram Download Video & Image
  • App Phone for Instagram
  • Universal Video Downloader
  • Video Downloader for FaceBook™
  • Vimeo™ Video Downloader
  • Volume Controller
  • Stories for Instagram
  • Upload photo to Instagram™
  • Pretty Kitty, The Cat Pet
  • Video Downloader for YouTube
  • SoundCloud Music Downloader
  • Instagram App with Direct Message DM

-စိုးထက်
Ref: ZDNet

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««