CES 2021 ပွဲမှာ မိတ်ဆက်ခဲ့တဲ့ အကောင်းဆုံး စမတ်ဖုန်းများ

CES 2021 ပြပွဲကိုတော့၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်ကနေ ၁၄ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ CES ပွဲမှာ စိတ်ကူးဆန်းတဲ့ ထုတ်ကုန်တွေများစွာ မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ် CES ပွဲအတွင်း စမတ်ဖုန်းကုမ္ပဏီတွေက ထုတ်ကုန်သစ် များများစားစားကို မိတ်မဆက်ခဲ့ပေမယ့် သတိပြုသင့်တဲ့ ထုတ်ကုန်တွေတော့ ပါဝင်လာပါတယ်။

TCL 20 5G နဲ့ TCL 20 SE

TCL ကတော့ အခြားကုမ္ပဏီ အမှတ်တံဆိပ်တွေ လိုင်စင်ယူပြီး ထုတ်နေတာ နှစ်အနည်းငယ် ကြာပြီးနောက် ၂၀၂၀ မှာတော့ TCL 10 စီးရီးဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ ဒုတိယမျိုးဆက် TCL 10 စီးရီးကတော့ မူလထုတ်ကုန်ထက် ဈေးလည်းသက်သာပြီး အဆင့်မြင့်ပါတယ်။ TCL 20 5G မှာတော့ အလယ်အလတ်တန်းစား Snapdragon 690 ပရိုဆက်ဆာပါဝင်ပြီး RAM 6GB နဲ့ storage 128GB တို့ပါဝင်လာပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၆.၆၇ လက်မ Full HD+ display နဲ့အတူ HDR10 ထောက်ပံ့မှု ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 4,500mAh နဲ့ ကင်မရာ ၃ လုံး အသုံးပြုထားပါတယ်။ ဈေးနှုန်းကတော့ ယူရို ၂၉၉ ဖြစ်ပါတယ်။ TCL 20 SE ကတော့ အလားတူ ဒီဇိုင်းဖြစ်ပြီး အရွယ်သေးငယ်ကာ ယူရို ၁၄၉ ကျသင့်ပါမယ်။ TCL 20 စီးရီးဖုန်းတွေက မကြာခင် ထွက်လာမယ်လို့ သိရပါတယ်။

LG Rollable

LG Rollable display ကတော့ လူပြောများတဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။ LG ဟာ CES မှာတော့ လျှပ်တစ်ပြက်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ LG ခေါက်စမတ်ဖုန်း နာမည်ကို အတည်ပြုခဲ့ပါတယ်။ LG Rollable ကတော့ ခလုတ်တစ်ချက်နဲ့ ဖုန်းကနေ tablet အဖြစ် ပြောင်းနိုင်ပါတယ်။ Samsung ကတော့ ခေါက်နိုင်တဲ့ မျက်နှာပြင်ကို ရွေးချယ်ခဲ့ပါတယ်။ LG ကတော့ မိုဘိုင်းနည်းပညာ အပြောင်းအလဲအဖြစ် မျက်နှာပြင်လိပ်ပေးတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။

Samsung Galaxy S21

Galaxy S21 ကတော့ CES 2021 ပြပွဲပြင်ပမှာ ပြုလုပ်တဲ့ပွဲ ဖြစ်ပါတယ်။ Samsung ကပြုလုပ်ခဲ့တဲ့ Galaxy S21, S21 Plus နဲ့ S21 Ultra တို့ကတော့ ခေတ်သစ်ထုတ်ကုန် ဖြစ်ပြီး အရောင်လည်း စုံလင်ပါတယ်။ ဖုန်းတည်ဆောက်မှုကလည်း အလွန်ကောင်းမွန်ပြီး spec တွေကလည်း ကောင်းမွန်ပါတယ်။ ထိပ်တန်း Ultra မော်ဒယ်မှာတော့ S-Pen ထောက်ပံ့မှုပါဝင်လာပါတယ်။

Kyocera Duraforce Ultra 5G UW

Kyocera Duraforce Ultra 5G UW ကတော့ အလွန်မာကျောတဲ့ဖုန်း ဖြစ်ပါတယ်။ အလွန်အကြမ်းခံပါတယ်။ Kyocera ထုတ်ကုန်ကတော့ Verizon mmWave(UWB) ကွန်ရက်အသုံးပြုနိုင်တဲ့ 5G ဖုန်းဖြစ်ပါတယ်။ လိုင်းအသုံးပြုနိုင်မှုက အကန့်အသတ်ရှိပြီး နှစ်ပေါင်းများစွာ စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Vivo X60 Pro

အခုဖုန်းကိုတော့ နှစ်သစ်မတိုင်မီ တရုတ်ပြည်မှာ ကနဦး မိတ်ဆက်ခဲ့ပြီးသားပါ။ Vivo X60 Pro မှာတော့ နာမည်ကျော် Zeiss ကထုတ်လုပ်တဲ့ lens ပါဝင်လာပါတယ်။ ဖုန်းမှာ Samsung ကထုတ်လုပ်တဲ့ Exynos 1080 အလယ်အလတ်တန်းစား SoC အပြင် 33W အားသွင်းစနစ် ပါဝင်လာပါတယ်။ မျက်နှာပြင် ၆.၅၆ လက်မ FHD+ 120Hz OLED panel ပါဝင်ပြီး ရှေ့မှာ punch hole ထဲထည့်ထားတဲ့ 32MP ကင်မရာ ပါဝင်လာပါတယ်။

ကျောဘက်မှာ‌တော့ 48MP ကင်မရာ ဒုတိယမျိုးဆက် micro-gimbal setup ပါဝင်ပြီး 13MP 2x portrait lens ,13MP ultra-wide အပြင် 8MP 5x periscope zoom နဲ့ digital zoom 60x အထိ ပါဝင်လာပါတယ်။ ဖုန်းမှာ ပါဝင်တဲ့ gimbal နည်းပညာအကြောင်းကတော့ အသေးစိတ် မသိသေးပါဘူး။ အရေးအပါဆုံးကတော့ အလင်းအားနည်းတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ကူးမှု ပိုမိုကောင်းမွန်လာနိုင်ပါတယ်။

-စိုးထက်
Ref: AndroidAuthority

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««