CES ပွဲအတွင်း ထုတ်ဖော်ပြသွားမယ့် Huami Amazfit T-Rex

Xiaomi ကထောက်ပံ့ပေးထားတဲ့ Huami ဟာ ဇန်နဝါရီ ၈ ရက်၊ လတ်စ်ဗီးဂတ်စ်မြို့၊မှာ ပြုလုပ်မယ့် CES ပွဲမှာ ထုတ်ကုန်သစ်မိတ်ဆက်မယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ Amazfit BipS နဲ့ TWS ကြိုးမဲ့နားကြပ်ကို မိတ်ဆက်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပွဲအတွင်း Amazfit T-Rex အမည်ရ အကြမ်းခံတဲ့ စမတ်နာရီသစ်ကိုလည်း ထုတ်ဖော်ပြသမယ်လို့ Weibo မှာတင်ထားပါတယ်။

Huami ကအမြည်းမိတ်ဆက်တဲ့ ပိုစတာမှာ စမတ်နာရီ လက်ပတ်အရိပ်ကို ဖော်ထုတ်ထားပါတယ်။ Amazfit T-Rex မိတ်ဆက်မယ့်ရက်က CES ပွဲကျင်းပမှုနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါ့အပြင် Amazfit T-Rex ရဲ့ ဓာတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ Huami Amazfit T-Rex ဟာကိုယ်ထည်ကို အလွန်အကြမ်းခံနိုင်အောင် ဖန်တီးထားပါတယ်။

Huami ရဲ့ Amazfit T-Rex မှာ Bluetooth 5.0 LTE ထောက်ပံ့မှု၊ ဘက်ထရီ 390mAh အပြင် ရေစိုခံနိုင်ရည် 5ATM အထိ စိမ်ထားနိုင်ပါတယ်။

စိုးထက်
Ref: GSMArena