CES 2021 ပြပွဲက အထူးဆန်းဆုံး ထုတ်ကုန်များ

အခုနှစ် CES ပြပွဲကတော့ virtual မှာပဲ ပြုလုပ်နေတာ ဖြစ်ပါတယ်။ CES ပြပွဲအတွင်း ပြသခဲ့တဲ့ ထုတ်ကုန်တွေထဲက အထူးဆန်းဆုံး ထုတ်ကုန်တွေကို အောက်မှာ ဖော်ပြပေးသွားပါမယ်။

GM Cadillac eVTOL concept ကားပျံ

General Motors ကုမ္ပဏီက လျှပ်စစ်ကားပျံ ဈေးကွက်တစ်ခုကို ဖော်ဆောင်ဖို့ စိတ်ကူးနေပါတယ်။ CES ပွဲမှာတော့ ဘက်ထရီနဲ့ မောင်းနှင်လို့ရတဲ့ တက္ကစီကားပျံကို မိတ်ဆက်ခဲ့ပါတယ်။ GM ရဲ့ကားပျံမှာတော့ ပန်ကာ ၄ ခုပါဝင်ပြီး ၉၀ ကီလီုဝပ် လျှပ်စစ်မော်တာ စွမ်းအင်ထောက်ပံ့ထားကာ မြန်နှုန်းက တစ်နာရီ ၅၆ မိုင်အထိ ပျံသန်းနိုင်ပါတယ်။

LG ခေါက်စမတ်ဖုန်း

LG ကလည်း လူတွေ စောင့်မျှော်နေကြတဲ့ ခေါက်စမတ်ဖုန်းကို မိတ်ဆက်သွားပါတယ်။ LG ခေါက်စမတ်ဖုန်းကတော့ ဒီနှစ်နှောင်းပိုင်းမှာ ထွက်လာနိုင်ပါတယ်။ TCL ကလည်း ခေါက်စမတ်ဖုန်း concept ထုတ်ကုန် ၂ မျိုးကိုလည်း CES မှာမိတ်ဆက်သွားပါတယ်။

ဆိုလာစွမ်းအင်သုံး Samsung clicker

Samsung ကတော့ တီဗီရီမု နောက်ဘက်မှာ ဆိုလာဆဲလ် ထည့်သွင်းထားတဲ့ ထုတ်ကုန် ပြသခဲ့တယ်။ အဲဒီရီမုက အိမ်တွင်း မီးရောင်နဲ့ပဲ ဘက်ထရီကို အားပြန်သွင်းပေးနိုင်ပါတယ်။ Samsung က 2021 Neo QLED TV မော်ဒယ်တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပြီး USB-C အားသွင်းပေါက်တစ်ခု ပါဝင်လာပါတယ်။

VR လယ်ထွန်စက်

John Deere ကတော့ CES 2021 မှာ virtual ကမ္ဘာထဲက စမ်းသပ်မောင်းနှင်နိုင်မယ့် လယ်ထွန်စက်အသစ်ကို ထည့်သွင်းခဲ့ပါတယ်။ တစ်မူထူးခြားတဲ့ VR အတွေ့အကြုံကို ရရှိပါမယ်။ John Deere ကုမ္ပဏီဟာ Facebook ရဲ့ ၂၉၉ ဒေါ်လာတန် Oculus Quest 2 ထုတ်ကုန်ကို ဖြန့်ချိသွားပါမယ်။

ပွေ့ဖက်နိုင်မယ့် စက်ရုပ်

Moflin ဟာ ရိုးရှင်းတဲ စက်ရုပ် ဖြစ်ပါတယ်။ အမွှေးပွပြီး Star Trek ထဲက Tribble သတ္တဝါအရွယ်လောက်ပဲ ရှိပြီး အိမ်မွေးတိရစ္ဆာန်သဖွယ် အနားမှာ ထားလို့ရပါတယ်။

