အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ကနေပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ စာဖတ်စရာမလိုဘဲ သတင်းတွေကို အသံနဲ့နားဆင်နိုင်တဲ့ ဒီအစီအစဉ်ကို ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ်အစိုးရ ဓာတ်ဆီစွမ်းအင်သုံးကားတွေ ဖယ်ရှားဖို့ ဆောင်ရွက် နေပြီး လျှပ်စစ်ကားတွေ အစားထိုးသွားမယ်ဆိုတဲ့အကြောင်း၊ Samsung အနေနဲ့ ဈေးနှုန်းကို အနည်းငယ် လျှော့ချခဲ့ပေမယ့် ရောင်းအားမြှင့်တင်ဖို့ မကြိုးစားဘူးလို့ သတင်းထွက်နေပြီး ၂၀၂၁ အတွင်း Galaxy S21 စီးရီး ထုတ်ကုန်တွေ ၂၆ သန်းပဲ တင်ပို့ရောင်းချဖို့ ခန့်မှန်းထားတယ်တဲ့အကြောင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု Citizens မှ မြန်မာနိုင်ငံသားများအားလုံး ပါဝင်လှူဒါန်းနိုင်တဲ့ “Citizens နှင့်အတူ ကာကွယ်ဆေးလှူ” လူမှုအကျိုးပြုအစီအစဉ်စတင်ခဲတယ့်ဆိုတဲ့အကြောင်းစတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Read MoreApple ဟာ အခုအပတ်အတွင်း iPhone အသစ်ဖြစ်တဲ့ iPhone 12 နဲ့ ၂၀၂၀ ထုတ် iPhone တွေချိတ်ဆက်ထားတဲ့ MagSafe သံလိုက်အားသွင်းစနစ်ထုတ်ကုန်တို့ကို နှလုံးခုန်စက် ဒါမှမဟုတ် ခွဲစိတ်ကုသထည့်သွင်းရတဲ့ နှလုံးခုန်စက် (ICD) အနားမှာထားရင် အန္တရာယ်ရှိကြောင်းသတိပေးထားတဲ့အကြောင်း၊ Facebook သုံးစွဲ သူတွေရဲ့ ဖုန်းနံပါတ် အပြည့် အစုံပါဝင်တဲ့ database တစ်ခုကိုရရှိထားပြီး Telegram bot အသုံးပြုကာအချက်အလက်တွေရောင်းချနေတယ်လို့ Motherboard ကဖော်ပြခဲ့တဲ့အကြောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္က သိုလ်မှ အွန်လိုင်းစနစ်နဲ့သင်ကြားမယ့် သင်တန်းတွေကို ဖေဖော်ဝါရီ ၁ ရက် နဲ့ ၂ ရက်တွေမှာ အွန်လိုင်းမှ တစ်ဆင့်လျှောက်ထားရမှာ ဖြစ်ပြီး သင်တန်းဝင်ခွင့်လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၉ နာရီခွဲမှာ https://chrd.yufl.edu.mm မှ တစ်ဆင့် လျှောက်ထားရမှာဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Read MoreViber မှ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပြည်သူများအချင်းချင်းဆက်သွယ်ပြောမှုပုံစံ ပြောင်းလဲလာပုံပေါ် အခြေခံကာ အက်ပလီကေးရှင်းအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နိုင်ခဲ့သလို ၂၀၂၀ အတွင်း အာရှပစိဖိတ်ဒေသများမှာလည်း အက်ပလီကေးရှင်းသုံးစွဲမှု တိုးမြင့်လာတယ်ဆိုတဲ့အကြောင်း၊ အွန်လိုင်းပေါ်မှ တစ်ဆင့် စာအုပ်၊ eBook နဲ့ AudioBook များ တစ်နေရာတည်းမှ အစုံရစေမယ့် 7Book Zay အွန်လိုင်းစာအုပ်ဆိုင်ကို Information Matrix Co., Ltd. မှ ဇန်နဝါရီ ၂၁ ရက်က အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်ခဲ့ပြီး အဆိုပါ မိတ်ဆက်ပွဲနှင့်အတူ Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်း၊ Higher Education Forum နဲ့ပတ်သက်ပြီး Virtual Forum ကို ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားသူမည်သူမဆို http://bit.do/fMNPG ကို ဇန်နဝါရီ ၂၈ ရက် မတိုင်မီ Register ပြုလုပ်ကာ တက်ရောက်နိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Read Moreစမတ်နာရီတွေ ဒါမှမဟုတ် စမတ်လက်ပတ်တွေက သုံးစွဲသူရဲ့ အသက်လက္ခဏာအတွက် အလွန်အရေးပါတဲ့ နှလုံးခုန်နှုန်း၊ အရေပြားအပူချိန်နဲ့ အခြား ဇီဝကမ္မဖြစ်သူတွေကို အဆက်မပြတ် တိုင်းတာပေးပြီး လူတစ်ယောက်ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း စမ်းသပ်မှုပြုလုပ်ပြီးမသိရသေးခင်မှာ စမတ်နာရီက အချက်အလက်တွေနဲ့ တိုင်းတာဖို့ အထောက်အကူပေးနိုင်တဲ့အကြောင်း၊ Samsung Display ကတော့ laptop အတွက် ကမ္ဘာ့ပထမဆုံး 90Hz မျက်နှာပြင်ကို အမြောက်အမြား ထုတ်လုပ်ဖို့ စီစဉ်နေတဲ့အကြောင်း၊ ASUS ရဲ့ ROG Phone ဖုန်းသစ် သတင်းတွေက ပိုမိုထွက်ပေါ်လာပြီး စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက် ပေးထားပါတယ်။
Read Moreပုဂ္ဂလိကကဏ္ဍကိုအားပေးတဲ့ အနေနဲ့ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခြင်းကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ ကမ္ဘာတစ်ဝန်းကလူတွေက Facebook နဲ့ Twitter ကိုစွန့်ခွာလာကြပြီး အဲဒီလူတွေကတစ်ကိုယ်ရေအချက်အလက် ဦးစားပေးလူမှုကွန်ရက် MeWe ကို အသုံးပြု လာတယ်ဆိုတဲ့အကြောင်း၊ Facebook ဟာ Automatic Alt Text (AAT) စနစ်ကို အဆင့်မြှင့်တင်လိုက်ပြီးအခု အဆင့်မြှင့်တင်မှုကတော့ အမြင်အာရုံအားနည်းသူတွေအတွက် ဓာတ်ပုံထဲက အသေးစိတ်ဖော်ပြချက်ကို အလို အလျောက်ထုတ်ပေးမှာဖြစ်သလို AI အခြေခံစနစ်ကတော့ Facebook နဲ့ Instagram ပေါ်မှာဝေမျှထားတဲ့ ဓာတ်ပုံထဲကအရာဝတ္ထုများစွာနဲ့ ရှုခင်းဆယ်ဆမှတ်မိနိုင်ပြီး Apple ရဲ့ VoiceOver လိုမျိုး အသေးစိတ်ဖော်ပြ ချက် ရေးထုတ်ပေးနိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက် ဂျာနယ် […]
Read MoreSamsung ကုမ္ပဏီရဲ့ ကွယ်လွန်သွားတဲ့ ဥက္ကဋ္ဌရဲ့သားဖြစ်သူ အမွေစားအမွေခံ လီယောင်ဂျေးဟာ ထောင်ဒဏ် ၂ နှစ်ခွဲကျခံရမယ်လို့ တောင်ကိုရီးယား အယူခံတရားရုံးက ကြေညာခဲ့ဆိုတဲ့အကြောင်း၊ Samsung ဟာ Galaxy S21 စီးရီးဖုန်းနဲ့အတူ Galaxy Buds Pro ကြိုးမဲ့နားကြပ်ကိုလည်းမိတ်ဆက်ခဲ့ပြီး အခုဆိုရင် Samsung ဟာ နားမကြားသူတွေအတွက် အကြားအာရုံမြှင့်တင်ပေးမယ့် လုပ်ဆောင်ချက်ကို Galaxy Buds Pro အတွက်ဖြန့်လိုက်ဆိုတဲ့အကြောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဗဟိုဌာန မှ CHRD ဘာသာစကားအချိန်ပိုင်းသင်တန်းတွေကို အွန်လိုင်းမှတစ်ဆင့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖွင့်လှစ်သွားမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက် ပေးထားပါတယ်။
