2.5D Curved Edge Display ဆိုတာကတော့ ဖန်သားမျက်နှာပြင်ရဲ့ အနားသတ်ထောင့်တွေကို အနည်းငယ်ကွေးထားတဲ့ မျက်နှာပြင်ကို ဆိုလိုတာဖြစ်ပါတယ်။ တကယ်တော့ ဒီမျက်နှာပြင် အခေါ်အဝေါ်က နည်းပညာအားဖြင့် တရားဝင် သတ်မှတ်ခေါ်ဝေါ်တဲ့ အမည်တော့မဟုတ်ပေမယ့် အခုအခါမှာတော့ ဒီအခေါ်အဝေါ်ကိုပဲ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပါတယ်။ တချို့ဟန်းဆက်တွေမှာတော့ ဒီလိုမျိုး ဖန်သားပြင်နည်းပညာကို အသုံးပြုထားတာ မသိသာပေမယ့် ဖုန်းမျက်နှာပြင် အပေါ်ဘက်မှာ ပါးလွှာတဲ့အလွှာတစ်ထပ် ပုံစံရှိတဲ့ ဖန်သားမျက်နှာပြင် ထောင့်အနားလုံးပုံစံ ဒီဇိုင်းက တကယ်ပဲသဘောကျစရာ ကောင်းလှပါတယ်။ စမတ်ဖုန်းတော်တော်များများမှာ ဖန်သားပြင်ထောင့်ကို အနားလုံးထားသလိုမျိုး ကွေးထားတဲ့ပုံစံနဲ့ ထုတ်လုပ်လာကြပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကိုယ်ပိုင် စတိုင်အနေနဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေက ဖန်သားမျက်နှာပြင်တွေ တီထွင်ထုတ်လုပ်လာခဲ့ပါတယ်။ ပုံမှန် အပြားအချပ်လိုက်ဖြစ်တဲ့ 2D ဖန်သားမျက်နှာပြင်တွေရဲ့ အနားသတ်ထောင့်တွေကို အနားသတ်ထားသလိုမျိုး ကွေးထားတာထက်ပိုတဲ့ […]
Read MoreQZSS နည်းပညာဆိုတာကတော့ ဖုန်းတွေမှာပါ ထည့်သွင်းအသုံးပြုလာတဲ့ GPS လမ်းညွှန်ဆိုင်ရာ ဂြိုဟ်တုနည်းပညာတစ်ခု ဖြစ်ပါတယ်။ QZSS ရဲ့အရှည်ကတော့ Quasi-Zenith Satellite System ဖြစ်ပြီး ဂျပန်အစိုးရကနေ အာရှပစိဖိတ်ဒေသတွေမှာ အမေရိကန်ရဲ့ GPS (Global Positioning System) နဲ့ တွဲဖက်လုပ်ဆောင်ဖို့အတွက် အဓိက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒေသတွင်း ဂြိုဟ်တုလေးလုံးအချိန်လွှဲပြောင်းလဲမှုစနစ်နဲ့ ဂြိုဟ်တုအခြေပြုစနစ်တွေ တိုးပွားများပြားလာစေဖို့အတွက် ဂျပန်အစိုးရက ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်အတွင်းမှာ ဂျပန်ပြည်တွင်းမှာ ဂြိုဟ်တုအခြေပြု တည်နေရာလမ်းညွှန်စနစ် အသုံးပြုနိုင်ဖို့အတွက် GPS စနစ်နဲ့တွဲဖက်ပြီး QZSS စနစ်ကို ဂြိုဟ်တု ၃ လုံးနဲ့ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ASBS (Advanced Space Business Corporation) နဲ့ […]
