Certificate in Intenational Trad and Finance (CITF) သင်တန်းအတွက် ပြင်ပသင်တန်းသားခေါ်ယူ

Ifs University College နဲ့ International Chamber of Commerce (ICC) တို့ပူးပေါင်းပြီး Trade Finance Qualification အတွက် Certificate Level သင်တန်းဖြစ်တဲ့ Certificate in International Trade and Finance (CITF) 3 ကို မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်းမှာ ဖွင့်လှစ်သင်ကြား ပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ အချိန်ပိုင်းသင်တန်းဖြစ်ပြီး ရက်သတ္တပတ် ၁၀ ပတ် ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ရမယ့် အချိန်က အောက်တိုဘာ ၁၇ ရက် မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဖြစ်ပြီး Trade Finance ဘာသာရပ်ကျွမ်းကျင်သူ ဆရာ/ဆရာမ တွေက သင်ကြားပေးသွားမှာပါ။

သင်တန်းကို အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိသူတွေ၊ Trade Finance ကိုစိတ်ပါဝင်စားသူ၊ အင်္ဂလိပ်စာ အခြေခံရှိသူတွေ တက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကိုတော့ အောက်တိုဘာ ၁၆ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပြီး အသေးစိတ်ကို မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း အမှတ် ၂၊ စည်ပင်လမ်းသစ်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း – ၀၁-၅၄၈၁၄၆၊ ၈၆၀၅၅၄၃ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

-သန္တာ