၁၉၉၇ ခုနှစ်က Nintendo 64 နဲ့ ကစားနိုင်အောင် ထုတ်လုပ်ခဲ့တဲ့ တိုက်ခိုက်ပစ်ခတ်ရေး ဂိမ်းကတော့ ၂၂ နှစ်အကြာမှာ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးပြီးပြန် လည်ရောက်ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ Nintendo Switch , Xbox One, PS4 တွေအပြင် Wins စနစ်နဲ့ပါ ကစားနိုင်အောင် ဖန်တီးထားတာပါ။ နာမည်ကျော်မင်းသား The Rock ပါဝင်သရုပ်ဆောင်ထားတဲ့ Doom ဇာတ်ကားထဲကလိုပဲ ရန်သူတွေရော အပြင်အဆင်တွေပါ ဆင်ပါတယ်။ ဇာတ်လမ်းသွားတော့ မတူပါဘူး။ အဓိကအား နည်းချက်တစ်ခုပဲ ပြောစရာရှိတာက Single အနေနဲ့ပဲ ကစားနိုင်တာပါ။ ကျန်တဲ့ဂိမ်းရဲ့ ဖန်တီးမှုတွေကတော့ စိတ်ဝင်စားစရာ တကယ်ကို ကောင်းပါတယ်။ ကစားသူအနေနဲ့ အဆင့်ပေါင်း ၃၂ ဆင့်ကို အနိုင်ရအောင် […]
Read Moreအခု တစ်ပတ်မှာ Platform စုံနဲ့ကစားနိုင်မယ့် Online ဆန်ဆန်ဂိမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပဟေဠိ ရှာဖွေဖြေရှင်းတဲ့ ဂိမ်းမျိုးဖြစ်ပါတယ်။ ကစားပုံက ဂိမ်းကိုအမည်ပေးထားတဲ့အတိုင်း ပျောက်ဆုံးနေတဲ့ အရာလေးတွေကိုလိုက်ရှာရမယ်၊ ထူးခြားချက်ကတော့ အချိန်ကာလတစ်ခုတည်းမဟုတ်ဘဲ ရောနှောနေခြင်းပါ။ ဂိမ်းရဲ့ပတ်ဝန်းကျင်က မြို့တွင်း၊ တောတွင်း နေရာစုံပါပဲ။ ဒါပေမဲ့ အချိန် ကာလတစ်ခုတည်း မဟုတ်လို့ ရှေးကျတဲ့ ဒိုင်နိုဆောတွေရှိတဲ့ ခေတ်ကိုလည်း ရောက်သွားနိုင်သလို မီးရထားတွေ စတင်ပေါ်ထွက်ရာ နည်းပညာခေတ်ဦးကနေ ဒီနေ့ခေတ်ပုံစံ စည်ကားတိုးတက်နေတဲ့ မြို့ပြခေတ်အထိ ပါရှိပါတယ်။ ဂိမ်းရဲ့ အဆင့်တစ်ဆင့်တိုင်းမှာ ပျောက်ဆုံးအရာဘယ် နှစ်ခုကို အနည်းဆုံး ရှာဖွေနိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပြီး အဆိုပါ ပျောက်ဆုံးပစ္စည်းတွေကို အမြန်ဆုံး ရှာဖွေရမှာပါ။ သဲလွန်စ တောင်းဆိုစရာမလိုဘဲ အဆင့် တစ်ဆင့်ရဲ့ အစတိုင်းမှာ သဲလွန်စ ချပေးပါလိမ့်မယ်။ ပစ္စည်းရှာဖွေရ […]
Read Moreပြည်တွင်းမှာ PC တွေနဲ့ပဲ ဂိမ်းကစားသူများတော့ အခုတစ်ပတ်မှာ တစ်ယောက်တည်း ကစားလို့ကောင်းမယ့် PC ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Murder by Numbers က ပဟေဠိဂိမ်းဖြစ်ပြီး အသတ်ခံရတဲ့ လူတွေအတွက် ဘယ်လို အသတ်ခံရတယ်ဆိုတာကို စုံစမ်းပြီး တရားခံဖော်ထုတ်ရမယ့်ဂိမ်းပါ။ အရင်က ကစားခဲ့ဖူးမယ့် ပဟေဠိဂိမ်းတွေနဲ့ စာရင်ထူးခြားချက်တွေ ပါရှိပါတယ်။ အဓိကအနေနဲ့တော့ အကူပါလာခြင်းပါ။ ရှေ့ထွက်ပဟေဠိ ဂိမ်းအများစုက တစ်ယောက်တည်း ကစားရမယ်၊ ဒါမှမဟုတ် Multi ကစားလို့ရရင်လဲ ကစားသမားနှစ်ယောက် တွဲကစားပြီး တစ်ယောက်နဲ့ တစ်ယောက်တွဲခေါ် အနိုင်ရအောင် ကစားရတာပေါ့။ အခုဂိမ်းကတော့ Single ပဲ ကစားနိုင်မယ့် ဂိမ်းပါ၊ ဒါပေမဲ့ ကစားသူအတွက် Scout ဆိုတဲ့ စက်ရုပ်လေး ပါလာပါတယ်။ ဇာတ်လမ်းသွားတလျှောက် မိမိလိုအပ်တဲ့ အကူအညီတွေကို […]
Read Moreအဖွဲ့လိုက်ကစားနိုင်ပြီး စိန်ခေါ်မှုကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ သေနစ်ပတ်ဂိမ်းသစ်နဲ့ အခုတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ ၁၈၉၀ ပြည့်နှစ်ဝန်းကျင် အမေရိကန်နိုင်ငံ၊ လူစီယားနား ပြည်နယ်မှာ ဇာတ်လမ်းကို အစတည်ထားပါတယ်။ ရင်ဆိုင်စရာ ရန်သူကတော့ စိတ်ကူးယဉ် နည်းနည်းဆန်သွားပြီး မိစ္ဆာတွေဖြစ်ပါတယ်။ လူသားတွေကို ပူးကပ်စေခိုင်းတဲ့ မိစ္ဆာအနေနဲ့ရော နောက်ပိုင်း အဆင့်မြင့်လာလေလေ ပုံသဏ္ဍာန် ထူးခြားပြီး ကြောက်စရာကောင်းတဲ့ မိစ္ဆာတွေအနေနဲ့ပါ ဖန်တီးထားပါတယ်။ ကစားသူတွေကတော့ ကြေးစားသေနတ်သမားတွေအဖြစ် ပါဝင်ရမှာပါ။ ကျား၊ မ ရွေးချယ်ကစားနိုင်မှု အပါအဝင်ဇာတ်ကောင် ပုံစံ၊ နှစ်သက်ရာလက်နက်၊ အဝတ်အစားနဲ့ ဒီဇိုင်းတွေပါ စိတ်ကြိုက်ရွေးချယ် ကစားနိုင်ပါတယ်။ ဒါပေမဲ့ ၁၉၀၀ ပြည့်နှစ်ဝန်းကျင် ဒီဇိုင်းတွေပေါ့။ လက်နက်တွေကလည်း နည်းနည်းတော့ ခေတ်နောက်ကျပေမယ့် စနိုက်ပါလို ဒီနေ့ခေတ် နည်းပညာ အနည်းငယ်သုံးနိုင်အောင် ထည့်သွင်းဖန်တီးထားပါတယ်။ ဇာတ်လမ်းသွားပုံစံ ကစားရမှာဖြစ်ပြီး […]
Read Moreလူငယ်တွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းပါပဲ။ စိတ်ကူးယဉ်ဆန်တဲ့ စွမ်းအားတွေ အသုံးပြု တိုက်ခိုက်နိုင်မှာဖြစ်သလို ဇာတ်ကောင် အများအပြား ရွေးချယ်နိုင်အောင် ဖန်တီးထားလို့ ပုံစံရော စွမ်းရည်အရပါ ဆန်းသစ်ပါတယ်။ လက်နက် တွေထက် လက်ရုံးရည် ဦးစားပေး အသုံးပြု တိုက်ခိုက်ရမှာပါ။ ဇာတ်လမ်းသွားမဟုတ်လို့ နည်းနည်းတော့ ပျင်းစရာကောင်းပါတယ်။ ပြိုင်ပွဲဖန်တီး၊ Hero ရွေး၊ တိုက်ခိုက်မယ့်နေရာရွေးပြီး ကစားရုံပါပဲ။ Single အနေနဲ့သာမက Multi ဆိုရင် နှစ်ယောက်တွဲကစားနိုင်မှာပါ။ တကယ်က တိုက်ခိုက်မှုတစ်ခုအတွက် တစ်ဖက်ကို ၃ ဦးပါရှိပါတယ်။ ကစားသူကနှစ်ယောက်၊ AI စနစ်က တစ်ယောက်ပေါ့။ ဂန္ဒဝင်သူရဲကောင်း Saitama က AI အနေနဲ့ ပါ၀င်ကစားပေးမှာဖြစ်ပြီး ဂိမ်းစနစ်ရဲ့ ဖန်တီးထားမှုအရ တိုက်ပွဲကို ကစားသူနှစ်ယောက်ကပဲ စတင်တိုက်ခိုက်နေရမယ်၊ ရန်သူက အင်အားကြီးရင်တောင်မှ […]