Read MoreWearable နည်းပညာကို နောက်တစ်နည်း wearable gadgets လို့လည်း ခေါ်ဝေါ်ပါသေးတယ်။ Wearable နည်းပညာထုတ်ကုန်ဆိုတာ ကျန်းမာရေးနဲ့ ကိုယ်ကာယကြံ့ခိုင်ရေးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်ဖော်ပြပေးပြီး ဝတ်ဆင်နိုင်တဲ့ နည်းပညာဆိုင်ရာ ထုတ်ကုန်တွေအားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ပထမဆုံးသော wearable ကွန်ပျူတာကို ၁၉၆၀ ပြည့်နှစ်မှာ အက်ဒဝပ်သော့ရ်ဆိုတဲ့ (Edward Thorp) သင်္ချာပါမောက္ခတစ်ဦးက တီထွင်ခဲ့တာဖြစ်ပါတယ်။ Wearable နည်းပညာထောက်ပံ့ပါဝင်တဲ့ gedgets တွေမှာ သေးငယ်တဲ့ motion sensor တွေပါဝင်ပြီး ဓာတ်ပုံရိုက်တာ၊ အချက်အလက်တွေကို ဖုန်းနဲ့အလွယ်တကူ sync လုပ်ကာ ဖတ်ရှုနိုင်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ Wearable နည်းပညာက GPS စနစ်နဲ့ချိတ်ဆက်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ကိုယ်ကာယလှုပ်ရှားမှုဆိုင်ရာ အဆင့်ဆင့်ကို ထောက်လှမ်းမှတ်သားပေးထားနိုင်ပါတယ်။ မှတ်သားထားတဲ့ အချက်အလက်ဆိုင်ရာကို ချက်ချင်းဖတ်ရှုနိုင်သလို နောက်မှအချိန်ယူကာ ဖတ်ရှုနိုင်အောင်ဖို့ […]
Read MoreDolby Vision ဆိုတာကတော့ ဖုန်းတွေမှာ HDR အရည်အသွေးရုပ်ထွက်နဲ့ ပုံရိပ်တွေကို ကြည့်ရှုခံစားနိုင်မယ့် အဆင့်မြင့်ရုပ်ထွက်ပိုင်းဆိုင်ရာ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ HDR ရုပ်ထွက်အရည်အသွေးပိုင်းထက် ပိုမိုမြင့်မားကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ ခံစားကြည့်ရှုနိုင်အောင် ဒီနည်းပညာက ထောက်ပံ့လုပ်ဆောင်ပေးနိုင်ပြီး မျက်နှာပြင်ကြီးမားတဲ့ နောက်ဆုံးပေါ်တီဗွီနဲ့ စမတ်ဖုန်းတွေမှာ ဒီနည်းပညာကို HDR နည်းပညာနဲ့ တွဲဖက်ကာ ထည့်သွင်းအသုံးပြုလျက်ရှိပါတယ်။ Dolby Vision နည်းပညာထောက်ပံ့ပါဝင်တဲ့ display တွေက ရုပ်ရှင်ပြကွက်တစ်ခုချင်းစီရဲ့ အလင်းတောက်ပမှု၊ contrast နဲ့ ကာလာအရည်အသွေးဆိုင်ရာ အချက်အလက်တွေကို ပိုမို စိုပြည်ကောင်းမွန်ပြီး တည်ငြိမ်တဲ့ကာလာရုပ်ထွက်နဲ့ ခံစားကြည့်ရှုနိုင်အောင် နောက်ကွယ်ကနေ အဓိက လုပ်ဆောင်ပေးပါတယ်။ Dolby Vision ကို HDR 10 နဲ့ တစ်ထပ်တည်းတူတဲ့ ရုပ်ထွက်ပိုင်းဆိုင်ရာမျိုးရရှိနိုင်အောင် ဖန်တီးထားတာဖြစ်ပြီး Dolby Vision […]
Read MoreSnapdragon 855 Plus ( 855+ ) ကို Qualcomm ကနေ ဒီဇိုင်းထုတ်ထားပြီး ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှာ မိတ်ဆက်ပေးခဲ့တဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ 64-bit ARM LTE ချစ်ပ်ဖြစ်ပါတယ်။ Qualcomm® Snapdragon ™ 855+ မိုဘိုင်းပလက်ဖောင်းကို ဂိမ်းကစားခြင်းအတွက် တည်ဆောက်ထားတာဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားခြင်း၊ ဂရပ်ဖစ်ပိုင်း ပိုမိုတိုးတက်ခြင်းအပြင် CPU ရဲ့ စွမ်းဆောင်ရည်မြင့်မားမှုတွေနဲ့ 4G နဲ့ 5G