CES 2021 မှာပြသခဲ့တဲ့ gaming ထုတ်ကုန်များ

ပုံမှန်အတိုင်းဆို CES 2021 ပြပွဲမှာ gaming ထုတ်ကုန်တွေများစွာ တွေ့ရပါမယ်။ ဒါပေမဲ့ ဒီနှစ်ပြပွဲမှာတော့ တိတ်ဆိတ်နေပြီး ထုတ်ကုန်အနည်းငယ်ပဲ ပါဝင်ပါတယ်။ အနာဂတ် gaming လောကအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ထုတ်ကုန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

AMD 7nm Ryzen 5000

AMD ကထုတ်လိုက်တဲ့ 7nm Ryzen 5000 ပရိုဆက်ဆာတွေကတော့ ဒီနှစ်နှောင်းပိုင်း laptop နဲ့ အခြားထုတ်ကုန်တွေမှာ ပါဝင်လာနိုင်ပါတယ်။ Ryzen 5000 စီးရီးမှာတော့ U-series နဲ့ H-series ၂ မျိုးပါဝင်လာပါတယ်။ H-series ကတော့ ဂိမ်မာတွေအတွက် ဖြစ်ပြီး U-series ကတော့ portable ထုတ်ကုန်တွေဖြစ်ပါတယ်။ ချစ်ပ်အသစ်ကတော့ မြန်နှုန်းမြင့်ပြီး စွမ်းအင်စီမံမှုလည်း ကောင်းပါတယ်။

Nvidia GeForce RTX 3060

Nvidia ကတော့ GeForce RTX 2060 ချစ်ပ်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဈေးနှုန်းကတော့ ၃၂၉ ဒေါ်လာပဲ ရှိပါတယ်။ RTX 2060 က‌တော့ ဈေးအသက်သာဆုံး ထုတ်ကုန် ဖြစ်ပါတယ်။ အဲဒီချစ်ပ်ကိုတော့ gaming ကွန်ပျူတာနဲ့ တွဲစပ်လိုက်ရင် 10x ray-tracing စွမ်းဆောင်ရည် ရရှိပါမယ်။

HyperX ChargePlay stand နဲ့ Alloy Origins 60 keyboard

HyperX ကတော့ CES 2021 ပြပွဲမှာ ထုတ်ကုန်သစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ပထမဆုံးကတော့ HyperX ChargePlay Duo ကတော့ Xbox ဂိမ်းခလုတ်အားသွင်းစက် ဖြစ်ပါတယ်။ အဲဒီအားသွင်း stand ကတော့ 1,400mAh ဘက်ထရီ ၂ ခု ပါဝင်လာပါတယ်။

နောက်တစ်ခုကတော့ HyperX Alloy Origins 60 keyboard ဖြစ်ပါတယ်။ အခု mechanical keyboard မှာတော့ ရောင်စုံ LED အလင်းရောင်ပါဝင်ပြီး HyperX NGenuity app နဲ့တွဲဖက် အသုံးပြုရပါတယ်။ HyperX ChargePlay Duo နဲ့ Alloy Origins 60 keyboard ကတော့ ဖေဖော်ဝါရီ ၂၂ ရက်မှာ စတင်ရောင်းချပြီး ၃၉ ဒေါ်လာနဲ့ ၉၉ ဒေါ်လာ အသီးသီးကျသင့်ပါမယ်။

အဆင့်မြှင့်တင်ထားတဲ့ Razer Blade 15 နဲ့ Blade Pro

Razer ကတော့ laptop တွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Razer Blade 15 နဲ့ Blade Pro 17 တို့မှာ 1440p QHD display ပါဝင်လာပါတယ်။ အခု laptop တွေမှာ Thunderbolt 3 port တွေနဲ့ HDMI 2.1 တို့ပါဝင်ပြီး HDMI 2.1 က 4K ရုပ်ထွက်အရည်အသွေး 120fps အထိ ထောက်ပံ့ပေးပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ Acer Aspire 5 နဲ့ Aspire 7

