Certificate for Documentary Credit Specialist သင်တန်းအတွက် ပြင်ပသင်တန်းသားခေါ်ယူ

Certificate for Documentary Credit Specialist (CDCS) သင်တန်းအတွက် ပြင်ပသင်တန်းသား ခေါ်ယူနေပါတယ်။

အဆိုပါ သင်တန်းကို The London Institute of Banking & Finance နဲ့ International Chamber of Commerce (ICC) တို့ပူးပေါင်းပြီး Trade Fianance Qualification အတွက် Certificate Level သင်တန်းဖြစ်ပြီး မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်းမှာ ဖွင့်လှစ်မှာပါ။

သင်တန်းကာလမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှ ဧပြီ ၇ ရက်အထိ ၁၄ ပတ် ကြာမြင့်မှာဖြစ်ပြီး Trade Finance ဘာသာရပ်ကျွမ်းကျင်သူ ဆရာ/ဆရာမတွေက သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းသားတွေအနေနဲ့ Local Exam အောင်မြင်ပါက မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်းရဲ့ Certificate ရရှိမှာဖြစ်ပြီး ICC မှကျင်းပတဲ့ UK Exam အောင်မြင်ပါက နိုင်ငံတကာအသိအမှတ်ပြုတဲ့ Certificate ရရှိမှာဖြစ်ပါတယ်။ သင်တန်းကြေးမှာ တစ်လအတွက် တစ်သိန်းလေးသောင်းကျပ် ကျသင့်မှာဖြစ်ပြီး ၃ လစာအတွက် လေးသိန်းနှစ်သောင်းကျပ် ပေးသွင်းရမှာပါ။

သင်တန်းသို့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူတွေ တက်ရောက်နိုင်ပြီး အင်္ဂလိပ်စာ အခြေခံရှိသူတွေ တက်ရောက်နိုင်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထားကာ လျှောက်ထားရမှာပါ။ အသေးစိတ်ကို မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း၊ အမှတ် ၂၊ စည်ပင်လမ်းသစ်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- ၀၁-၅၄၈၁၄၆၊ ၅၅၉၄၉၀ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-ဝေဝေ