CES 2020 ပြပွဲ အကောင်းဆုံး ထုတ်ကုန်များ

CES 2020 ပွဲမှာ ကုမ္ပဏီပေါင်း ၄,၅၀၀ ကျော်က နောက်ဆုံးပေါ်ထုတ်ကုန်‌တွေ ပါဝင်ပြသခဲ့ပါတယ်။ CNET က သတင်းထောက် ၉၀ အဖွဲ့က ပြပွဲခန်းမအတွင်းက ထုတ်ကုန်တွေကို ဖော်ပြခဲ့ပါတယ်။ သတင်းထောက်တွေက နည်းပညာသစ်တွေ အကြောင်းကို နာရီပေါင်းများစွာ နားထောင် သုံးသပ်ခဲ့ကြပါတယ်။ အဲဒီ နည်းပညာတွေထဲက CNET သတင်းထောက်အဖွဲ့ရဲ့ စိတ်ကြိုက်ထုတ်ကုန်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Alienware Concept UFO

အခုစာရင်းထဲပါဝင်တဲ့ ရှေ့ပြေးပုံစံ ထုတ်ကုန် ၂ ခုထဲက တစ်ခုဖြစ်ပါတယ်။ မကြာခင်မှာ အပြီးသတ်ထုတ်ကုန် အဖြစ် မြင်တွေ့ရဖွယ်ရှိပါတယ်။ ကွန်ပျူတာဂိမ်းတွေ ကစားနိုင်တဲ့ Nintendo Switch လိုမျိုး လက်ကိုင်ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။

Impossible Pork

Impossible Foods ကနေ အသားအစားထိုး အပင်အခြေခံ အသား Impossible Pork ကိုပြသခဲ့ပြီး CES 2020 ပွဲအတွင်း ကြီးမားတဲ့ သက်ရောက်မှုပြုလုပ်ထားပါတယ်။ အရသာမြည်းသူတွေကလည်း အပြုသဘောဆောင်တဲ့ မှတ်ချက်ပေးထားပါတယ်။ ပဲကနေ ပြုလုပ်ထားတဲ့ ဝက်သားကို ဒီနှစ် နှောင်းပိုင်းမှာ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

Withings ScanWatch

Withing ရဲ့နာရီသစ်တွေကို အိပ်စက်မှု နှောင့်ယှက်တာတွေကို ခြေရာခံဖို့ optical blood အောက်ဆီဂျင် sensor တွေကို အသုံးပြုထားပါတယ်။ ဒီနှစ်အတွင်း FDA ထောက်ခံချက်ကိုလည်း ရရှိထားပါတယ်။ ScanWatch မှာ ECG လည်းပါဝင်ပြီး နှလုံးသွေးကြော အခြေအနေကို ခြေရာခံနိုင်သလို ရေကူးမှုကိုလည်း ခြေရာခံပေးပြီး ဘက်ထရီသက်တမ်း တစ်လအထိ အသုံးပြုနိုင်ပါတယ်။

Tombot Jennie

Jennie ဟာ စက်ရုပ်ခွေးတစ်မျိုးဖြစ်ပါတယ်။Jennie ကိုဈေးနှုန်းမြင့်မားတဲ့ အမွေးတုနဲ့ သက်သောင့်သက်သာဖြစ်အောင် ပြုလုပ်ထားပါတယ်။ စက်ရုပ်တွေ ဖန်တီးတဲ့ start-up ကုမ္ပဏီ Tombot နဲ့ Jim Henson တို့ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။ Jennie ကိုစိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုမရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် PTS နဲ့ အော်တီဇင်ရောဂါ ခံစားနေရသူတွေကိုလည်း စိတ်သက်သာစေဖို့ ကုစားပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ကြိုတင်မှာယူမယ်ဆိုရင် ဒေါ်လာ ၄၄၉ အထိ ကျသင့်မှာ ဖြစ်ပါတယ်။

L’Oreal Perso

အခုထုတ်ကုန်ကတော့ နှုတ်ခမ်းနီနဲ့skincare mixer ကတော့ စိတ်ကြိုက် နှုတ်ခမ်းနီနဲ့ skincar ထုတ်ကုန် ဖော်မြူလာ ဖန်တီးပေးနိုင်ပါတယ်။ Load Person မှာပါဝင်တဲ့ ဘူးတွေမှာ နှုတ်ခမ်းနီအရောင်နဲ့ skincare ပါဝင်ပစ္စည်း အမျိုးမျိုး ပါဝင်ပြီး ပေါင်းစပ်မှု အမျိုးမျိုး ပြုလုပ်နိုင်ပါတယ်။