Read Moreလာမယ့်နှစ်နှောင်းပိုင်းမှာ မိတ်ဆက်မယ့် iPhone 13 မှာတော့ အပြောင်းအလဲ ကြီးကြီးမားမား ပါဝင်နိုင်ဖွယ်မရှိပေမယ့် in-display fingerprint ပါမယ်လို့ Bloomberg ကဖော်ပြခဲ့တဲ့အကြောင်း၊ Samsung ဟာ အသစ်မိတ်ဆက်ခဲ့တဲ့ Galaxy Buds Pro နားကြပ်ထည့်နိုင်တဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းက ခေတ်စားခဲ့တဲ့ ကုမ္ပဏီရဲ့ Anycall ဖုန်း case ကိုမိတ်ဆက်ခဲ့တဲ့အကြောင်း၊ ဟိုကိုင်းဒိုးပြည်နယ်၊ ဟီဂါရှီခါဝါမြို့မှာ ဗိသုကာပညာရှင် Mr. KUMA Kengo နဲ့အတူ ပူးပေါင်းပြီး နိုင်ငံတကာပရိဘောဂဒီဇိုင်းပြိုင်ပွဲ ကျင်းပမှာဖြစ်ပြီး လျှောက်လွှာတွေကို https://www.kagu-higashikawa.jp/english/မှာ ရယူကာ [email protected] သို့ အီးမေးလ်ပေးပို့လျှောက်ထားနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။
Read Moreအမေရိကန်အစိုးရက တရုတ်စမတ်ဖုန်း ကုမ္ပဏီ Xiaomi ကိုတော့ နိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍ အမိန့်စာကတစ်ဆင့် ကွန်မြူနစ် တရုတ်စစ်တပ်ကုမ္ပဏီ စာရင်းထဲ ထည့်သွင်းလိုက်တဲ့အကြောင်း၊ Apple ဟာ ခေါက်စမတ်ဖုန်းတစ်မျိုးကို လုပ်ကိုင်နေပြီး ရှေ့ပြေးပုံစံ ထုတ်ထားတဲ့အကြောင်း၊ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူလိုတဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ Fulbright Teaching Excellence and Achievement (TEA) Program ပညာသင်ဆု ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး လျှောက် လွှာဖာင်ကို https://go.usa.gov/xAgu8 မှာရယူနိုင်ကာ [email protected] သို့ပေးပို့ရမှာ ဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။
Read MoreSamsung ဟာ Galaxy S21 ဖုန်းတွေမှာ အားသွင်းတုံးနဲ့ နားကြပ်ပေါက် မပါဝင်တဲ့အကြောင်း အမေးအဖြေ ပြုလုပ်ခဲ့ပြီး ဖုန်းတွေကို ကြာရှည်ခံနိုင်အောင် အထောက်အပံ့ပေးဖို့ ဆက်စပ်ပစ္စည်းတွေ ဖယ်ရှားခဲ့တာ ဖြစ်တဲ့အကြောင်း၊ Microsoft ဟာ Chrome OS နဲ့ယှဉ်ပြိုင်မယ့် OS ကိုဖန်တီးနေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီး အခုဆိုရင် အပြီးသတ်လုနီးပါး ဖြစ်နေတဲ့ Windows 10X ပုံတွေက ထွက်လာတဲ့အကြောင်း၊ ပညာရေးဝန်ကြီးဌာနရဲ့ Myanmar Digital Education Platform ရှိ အွန်လိုင်းဝန် ဆောင်မှုစနစ်တွေကို မိုဘိုင်းဒေတာအခမဲ့နဲ့ ဆက်သွယ်ရေးအော်ပရေတာတွေက အဆိုပါ အွန်လိုင်းဝန်ဆောင် မှုစနစ်တွေကို ဇွန်လအထိအသုံးပြုခွင့်ပေးထားမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။
Read MoreBelkin ဟာ Apple လက်လီစတိုးနဲ့ အွန်လိုင်းစတိုးမှာရောင်းချတဲ့ Portable Wireless Charger + Stand Special Edition ကိုပြန်လည်သိမ်းဆည်းမယ်လို့ ကြေညာခဲ့တဲ့အကြောင်း၊ ဂိမ်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေထုတ်လုပ်တဲ့ Razer ကတော့ ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်မယ့် Project Hazel concept ဒီဇိုင်းအခြေခံ N95 အဆင့်ရှိ နှာခေါင်းစည်းကို ထုတ်လုပ်လိုက်တဲ့အကြောင်း၊ ဩစတြေးလျအစိုးရပညာသင်ဆု Australia Awards Scholarships 2022 အတွက် ဖေဖော်ဝါရီ ၁ ရက် မှ စတင်လျှောက်ထားနိုင်ပြီး အသေးစိတ်ကို https://bit.ly/3spCjn1 မှာဝင်ရောက်ကြည့်ရှုနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်း တွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Read More