CES ပွဲမတိုင်မီ XPS 13 notebook သစ်ကို ပွဲထုတ်မိတ်ဆက်လိုက်တဲ့ Dell

CES 2018 မတိုင်မီ Dell က XPS 13 notebook သစ်ကို ပွဲထုတ်မိတ်ဆက်လိုက်ပါတယ်။ အဲ့ဒီ 2-in-1 notebook သစ်ရဲ့ ဈေးနှုန်းက ၉၉၉.၉၉ ဒေါ်လာမှ စတင်ပြီး ဇန်နဝါရီ ၄ ရက်မှာ စတင်ရရှိနိုင်ပြီလို့ သိရပါတယ်။

“XPS 13 အသစ်က လက်ရှိ XPS 13 ထက် အရွယ်ပိုငယ်ပြီး ပိုပါးပါတယ်။ အလေးချိန် ပိုမိုပေါ့ပါးပြီး စွမ်းဆောင်ရည်ကိုလည်း လက်ရှိ XPS13 ထက် ၈၀ ရာခိုင်နှုန်း ပိုမိုအောင် တိုးမြှင့်ထားတယ်။ ဘက်ထရီကိုလည်း ၁၉ နာရီကြာ အသုံးပြုနိုင်ပါတယ်” လို့ XPS, Alienware နဲ့ Dell Gaming ရဲ့ ဒုဥက္ကဋ္ဌနဲ့ အထွေထွေမန်နေဂျာ Frank Azor က ပြောပါတယ်။

XPS 13 (9370) ကို 8th-generation Intel quad-core i5 ဒါမှမဟုတ် i7 processor နဲ့ ရရှိနိုင်ပြီး Microsoft Windows 10 နဲ့ Ubuntu 16.04 ကို အသုံးပြုထားပါတယ်။ Intel UHD Graphics 620 ပါဝင်ပြီး 3,840 x 2,160 ၁၃.၃ လက်မ UltraSharp 4K Ultra HD InfinityEdge touch display နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် 52Wh ဘက်ထရီနဲ့ edge-to-edge Corning Gorilla Glass 4 အပြင် Thunderbolt 3 port နှစ်ခု၊ USB-C 3.1 port တစ်ခု၊ microSD card reader တစ်ခု၊ power ခလုတ်ထဲက optional Windows Hello-compliant fingerprint reader တစ်ခု၊ 802.11ac wireless နဲ့ Bluetooth 4.1 တို့လည်း ပါဝင်ပါတယ်။ Miracast လုပ်ဆောင်ချက် ပါဝင်သလို 1866MHz LPDDR3 4GB-8GB dual-channel option တစ်ခုနဲ့ 2133MHz 16GB dual-channel SDRAM လည်း ပါဝင်ပါတယ်။ GORE Thermal Insulation က ထုတ်ကုန်ရဲ့ အပူချိန်ကိုလျှော့ချပြီး စွမ်းဆောင်ရည်ကို ပိုကောင်းအောင် လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

Storage option တွေမှာတော့ 128GB SATA, 256GB PCIe, 512GB PCIe နဲ့ 1TB PCIe SSD တို့ဖြစ်ပါတယ်။ Docking option တွေကတော့ 130W Dell Dock နဲ့ 180W Dell Thunderbolt Dock တို့ဖြစ်ပါတယ်။

Dell ဟာ အရင် XPS 13 ကို ပြီးခဲ့တဲ့နှစ် CES မှာ မိတ်ဆက်ကြေညာခဲ့တာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: ZDNet