Acer Aspire 5 နဲ့ Aspire 7 ကတော့ laptop အသစ်တွေ မဟုတ်ပေမယ့် Ryzen 5000 စီးရီးပရိုဆက်ဆာအသစ် ပါဝင်တဲ့ ဗားရှင်းအသစ် ဖြစ်ပါတယ်။ အခုကွန်ပျူတာတွေက ချီးကျူးခံထားရပြီး ဈေးနှုန်းလည်း သင့်တင့်ပါတယ်။

Asus TUF Dash F15

Asus ဟာ TUF Dash F15 အမည်ရတဲ့ laptop အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အခု laptop မှာတော့ external GPU အတွက် Thunderbolt 4 port တစ်ခုနဲ့ 240 refresh rate နဲ့ display ပါဝင်လာပြီး ၁၆ နာရီအထိ ဗီဒီယိုကြည့်နိုင်ပါတယ်။ ဒါ့အပြင် Intel i7 ချစ်ပ်ပါဝင်သလို GeForce RTX 3070 GPU ကိုလည်း အသုံးပြုထားပါတယ်။

MSI GS76 Raider Dragon Edition

CES 2021 မှာ‌တော့ MSI ကုမ္ပဏီက ထုတ်ပြီးသား laptop တွေကို အဆင့်မြှင့်တင်တဲ့ ဗားရှင်းတွေ ပြသခဲ့သလို MSI GS76 Raider Dragon Edition ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီဇိုင်းထူးခြားပါတယ်။ GeForce RTX 3080 graphic ကတ်အပြင် Intel i9 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ ဒေါ်လာ ၁,၄၉၉ နဲ့ ကြိုတင်မှာယူနိုင်ပါတယ်။

အဆင့်မြှင့်တင်လိုက်တဲ့ Acer Predator စီးရီးများ

Acer ကတော့ Predator Triton 300 SEE နဲ့ Helios 300 တို့ကို ၁၁ ခုမြောက်မျိုးဆက် Intel ချစ်ပ်နဲ့ အဆင့်မြှင့်တင်ပေးပါတယ်။ Helios 300 ကတော့ Nvidia GeForce RTX 3080 GPU နဲ့ 240Hz refresh rate မျက်နှာပြင်ပါဝင်လာပါတယ်။ Triton 300 SE ကတော့ Nvidia GeForce RTX 3060 ပါဝင်လာပါတယ်။ Predator Triton 300 SE နဲ့ Helios 300 ကတော့ ဖေဖော်ဝါရီနဲ့ မတ်လမှာ ဒေါ်လာ ၁,၃၉၉၊ ၁,၂၄၉ နဲ့ ရောင်းချပါမယ်။

Asus ROG Strix Scar 17

Asus ကတော့ gaming laptop အသစ် ၃ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီထဲကမှ ROG Strix Scar 17 ကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ AMD 9 Ryzen 5900HX CPU အပြင် GeForce RTX 3080 graphic card လည်းပါဝင်လာပြီး RAM 64GB နဲ့ HD မျက်နှာပြင် refresh rate 360Hz ရှိပါတယ်။ စပီကာ ၄ လုံးပါဝင်ပြီး Dolby Atmos ထောက်ပံ့မှု ပါ၊ မပါ မသိပါဘူး။ Asus ရဲ့ ROG Strix Scar 17 မှာတော့ ဗီဒီယိုတွေကို ၁၂ နာရီအထိ ကြည့်နိုင်ပါတယ်။ ဈေးနှုန်းနဲ့ ထွက်လာမယ့် ရက်ကိုတော့ မသိရသေးပါဘူး။

အဆင့်မြှင့်တင်ထားတဲ့ Alienware m15 နဲ့ m17 R4

Alienware ကတော့ m15 နဲ့ m17 R4 gaming laptop တွေကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ အခု laptop တွေမှာ GeForce RTX 30 မိုဘိုင်းစီးရီး GPU တွေပါဝင်ပြီး HDMI 2.1 အပြင် ဗီဒီယိုကို 120Hz အထိ ပြသပေးနိုင်ပါတယ်။ အဲဒီ laptop တွေကိုတော့ ဒေါ်လာ ၂,၁၄၉ နဲ့ရောင်းချပါမယ်။ Laptop တွေမှာ RAM 32GB နဲ့ Intel i7 ဒါမှမဟုတ် i9 core တွေကို ရွေးချယ်ဝယ်နိုင်ပါတယ်။

-စိုးထက်
Ref: AndroidAuthority