BrainCo လက်အတု

BrainCo ရဲ့ AI ထောက်ပံ့မှုပါဝင်တဲ့ လက်အတုဟာ ဦးနှောက်လှိုင်းနဲ့ ကြွက်သားလှိုင်းတွေနဲ့ အလုပ်လုပ်ပြီး လှုပ်ရှားမှုပြုလုပ်နိုင်ပါတယ်။ တပ်ဆင်အသုံးပြုပါက ခန္ဓာကိုယ်မှ လှုပ်ရှားမှုအမျိုးမျိုးနဲ့ တွဲဖက်လှုပ်ရှားနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀,၀၀၀ က‌နေ ၁၅,၀၀၀ အကြားရှိပါတယ်။

Samsung Galaxy Chromebook

CES ပြပွဲက အထူးခြားဆုံး laptop တွေထဲက တစ်မျိုးကတော့ Chromebook ပဲဖြစ်ပါတယ်။ Chromebook ဒီဇိုင်းအများစုက ဈေးနှုန်းသက်သာအောင် ‌ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ Galaxy Chromebook ကတော့ Google နဲ့ Samsung အကြား ပူးပေါင်းလုပ်ကိုင်ထားတဲ့ တန်ဖိုးကြီးထုတ်ကုန် ဖြစ်ပါတယ်။ ပါးလွှာတဲ့ Galaxy Chromebook ဟာ အသေးစိတ် အချက်အလက်ကောင်းမွန်ပြီး ဒေါ်လာ ၉၉၉ ကျသင့်မှာ ဖြစ်ပါတယ်။

TCL Foldable phone

TCL ခေါက်စမတ်ဖုန်းဟာ ရှေ့ပြေးပုံစံထုတ်ကုန်ဖြစ်ပြီး ဈေးနှုန်းသက်သာတဲ့ ခေါက်စမတ်ဖုန်းဖြစ်ပါတယ်။ အခုဖုန်းမှာ အဆင့်မြင့် အစိတ်အပိုင်းတွေပါဝင်ပြီး 5G ကွန်ရက်အသုံးပြုနိုင်သလို ကျောဘက် ကင်မရာ ၃ လုံး အထိ ပါဝင်လာပါတယ်။

Vizio OLED TV

တီဗီနည်းပညာတွေက ဈေးနှုန်းပိုမိုသက်သာလာပါတယ်။Vizio ကြောင့် OLED တီဗီဈေးနှုန်းတွေလည်း ကျဆင်းလာနိုင်ပါတယ်။ OLED တီဗီတွေ ရုပ်ထွက်အရည်အသွေးကောင်းပေမယ့် LG နဲ့ Sony ကပဲ ထုတ်လုပ်သေးပါတယ်။ အခုဆိုရင် Vizio က OLED တီဗီတွေရောင်းချတော့မှာ ဖြစ်ပါတယ်။ Vizio ဗီဒီယိုက တီဗီဈေးနှုန်းကို မသတ်မှတ်ရသေးပေမယ့် ရုပ်ထွက်အရည်အသွေး ကောင်းမွန်ပါတယ်။

Y-Brush

အခုထုတ်ကုန်က ဆယ်စက္ကန့်အတွင်း ၂ မိနစ်စာသွားတိုက်တဲ့ အစီအစဉ်ကို ပြီးမြောက်နိုင်ပါတယ်။ Y-Brush ကတော့ ၁၂၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး မတ်လအတွင်း စတင် တင်ပို့မှာ ဖြစ်ပါတယ်။

August Wi-Fi Smart Lock

August ရဲ့ Smart lock ကို ဘယ်လို တံခါးဘုနဲ့မဆို တွဲဖက်အသုံးပြုနိုင်ပြီး voice assistant တွေနဲ့လည်း တွဲဖက်လုပ်ကိုင်နိုင်ပါတယ်။ အခု ထုတ်ကုန်သစ်မှာ Wi-Fi ပါဝင်ပြီး ပိုမိုကျစ်လျစ်လာပါတယ်။ အရင်မော်ဒယ်ထက် ၄၅ ရာခိုင်နှုန်း သေးငယ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀ ကျသင့်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Lenovo Yoga 5G

၂၀၂၀ အတွင်း 5G laptop များစွာ ထွက်ပေါ်ဖို့ရှိပါတယ်။ Lenovo Yoga 5G ဟာ Qualcomm ရဲ့ Snapdragon 8cx 5G Compute Platform နဲ့ 5G ကိုပထမဆုံးပေါင်းစပ်ထားတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်း အလွန်ကောင်းမွန်ပြီး စွမ်းအင်သုံးစွဲမှု နည်းပါးသလို စွမ်းဆောင်ရည်မြန်ဆန်ပါတယ်။

