CB Bank နှင့် Cisco တို့ နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မည်

CB Bank နဲ့ Cisco တို့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မယ်လို့ သတင်းရရှိပါတယ်။

အဲဒီလိုပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။ Data Centre နဲ့ Core Network Infrastructure တို့ကို ပြောင်းလဲတည်ဆောက်ဖို့အတွက် Cisco Advance Service Team နဲ့ နည်းပညာပိုင်းဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ CB Bank အနေနဲ့ Core Banking ၊ Digital Banking နဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို သုံးစွဲတဲ့ Customer တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို လုံခြုံစိတ်ချရတဲ့ ဘဏ်ဝန်ဆောင်မှုတွေ ပေးနိုင်မယ်လို့ဆိုပါတယ်။

ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းတွေအနေနဲ့ နည်းပညာကို အခြေခံတဲ့ လုံခြုံစိတ်ချရတဲ့ ဘဏ်ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေကို ပေးဖို့ယခင်ကထက် ပိုမိုလုံခြုံမှုရှိဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းတဲ့ကာလမှာ နည်းပညာတွေနဲ့ ပါဝင်ကူညီသွားမယ်လို့ Cisco မှ Managing Director ဖြစ်သူ Mr. Vatsun Thirapatarapong က ဆိုပါတယ်။

-ထွန်းထွန်း