ဆက်သွယ်မှုတို့အတွက်ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Snapdragon 855+ မိုဘိုင်းပလက်ဖောင်းက မိုဘိုင်းဂိမ်းအတွက် ၁၅% ပိုမိုမြန်ဆန်တဲ့ဂရပ်ဖစ် rendering နဲ့ Snapdragon 855 စံသတ်မှတ်ချက်ထက် ပိုမိုမြင့်မားတဲ့ CPU စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တယ်လို့ Qualcomm က ဆိုထားပါတယ်။ […]
Read MoreDynamic AMOLED Display နည်းပညာဆိုတာက ၂၀၁၉ ခုနှစ်မှာ Samsung ကနေ ၎င်းတို့ရဲ့ Galaxy S10 စမတ်ဖုန်းစီးရီးနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Display နည်းပညာပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း OLED မျက်နှာပြင်တွေက အကောင်းဆုံးအရည်အသွေးရှိတဲ့ ရုပ်ပုံတွေနဲ့ ပြောင်းလွယ်ပြင်လွယ်သော ဒီဇိုင်းနဲ့ အသုံးပြုနိုင်ပြီး မကြာသေးမီနှစ်များအတွင်းက Samsung, Apple, Huawei, Xiaomi နဲ့ အခြားကုမ္ပဏီတွေက OLED Display အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ Samsung အနေနဲ့ ၎င်းတို့ရဲ့ စမတ်ဖုန်း OLED Display တွေကို Super AMOLED မျက်နှာပြင်အဖြစ် ခေါ်ဝေါ်ခဲ့ပြီး ဒီ AMOLED မျက်နှာပြင်တွေက ရုပ်ထွက်အရည်အသွေး အလွန်မြင့်မားကာ ယေဘုယျအားဖြင့် ကမ္ဘာ့အကောင်းဆုံးမိုဘိုင်း Display […]
Read Morefast charging နည်းပညာအမျိုးမျိုးကို ဖုန်းထုတ်လုပ်သူတွေက ၎င်းတို့ရဲ့ မော်ဒယ်သစ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ လက်ရှိဈေးကွက်ထဲက ဖုန်းမော်ဒယ်သစ်တွေမှာ ပါဝင်လာတဲ့ Qualcomm Quick Charge, OnePlus Dash Charge, Huawei Super Charge, Oppo Super VOOC, Xiaomi Mi Charge Turbo, Vivo Super Flash စတဲ့ ဖုန်းဘက်ထရီကို အချိန်တိုအတွင်းမှာ အားအမြန်ပြည့်စေတဲ့ fast charging နည်းပညာတွေကို ဖုန်းမော်ဒယ်အနိမ့်အမြင့်အလိုက် ထည့်သွင်းအသုံးပြုလာကြသလို ဒီနည်းပညာနဲ့ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေလည်း များစွာရှိလာပါတယ်။ fast charging နည်းပညာကလည်း အခုဆိုရင် အဆင့်ဆင့် တိုးတက်လာတာနဲ့အမျှ မိမိတို့အသုံးပြုနေတဲ့ ဖုန်းမှာပါဝင်တဲ့ အားသွင်းမြန်ဆန်တဲ့ ဘက်ထရီနည်းပညာက ဘယ်လောက်မြန်ဆန်ပြီး အခြားဖုန်းတွေရဲ့ အားသွင်းနည်းပညာနဲ့ ဘယ်လိုကွာခြားမှုတွေ […]
