CB Bank Viber BOT ကို မိတ်ဆက်

CB Bank မှ ထုတ်ဝေထားသော prepaid,debit နဲ့ credit ကတ်ကိုင်ဆောင်ထားသူများ ကိုယ်တိုင် မိမိကတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်စေဖို့ စာတိုပေးပို့ မေးမြန်းနိုင်သော Viber Application ဆိုင်ရာ အဆင့်မြင့်ဝန်ဆောင်မှု CB Bank Viber BOT ကို မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ CB Bank Viber BOT ကို ကတ်လျှောက်ထားစဉ်က ဘဏ်ကို ပေးအပ်ထားသော ဖုန်းနံပါတ်နဲ့ ယခု အသုံးပြုလျက်ရှိသော ဖုန်းနံပါတ် တူညီပါက စတင် အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုရန်အတွက် QR Scan ဖတ်ရမှာ ဖြစ်ပါတယ်။ QR Code ဖတ်ရန်အတွက် CB bank official facebook page,CB Bank Branches Counter တွေမှတစ်ဆင့် ရယူနိုင်မှာ ဖြစ်ပါတယ်။

CB Bank ကတ် ကိုင်ဆောင်ထားသူတွေရဲ့ သတင်းအချက်အလက်များ လုံခြုံမှုရှိစေရန်နဲ့ ပေါက်ကြားမှုကို ကာကွယ်ရန်အတွက် ခိုင်မာသောအတည်ပြုချက်များ၊ အဆင့်မြင့်လုံခြုံရေးစနစ်တွေနဲ့ အဆင့်ဆင့် စီစဉ်ပေးထားကြောင်း၊ ဥပမာအနေဖြင့် ကတ်ကိုင်ဆောင်သူရဲ့ viber အကောင့်မှာ အသုံးပြုသော ဖုန်းနံပါတ်မှာ CB Bank တွင် မှတ်ပုံတင်ထားသော ဖုန်းနံပါတ်နဲ့ ထပ်တူကျမှသာ ယခု ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကတ်တွေရဲ့ ဘဏ်စာရင်းရှင်းတမ်းကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှာဖြစ်ပြီး အဆိုပါ အချက်အလက်များတွင် နောက်ဆုံး အသုံးပြုခဲ့သော ငွေသားစီးဆင်းမှု ၁၀ ကြောင်းရဲ့ မှတ်တမ်းနဲ့ ငွေစာရင်းလက်ကျန်တို့ ပါရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသုံးပြုသူအနေဖြင့် NRIC အချက်အလက်နဲ့ အသုံးပြုမယ့် ဖုန်းနံပါတ်ပြောင်းလဲလိုပါက နီးစပ်ရာ CB Bank ဘဏ်ခွဲတွေမှာ သွားရောက်ပြောင်းလဲနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««