Chance Myanmar မှ ဟောင်ကောင်အခြေစိုက် LEARN Education Group ၏ သင်ရိုးညွှန်းတမ်းနှစ်ခုကို သင်ကြားခွင့်ရရှိ

E-Learning platform တစ်ခုဖြစ်တဲ့ Chance Myanmar မှ ကမ္ဘာ့အဆင့်မီ အွန်လိုင်းသင်တန်းနှစ်ခုကို သင်ကြားခွင့်ရရှိခဲ့ပြီး ယခုလက်ရှိမှာ သင်တန်းပေါင်း ၁၆ ခုအထိ တိုးမြှင့်နိုင်ခဲ့ပြီ ဖြစ်တယ်လို့သိရပါတယ်။

ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေအတွက် end-to-end သင်ယူမှုနဲ့ စွမ်းဆောင်ရည်ဆိုင်ရာ သင်တန်းတွေ ထောက်ပံ့ပေးတဲ့ ဟောင်ကောင်အခြေစိုက် LEARN Education Group မှ English for the Workplace နဲ့ Communications and Self Leadership သင်ရိုးညွှန်းတမ်းတွေ ထပ်မံတိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။

“Chance Myanmar ကနေ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်တန်းများကို ဖန်တီးပြီး အားလုံး သင်ကြားခွင့်ရရှိနိုင်ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာလူငယ်တွေအနေနဲ့ ပြောင်းလဲနေတဲ့ ပရော်ဖက်ရှင်နယ် ၊ စီးပွားရေးနယ်ပယ် ရဲ့ လိုအပ်ချက်တွေကို ရင်ဆိုင်နိုင်ဖို့ စွမ်းရည်မြှင့်တင်ပေးပြီး လေ့ကျင့်သင်ကြားပေးတဲ့ Platform တစ်ခုအနေနဲ့ Chance Myanmar ကို တည်ထောင်ထားတာဖြစ်တယ်” လို့ Chance Myanmar ရဲ့ တည်ထောင်သူနှင့် CEO ဖြစ်သူ မဖြိုးဖြိုးအောင်က ပြောကြားခဲ့ပါတယ်။

Chance Myanmar အနေနဲ့ မြန်မာပညာရေးစနစ်မှာ ပုံမှန်သင်ကြားလေ့မရှိတဲ့ စိတ်ပညာ၊ ဆက်သွယ်ရေး ၊ ယဉ်ကျေးမှုဆိုင်ရာ အရည်အချင်းမြှင့်တင်ရေး အစရှိတဲ့ ဘာသာရပ်တွေ အပါအဝင် အခြားသင်တန်းတွေကိုလည်း အဓိကထား သင်ကြားပေးလျက်ရှိပါတယ်။

“၂၁ ရာစု မြန်မာနိုင်ငံမှာ ဘယ်လိုသင်ယူမှုပုံစံတွေနဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို Chance Myanmar အနေနဲ့ လေ့လာပြီး ပြန်လည် အကောင်ထည်ဖော်နေပါတယ်။ သင်တန်းသူ သင်တန်းသားတွေ သူတို့ရဲ့ အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းက အစ လူမှုဆက်ဆံရေးအထိ ထူးချွန်အောင် ကူညီပေးနေတာမို့ LEARN နဲ့ ပူးပေါင်းလုပ်ကိုင်ပြီး သင်တန်းတွေတိုးချဲ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်” လို့ မဖြိုးဖြိုးအောင်က ဆက်လက် ပြောကြားခဲ့ပါတယ်။

Chance Myanmar အနေနဲ့ စက်တင်ဘာလ ၂၀ ရက်မှစတင်၍ သင်တန်းသစ်တွေကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။​

-သန္တာ

အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper …..