CB Card+ Mobile Application ကိုမိတ်ဆက်

CB Bank အနေနဲ့ CB Bank ကတ် အသုံးပြုသူတွေအတွက် CB Card+ Mobile Application ကို စတင်မိတ်ဆက်လိုက်ပါတယ်။

ကတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဝန်ဆောင်မှုတွေကို Application တစ်ခုထဲမှာ အလွယ်တကူ ကြည့်ရှု အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ NFC လုပ်ဆောင်ချက် ပါဝင်တဲ့ ဖုန်းတွေနဲ့ VISA Contactless လက်ခံတဲ့ ဆိုင်တိုင်းမှာလည်း အဆိုပါ Mobile Application နဲ့ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။ CB Card+ Application ကို စတင် အသုံးပြုဖို့အတွက် ဘဏ်သို့ သွားရန်မလိုဘဲ အွန်လိုင်းမှ တစ်ဆင့် Google Play Store နဲ့ Apple Store တို့မှာ Download လုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

CB Card+ Mobile Application မှတစ်ဆင့် Discounts တွေနဲ့ Promotions များကို ကြည့်နိုင်ခြင်း၊ Visa Contactless ကတ်လက်ခံတဲ့ ဆိုင်တွေမှာ ကတ်မလိုဘဲ ဖုန်းဖြင့် ထိပြီး လုံခြုံစွာ ပေးချေနိုင်ခြင်း၊ ကတ်ကို Block လုပ်တဲ့ ဝန်ဆောင်မှု၊ Credit Card အကြွေး ပြန်လည်ပေးချေခြင်း၊ ကတ်အချက်အလက်များကို အလွယ်တကူ ကြည့်ရှုနိုင်ခြင်း၊ အနီးအနားမှာရှိတဲ့ CB Bank ဘဏ်ခွဲများ၊ ATM များနဲ့ ချိတ်ဆက်ထားတဲ့ ဆိုင်များကို ကြည့်ရှုနိုင်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုများကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“CB Bank အနေနဲ့ Customers တွေအတွက် ပိုမို ဆန်းသစ်ပြီး လူနေမှုဘဝကို ပိုမို ပြည့်စုံစေမည့် ဝန်ဆောင်မှုတွေကို အစဉ်အမြဲ ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုဆိုရင်ဖြင့် CB Bank ကတ် အသုံးပြုတဲ့၊ Customers တိုင်း ရှိထားသင့်တဲ့ CB Card+ Mobile Application ကို စတင်မိတ်ဆက်လိုက်ပါတယ်။ ကတ်နဲ့ ပတ်သက်တဲ့ အချက်တွေကို အလွယ်တကူ ကြည့်ရှုနိုင်တဲ့အပြင် Visa Contactless လက်ခံတဲ့ ဆိုင်တိုင်းမှာ NFC လုပ်ဆောင်ချက် ပါဝင်တဲ့ ဖုန်းတွေဆိုရင် ဖုန်းနဲ့ ထိပြီး ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ Digital Banking Services မှာ ဦးဆောင်နေသည့် ဘဏ်တစ်ခုဖြစ်တဲ့ CB Bank ကနေ ရှေ့ဆက်ပြီးတော့ ပိုမို ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ၊ Customers တွေအတွက် ပိုမို လွယ်ကူစေမည့် ဝန်ဆောင်မှုတွေကို ပေးသွားမှာဖြစ်ပါတယ်” လို့ CB Bank ရဲ့ Executive Vice Chairman & Chief Executive Officer ဖြစ်သူ ဦးကျော်လင်းက ပြောပါတယ်။

CB Card+ Mobile Application နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို CB Bank ရဲ့ Hot line ဖုန်း ၀၁-၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်းနိုင်သလို https://bit.ly/2K8gWFJ မှတစ်ဆင့်လည်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

 

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««