Read MoreAndroid 10 ဆိုတာက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ထွက်ရှိလာတဲ့ Android mobile operating system ရဲ့ 17th ဗားရှင်းပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်က Android 10 OS ကို Google ကနေ မိတ်မဆက်ခင်တုန်းကတော့ Android Q ဆိုတဲ့ နာမည်နဲ့ ခေါ်ဝေါ်ခဲ့ပြီး pixel ဖုန်းမှာ ထည့်သွင်းပေးခဲ့ပါတယ်။ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ Pixel နဲ့ Pixel XL ဖုန်းတွေကလည်း ဒီ OS ကို update ပြုလုပ်အသုံးပြုနိုင်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၂ ရက်မှာ Android Q ကို […]
Read MoreWear OS ဆိုတာ ဂူဂဲလ်ရဲ့ Wear OS လို့လူသိများပြီး ယခင်က Android Wear လို့ ခေါ်ဝေါ်ခဲ့တဲ့ Google ရဲ့ Android operating system ဗားရှင်းဖြစ်ပါတယ်။ စမတ်နာရီတွေနဲ့ အခြားဝတ်ဆင်နိုင်တဲ့ပစ္စည်းတွေ အတွက် ဒီဇိုင်းထုတ်ထားတဲ့ OS ဖြစ်သလို မိုဘိုင်းဖုန်းတွေနဲ့ အတူတွဲဖက်ပြီး အသုံးပြုနိုင်မယ့် OS လည်းဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ Android ဗားရှင်း 4.4 နဲ့အထက် iOS ဗားရှင်း 9.3 နဲ့အထက်ကနေ စတင်တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ OS မှာ Google ရဲ့ Assistant နည်းပညာနဲ့ စမတ်နာရီလုပ်ဆောင်ချက်ဆိုင်ရာတွေ ပါဝင်ပါတယ်။ Wear OS က Bluetooth, Wi-Fi, […]
Read MoreFast Wireless Charging 2.0 ဆိုတာ Samsung ရဲ့ ကြိုးမဲ့အားသွင်းစနစ် အသစ်တစ်ခု ဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် Wireless Charging နည်းပညာကို ယခုနောက်ပိုင်း ထွက်ရှိလာတဲ့ မိုဘိုင်းထုတ်ကုန်တွေမှာ တွင်ကျယ်စွာ ထည့်သွင်း အသုံးပြုလာပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ဆိုတာကတော့ ဝါယာကြိုးတွေနဲ့ ပလပ်ခေါင်း အသုံးပြုစရာမလိုဘဲ မိုဘိုင်းထုတ်ကုန်တွေရဲ့ ဘက်ထရီအားကို အလွယ်တကူ အားပြန်သွင်းနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး ဒီနည်းပညာက ထုတ်ကုန်ပစ္စည်းတွေကို ဝါယာကြိုးတွေ ရှုပ်ထွေးမှုမရှိဘဲ အားသွင်းနိုင်တဲ့အပြင် လျှပ်စစ်အန္တရာယ်ကင်းစွာနဲ့ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ဒီစနစ်ကအသုံးပြုထားတဲ့ မိုဘိုင်းထုတ်ကုန်ကို အားသွင်းစက်ပေါ်ကို တင်ထားလိုက်ရုံနဲ့ အလိုအလျောက် ဘက်ထရီကို အားသွင်းပေးမှာဖြစ်တဲ့အတွက် သွားလေရာ ယူဆောင်အသုံးပြုမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကြိုးမဲ့အားသွင်းစနစ်တွေက အကန့်အသတ်တွေရှိနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကြိုးမဲ့အားသွင်းမှုက ကေဘယ်ကြိုး၊ ဝါယာကြိုးတွေနဲ့ အားသွင်းမှုလောက်တော့ မြန်ဆန်တဲ့နှုန်းနဲ့ […]
Read MoreCopyright © 2021 | Internet Journal