Read MoreNintendo Switch, Xbox One နဲ့ PS4 လို Console တွေအပြင် PC နဲ့ပါ ကစားနိုင်အောင် ဖန်တီးထားတဲ့ အခုဂိမ်းကလူငယ်တွေ အကြိုက်တွေ့မှာ အမှန်ပါပဲ။ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းသွားမှာ မှော်ဆန်တဲ့စွမ်းအင်တွေ အသုံးပြု တိုက်ခိုက်နိုင်စွမ်းက ဒီနေ့ခေတ် တိုက်ခိုက်ရေးဂိမ်းတွေ အားသန်ကြတဲ့ လူငယ်တွေအကြားမှာ စိတ်ဝင်စားစရာ ဖြစ်လာမှာပါ။ Single အနေနဲ့ ဆိုရင်တော့ အဓိကဇာတ်ကောင် Strife နေရာမှာ ဝင်ကစားနိုင်မှာဖြစ်ပြီး Multi အနေနဲ့ကတော့ သူ့ရဲ့ညီဖြစ်တဲ့ War နဲ့အတူ နှစ်ယောက်ကစားနိုင်မှာပါ။ တခြားဇာတ်ကောင် ရွေးချယ်နိုင်မှုတော့ မရှိပါဘူး။ Strife က အဓိကဇာတ်ကောင်ဖြစ်ပြီး War ထက် အစွမ်းအစလည်း ပိုပါတယ်။ War ကတော့ အကူအနေနဲ့လောက်ပါပဲ။ ဒါပေမဲ့ သုံးတတ်ရင်တော့ […]
Read Moreအပစ်အခတ်နဲ့တိုက်ခိုက်ရေး ဂိမ်းတွေမှ သဘောကျသူတွေအတွက် ၂၀၁၅ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ Zombie Army Trilogy ရဲ့ နောက်ဆက်တွဲဂိမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းသွားက ဒီလောက်ကြီး မထူးဆန်းပေမယ့် အခု Version မှာ ရင်ဆိုင်ဖို့ ထည့်သွင်းပေးထားတဲ့ ရန်သူတွေကတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းလာပါတယ်။ ခေတ်အနေအထားက ၁၉၄၆ ခုနှစ်၊ ဂျာမန် အဓိပတိဟစ်တလာ စစ်မရှုံးခင်တစ်နှစ်အလိုပေါ့။ ပတ်ဝန်းကျင်အနေအထား၊ မီးအလင်းအမှောင်ကအစ လက်နက်တွေ အထိအောင် ခေတ်ဟောင်းကပုံစံ ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ သိကြတဲ့အတိုင်းနာဇီတွေအနေနဲ့ ထူးခြားတဲ့ စမ်းသပ်မှု ပေါင်းများစွာ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ခေါင်းစဉ်ရဲ့အောက်မှာ အခု Zombie တွေကိုလည်း နာဇီတွေက ဖန်တီးခဲ့တယ်၊ ကစားသူက ရင်ဆိုင်အနိုင်ယူရမယ်ပေါ့၊ စိတ်ကူးယဉ် ဇာတ်လမ်းလေးဖြစ်လို့ အထက်မှာ ပြောခဲ့သလို ဇာတ်လမ်းသွားက သိပ်ပြီးမဆန်းသစ်ပါဘူး။ […]
