Chinese University of Hong Kong မှ ပညာသင်ဆုလျှောက်ထားနိုင်

The Chinese University of Hong Kong (CUHK) မှ ၂၀၂၀ ခုနှစ် ပညာသင်နှစ် ဝင်ခွင့်အတွက် Full-tuition Entrance Schlorship ကိုလျှောက်ထားနိုင်တယ်လို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့ မှ သိရပါတယ်။

CUHK အနေနဲ့ ထူးချွန်ကျောင်းသားတွေကို နှစ်စဉ် ပညာသင်ဆုချီးမြှင့်ခြင်း ဖြစ်ပြီး ကျောင်းလခ အပါအဝင် နေထိုင်စရိတ်များ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသားတွေ အတွက် ၃ နှစ်တာ စာသင်နှစ် အတွက် ကျောင်းအတွင်း နေရာထိုင်ခင်းတွေကို စီစဉ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာတက္ကသိုလ်တွေကို လည်း ကာလအပိုင်းအခြားနဲ့ သွားရောက် ပညာသင်ကြားရန် အခွင့်အလမ်းတွေလည်း ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် (Advance Offer deadline) နဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် (Regular Deadline) မတိုင်မီ လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ http://admission.cuhk.edu.hk/int…/application-details.html ကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

Ms.Dennis Fung ([email protected]) ဖုန်း – ၈၅၂-၃၉၄၃-၁၅၇၂ နဲ့ Ms.Catherine Chan ([email protected]) ဖုန်း ၈၅၂- ၃၉၄၃-၀၆၉၈ ကိုလည်း ဆက်သွယ်လျှောက်ထားနိုင်ပါတယ်။

-သန္တာ