Pampers Lumi

Pampers ဟာ ကလေးအထူးကုနဲ့ အင်ဂျင်နီယာတွေနဲ့ပူးပေါင်းပြီး ကလေးသူငယ်စောင့်ကြည့်ရေးစနစ် အသစ်တစ်မျိုးကို လုပ်ကိုင်နေပါတယ်။ အဲဒီစနစ်ကတော့ ကလေးအနှီးအတွင်း တွဲချိတ်ထားနိုင်တဲ့ ကင်မရာနဲ့ sensor တို့ပါဝင်လာပါတယ်။ စနစ်အတွင်းက ကလေးအိပ်စက်မှုအခြေအနေနဲ့ အိပ်စက်မှု အရည်အသွေး ပမာဏကိုလည်း ပြသပေးပါတယ်။ တွဲဖက်အသုံးပြုရတဲ့ app မှာ ကလေးသူငယ်စောင့်ရှောက်ရေးအတွင်း ကျင့်သုံးရမယ့် နည်းလမ်းတွေကို မှတ်ချက်ပေးပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၅၀ ကျသင့်မှာ ဖြစ်ပါတယ်။

Samsung Galaxy Note 10 Lite

Galaxy Note 10 Lite ဈေးနှုန်းကို မသိရသေးပေမယ့် Samsung ရဲ့ထူးခြားမှုရှိတဲ့ ဖုန်းတစ်မျိုးဖြစ်ပါတယ်။ မျက်နှာပြင် ၆.၇လက်မရှိပြီး ဘက်ထရီကလည်း အလွန်ကြီးမားပါတယ်။ Note 10 Lite စွမ်းဆောင်ရည်ကလည်း ခိုင်မာပြီး ပရိသတ်လည်း များပြားလာပါတယ်။

Fisker Ocean

Fisker Ocean လျှပ်စစ်ကား ဈေးနှုန်းက ဒေါ်လာ ၃၇,၄၉၉ ဖြစ်ပြီး Tesla Model 3 ထက် ဈေးနှုန်းသက်သာပါတယ်။ တစ်နှစ် မိုင်း ၃၀,၀၀၀ နှုန်းနဲ့ တစ်လငှားရမ်းမယ်ဆိုရင် ၃၇၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အခုကားကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။

AI ပါဝင်တဲ့ LG ThinQ အဝတ်လျှော်စက်

LG ဟာ အိမ်သုံးပစ္စည်းအကြီးစားတွေမှာAI ကိုထည့်သွင်းနေတဲ့ အမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ LG ThinQ အဝတ်လျှော်စက်ဟာ အဝတ်တွေများစွာကို ထည့်လျှော်နိုင်ပြီး အဝတ်အထည်အမျိုးမျိုးရဲ့ အသားကို သိနိုင်ကာ သင့်တော်တဲ့ လျှော်ဖွပ်မှုနဲ့ အခြောက်ခံမှုကို လုပ်ငန်းစဉ်ကို မှတ်ချက်ပေးနိုင်ပါတယ်။ AI အခြေခံ အကြံပေးအင်ဂျင်ဟာ LG ရေခဲသေတ္တာမှာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် ပထမနှစ်ဝက်အတွင်း AI ပါဝင်တဲ့ ThinQ ထုတ်ကုန်တွေကို ရောင်းချမယ်လို့ LG ကပြောထားပါတယ်။

GE Kitchen Hub microwave

၂၇ လက်မAndroid tablet ပါဝင်တဲ့ မီးဖိုဖြစ်ပါတယ်။ GE KitchenHub display မှာ ဟင်းချက်တဲ့ app နဲ့အတူ Netflix လည်းကြည့်နိုင်ပါတယ်။ KitchenHub မှာစောင့်ကြည့်မှု ပြုလုပ်နိုင်တဲ့ ကင်မရာအပြင် ဗီဒီယို chat လုပ်နိုင်တဲ့ အခြားကင်မရာ ပါဝင်လာပါတယ်။ KitchenHub အသစ်ကို ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Vizio ရဲ့ P-Series Elevate aluminum soundbar

Vizio P-series Elevate soundbar မှာDolby Atmos ပါဝင်ပြီး ခေါင်းအပေါ်ဘက်ကeffect တွေအတွက် Dolby Atmos ဒါမှမဟုတ် DTS:X soundtrack ကိုခြေရာခံတဲ့အခါ မော်တာ driver တွေပါဝင်လာပါတယ်။

Dabby

Dabby ကတော့ အခမဲ့ ဗီဒီယိုဝက်ဘ်ဆိုက်နဲ့ တီဗီဝက်ဘ်ဆိုက်အပြင် လူမှုရေးမီဒီယာဝက်ဘ်ဆိုက်တွေ ပူးပေါင်းပေးတဲ့ ဖျော်ဖြေရေးထုတ်ကုန် ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်ကို ဒေါ်လာ ၄၀၀ နဲ့ ဧပြီလအတွင်း တင်ပို့ရောင်းချပေးမှာ ဖြစ်ပါတယ်။

စိုးထက်

Ref: CNET