Read Moreတိုက်ခိုက်ရေး ဂိမ်းမဟုတ်ဘဲ နည်းဗျုဟာဦးစားပေး ဂိမ်းသစ်တစ်ခု ထွက်လာပါတယ်။ The Dark Crystal ထဲမှာတော့ ဒုတိယမြောက်ဂိမ်းအဖြစ် ထွက်လာခြင်းပါ။ သိသာတဲ့ ပြောင်းလဲမှုကတော့ ရုပ်ထွက်ပိုင်း အဆင့်မြှင့်လာခြင်း ဖြစ်ပြီး Animation ရုပ်ထွက်က အကောင်းဆုံး အနေအထား ရောက်လာပါတယ်။ စစ်တုရင်ကွက်ပုံစံ ကစားကွက်အတွင်း ရန်သူနဲ့ တိုက်ခိုက်ခန်းတွေမှာ မိမိအနေနဲ့ စစ်သားတွေကို ဘယ်နေရာမှာ ချထားမယ်၊ ဘယ်လို ခုခံမယ်၊ ဘယ်လို စစ်ထိုးမယ် စသဖြင့် နည်းဗျူဟာ ချရမှာပါ။ သင့် အနေနဲ့ ဇာတ်ရုပ် ၁၅ ခုလောက် ရွေးချယ်စရာရှိပြီး နှစ်သက်ရာ ဇာတ်ရုပ်နဲ့ ကစားနိုင်မယ်၊ Thra နယ်မြေက Gelfling တွေကို ကျူး ကျော်လာတဲ့ Skeksis တွေကို ပြန်လည် ခုခံရမှာပါ။ […]
Read Moreရုပ်ထွက် ဆန်းဆန်း၊ပတ်ဝန်းကျင် ဖန်တီးမှုတွေလည်းဆန်းသစ်ပြီး ပေါ့ပေါ့းပါးပါးနဲ့ ကစားလို့ကောင်းမယ့် စွန့်စားခန်း ဂိမ်းသစ်လေးတစ်ခုနဲ့ အခုတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ ကမ္ဘာမြေမဟုတ်တဲ့ စကြာဝဠာအတွင်းက ဂြိုဟ်သစ်တစ်ခုကို သွားရောက်ခြင်းပါ။ Single အနေနဲ့လည်း သွားလို့ရမယ်၊ အွန်လိုင်းချိတ်ပြီး နှစ်ယောက်တွဲက စားလို့လည်းရ နိုင်ပါတယ်၊ Platform အနေနဲ့ဆိုရင်လည်း PS4 ရော Xbox One နဲ့ပါ ကစားနိုင်အောင် ဖန်တီးထားတာပါ။ ကဲ ကြည့်ရအောင်၊ ဂိမ်းမှာ ဘာတွေဆန်းသစ်ထားသလဲဆိုတာ၊ အရင်ဆုံး ပတ်ဝန်းကျင် အနေအထားမှာ မြေဆွဲအားနည်းတဲ့ သဘောကို ထည့်သွင်းဖန်တီးထားပြီး မြေပြင်နဲ့ ချိတ်ဆက်မှုမရှိတဲ့ ကျောက်ဆောင်တွေက လေထဲက လွင့်မျောနေတယ်၊ သစ်ပင်တွေ ပါရှိပေမယ့် အစိမ်းရောင် မဟုတ်ဘဲ ပန်းရောင်ပုံစံနဲ့ ဖြစ်မယ်၊ ကမ္ဘာမြေမှာလိုပဲ ရေနေ၊ ကုန်းနေ သတ္တဝါတွေ ပါပေမယ့် […]
Read Moreအရင်က Animation ရုပ်သံ ဇာတ်လမ်းတွဲအဖြစ် လူငယ်တွေ အကြားရေပန်းစားခဲ့တဲ့ Dragon Ball ဇာတ်လမ်းတွဲကို ဂိမ်းအဖြစ် ဖန်တီးထားခြင်းပါ။ တိုက်ခိုက်ရေး ဦးစားပေးနဲ့ တစ်ယောက်တည်း ဂိမ်းကစားတတ်သူတွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းပါပဲ။ ပြည်တွင်းမှာ အသုံးများတဲ့ Wins စ နစ်နဲ့ပါ ကစားနိုင်အောင် ဖန်တီး လာလို့ သဘောကျစရာပါ။ Console တွေနဲ့ဆိုရင်လည်း PS4 ရော Xbox One နဲ့ပါ ကစားနိုင်မှာပါ။ ရုပ်ထွက်ကတော့ပုံမှန်ပါပဲ။ အဆုံးမဲ့ ၀န်းကျင်လို့ ဆိုနိုင်မယ့် တောတွင်းနေရာ တစ်ခုမှာ တိုက် ခိုက်သွားလာ ကစားရဖို့ရှိမယ်၊ လက်ရှိ ပထမဆုံး ထွက်ထားတဲ့ Version မှာ ကစားသူအနေနဲ့ Goku ဆိုတဲ့ ဇာတ်ကောင်အဖြစ် ဝင်ကစားရမှာပါ။ ဒါပေမဲ့မကြာခင် Update […]
Read More