ပျားအုံကို ထိန်းချုပ်နိုင်မယ့်စက်

Hive Controller ကတော့ ပျားအုံထဲက ပျားရည်ကို အလွယ်တကူနဲ့ မြန်ဆန်စွာ ထုတ်ပေးနိုင်ပါတယ်။

Bot Care နဲ့ Bot Handy စက်ရုပ်များ

Samsung ကတော့ CES 2021 ပြပွဲမှာ Bot Care နဲ့ Bot Handy စက်ရုပ်တွေကို ပြသခဲ့ပါတယ်။ ခပ်တိုတို စက်ရုပ် Bot Care မှာ အီလက်ထရောနစ်မျက်လုံး ပါဝင်ပြီး ကျန်းမာရေးကဏ္ဍမှာ အသုံးပြုနိုင်ပါတယ်။ Bot Handy ကတော့ ပန်းကန်ဆေးတာနဲ့ ဝိုင်ငှဲ့ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။

စိတ်ကြိုက်အရောင်ဖန်တီးနိုင်တဲ့ နှုတ်ခမ်းနီ

လာမယ့်လအနည်းငယ်အတွင်းမှာ L’Oreal ကနေ ဒီဂျစ်တယ်နှုတ်ခမ်းနီဆိုးဆေး ရောင်းချပေးပါတော့မယ်။ အဲဒီထုတ်ကုန်ဟာ Perso ကထောက်ပံ့ထားတဲ့ Yves Saint Laurent Rouge Sur Mesure ကတစ်ဆင့် L’Oreal ကနေ ရောင်းချပေးပြီး အလိုရှိတဲ့ အရောင်ကို ဖန်တီးနိုင်ပါတယ်။

Hyperfast ဂိမ်းခလုတ်

ကနေဒီ startup Brink Bionics ကတော့ ဒီနှစ်အတွင်း Impulse Neuro-Controller ကိုမိတ်ဆက်ခဲ့ပါတယ်။ ဂိမ်းခလုတ်က လက်အိတ်ဖြစ်ပြီး mouse ကိုင်တဲ့ လက်မှာ ဝတ်ဆင်ရပါမယ်။ လက်အိတ်ဝတ်သူရဲ့ ဦးနှောက်နဲ့ ကြွက်သားလှိုင်းနဲ့ click တုံ့ပြန်မှုအချိန်ကို တိုးချဲ့လို့ရပါတယ်။

innate intelligence ရေအိမ်

Kohler ရဲ့innate intelligence ရေအိမ်ကတော့ အပူပေးနိုင်ပြီ အဖွင့်၊ အပိတ်ကို အလိုအလျောက် ဆောင်ရွက်ပေးနိုင်သလို ရီမုလည်း ပါဝင်လာပါတယ်။

Bougie ရေချိုးကန်

Kohler ရဲ့ ‌Bougie ရေချိုးကန်ကတော့ ဒေါ်လာ ၁၆,၀၀၀ ကျသင့်ပြီး ဇိမ်ခံပစ္စည်း ဖြစ်ပါတယ်။ ရေချိုး‌ကန် အောက်ခြေကနေ ရေစဖြည့်ပေးပြီး အလင်းနဲ့ အငွေ့တွေ ပတ်လည်ဝိုင်းထားတဲ့ ဟီနိုကီသစ်သားပတ်ပတ်လည်း ရေစီးမြောင်းကတစ်ဆင့် ရေဖြည့်ပေးမှာပါ။

ရေခဲမုန့်ထည့်စက်

ColdSnap ထုတ်ကုန်ကတော့ တစ်မိနစ်အတွင်း အစားအစာတွေကို အေးသွားအောင် လုပ်ပေးနိုင်ပါတယ်။ အခုအချိန်မှာတော့ ရှေ့ပြေးထုတ်ကုန်အဆင့်သာ ရှိသေးပြီး ၂၀၂၂ မှပဲ အဆင်သင့်ဖြစ်နိုင်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««