CES 2021 ပြပွဲ စတင်

နှစ်စဉ်ပြုလုပ်နေကျ အကြီးမားဆုံး နည်းပညာပြပွဲ ဖြစ်တဲ့ လူသုံးကုန်အီလက်ထရောနစ်ပြပွဲ (CES) က ဇန်နဝါရီ ၁၁ ရက်မှာ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ Consumer Technology Association (CTA) အဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် CES 2021 ပွဲကိုတော့ ဒီဂျစ်တယ်ပွဲအဖြစ် ပထမဆုံး အဖြစ် ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ အွန်လိုင်းမှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ ပြပွဲကိုတော့ ဇန်နဝါရီ ၁၁ ရက်ကနေ ၁၄ ရက်အထိ ပြုလုပ်သွားပါမယ်။ မီဒီယာနဲ့ စိတ်ဝင်စားသူတွေလည်း စာရင်းပေးသွင်း ကြည့်ရှုနိုင်ပါတယ်။

စိတ်ဝင်စားတဲ့လူတွေကတော့ တရားဝင် CES 2021 ဝက်ဘ်ဆိုက် https://ces2021.eventcore.com/… နဲ့ပွဲအတွက် စာရင်းပေးသွင်း ကြည့်ရှုနိုင်ပါတယ်။ CES 2021 ပွဲကိုတော့ အသက် ၁၈ နှစ်နဲ့အထက် လူတိုင်း ဝင်ကြည့်လို့ရပါတယ်။

TCL ကတော့ CES 2021 မှာ mini-LED display နည်းပညာအသစ်ကို မိတ်ဆက်မယ်လို့ ဖိတ်ကြားထားပါတယ်။ QLED နည်းပညာသုံး တီဗီတွေ၊ soundbar နဲ့အခြားအိမ်သုံး ပစ္စည်းတွေကို မိတ်ဆက်ပါမယ်။ Amazfit ကတော့ GTS 2 နဲ့ GTR 2 ထုတ်ကုန်များစွာကို မိတ်ဆက်သွားပါမယ်။ GSMArena ဖော်ပြချက်အရ GTS2 နဲ့ GTR2e စမတ်နာရီတွေကို မိတ်ဆက်နိုင်ပါတယ်။

ပွဲအတွင်းမှာ Samsung ကလည်း Mini-LED အခြေခံ နောက်ခံမီးတိုးတက်တဲ့စနစ် အပြင် Neo QLED တီဗီ ဒါမှမဟုတ် ‘quantum dot LED TV’ အသစ်ကိုလည်း မိတ်ဆက်သွားပါမယ်။ LG ကတော့ ကုမ္ပဏီပထမဆုံး ၄၈ လက်မ ကွေးနိုင်တဲ့ cinematic sound OLEDD (CSO ) display ကိုတော့ ပြသသွားပါမယ်။

-စိုးထက်
Ref: FirstPost

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««