Tech

News
Tech

အာရှရဲ့ ပထမဆုံး နံပါတ်မဲ့ငွေပေးချေရေးကတ်ကို Grab ဖြန့်ချိ

အရှေ့တောင်အာရှရဲ့ အငှားယာဉ်ဝေမျှစီးနင်းမှု platform ကိုဦးဆောင်ထားတဲ့ Grab ဟာ ဒီဂျစ်တယ်ငွေပေးချေမှု လောကထဲ ဝင်ရောက်လာပါပြီ။ ဒီဇင်ဘာ ၅ရက်မှာ Grab က Mastercard နဲ့ပူးပေါင်းပြီး အာရှရဲ့ ပထမဆုံးနံပါတ်မဲ့ ငွေပေးချေရေးကတ်ကို ဖြန့်ချိလိုက်ပါတယ်။ အခုကတ်ကို Mastercard ရဲ့ကမ္ဘာတစ်ဝန်း ကွန်ရက်အတွင်းက လက်ကားစီးပွားရေးသမား ၅၃ သန်းကျော် လက်ခံသုံးစွဲနိုင်ပါတယ်။ ကတ်ရဲ့ ဒီဂျစ်တယ် အချက်အလက်တွေက ကတ်ထဲက ငွေကြေးသုံးစွဲမှု ကတ်ကိုင်ဆောင်သူရဲ့ အသေးစိတ် အချက်အလက်တွေအားလုံးကို GrabPay feature လိုမျိုးနဲ့ ခြေရာခံသွားပါမယ်။ ကတ်ရဲ့ ရှေ့နဲ့နောက်မှာ နံပါတ်မပါဝင်တဲ့အတွက် တစ်ကိုယ်ရေ အချက်အလက်နဲ့ ဘဏ္ဍာရေးအချက်အလက် ခိုးယူမှုကို တားဆီးဖို့ ဖြစ်ပါတယ်။ GrabPay ကတ်ကို အစုလိုက်ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် အစောပိုင်းမှာ […]

Read More
News
Tech

AR မျက်မှန်တစ်မျိုးကို Qualcomm နဲ့ Pokemon Go ဖန်တီးသူ ပူးပေါင်းဆောင်ရွက်နေ

Qualcomm အနေနဲ့ virtual နဲ့ augmented reality platform ကိုထုတ်ပြန်ကြေညာခဲ့ပြီး Niantic နဲ့ စမတ်မျက်မှန်တစ်မျိုးကို တွဲဖက်လုပ်ကိုင်နေပါတယ်။ Niantic ဟာ Ingress နဲ့ Pokemon Go လိုမျိုးဂိမ်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ Qualcomm ရဲ့ platform အမည်က Snapdragon XR2 ဖြစ်ပြီး အရင်ကထွက်ရှိခဲ့တဲ့ XR1 platform နေရာ အစားဝင်ရောက်လာမှာ ဖြစ်ပြီး AR နဲ့ VR ထုတ်ကုန်အတွက် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ အခုအခါမှာ 5G ချိတ်ဆက်မှုအပြင် အသံအခြေခံ အပြန်အလှန် ဆက်သွယ်မှု၊ မျက်လုံးခြေရာခံခြင်းနဲ့ ကင်မရာ လုပ်ဆောင်ချက်နဲ့ အခြား feature များစွာ ပါဝင်လာနိုင်ပါတယ်။ Qualcomm ရဲ့ XR2 […]

Read More
News
Tech

ဈေးနှုန်းသက်သာတဲ့ ARM laptop တွေအတွက် Qualcomm ရဲ့ Snapdragon 8c နဲ့ 7c ပရိုဆက်ဆာ

Qualcomm ဟာ နှစ်ပေါင်းများစွာတိုင်တိုင် ARM ထောက်ပံ့မှုပါဝင်တဲ့ Windows laptop အတွက် ရည်မှန်းချက်တွေ ရှိပါတယ်။ Qualcomm အနေနဲ့ နှစ်စဉ်ပြုလုပ်နေကျ Snapdragon Tech Summit မှာ Snapdragon 8c နဲ့ Snapdragon 7c တို့ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ပရိုဆက်ဆာအသစ် ၂ ခုဟာ Windows laptop တွေအတွက် ARM ချစ်ပ်ထုတ်ကုန်အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Snapdragon 8c ကတော့ Snapdragon 850 ပရိုဆက်ဆာနေရာ အစားထိုးသွားမှာ ဖြစ်ပါတယ်။ Snapdragon 7c ကတော့ ဈေးနှုန်းသက်သာတဲ့ Windows laptop တွေနဲ့ ယှဉ်ပြိုင်မယ့် ထုတ်ကုန်သစ်တွေမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ မနှစ်က […]

Read More
Samsung
Tech

အခုလအတွင်း S10 နဲ့ Note ‘Lite’ ဖုန်းတွေကို Samsung မိတ်ဆက်နိုင်

Samsung ဟာ S10 Lite (A91) နဲ့ Note 10 Lite (A81) တို့ကို ထုတ်လုပ်ဖွယ်ရှိတယ်လို့ သတင်းပေါက်ကြား ထွက်ပေါ်လာပါတယ်။ သတင်းအချက်အလက်တွေကို ဦးဆုံးဖော်ပြပေးတဲ့ @OnLeaks က 91mobiles ပူးပေါင်းပြီး Galaxy S10 Lite/A91 သရုပ်ဖော်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ S10 Lite ကိုတော့ FCC မှာစာရင်းသွင်းထားပါတယ်။ Galaxy S10 Lite ကတော့ အသစ်ထွက်ရှိမယ့် S11 နဲ့ဆင်တူပြီး ကျောဘက်မှာ ကင်မရာ ၃ လုံး ဒါမှမဟုတ် ၄ လုံး ပါဝင်လာပါတယ်။ ဖုန်းကင်မရာကို စတုရန်းအကွက်ထဲမှာ ထည့်သွင်းထားပြီး optical zoom အတွက် ပယ်ရီစကုပ်စတိုင် lens ကိုအသုံးပြုထားဖွယ်ရှီပါတယ်။ ဖုန်းရဲ့ရှေ့ဘက်မှာ […]

Read More
News
Tech

၁၃ လက်မ MacBook Pro မှာ မမျှော်လင့်ဘဲ စက်ပိတ်သွားတဲ့ ပြဿနာဖြစ်ပေါ်နေ

၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိတဲ့ ၁၃ လက်မ MacBook Pro မှာ မမျှော်လင့်ဘဲ စက်ပိတ်သွားတဲ့ ပြဿနာရှိပါတယ်။ အဲဒီ ပြဿနာကို Apple က Apple support စာမျက်နှာမှာ အတည်ပြုထားပါတယ်။ ၁၃ လက်မ MacBook Pro ရဲ့ဘက်ထရီ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ရောက်ရှိတဲ့အခါ စက်ပိတ်သွားတတ်တယ်လို့ MacRumors forum မှာဖော်ပြထားပါတယ်။ အဲဒီလို စက်ပိတ်သွားရင် charger နဲ့ပြန်လည်ချိတ်ဆက်ပြီး ကွန်ပျူတာကို ပြန်ဖွင့်ရပါတယ်။ အဲဒီပြဿနာ ပေါ်လာရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။ MacBook Pro ရဲ့ အားသွင်းစနစ် ၉၀ ရာခိုင်နှုန်းအောက် ရောက်သွားရင် သုံးစွဲသူက charger နဲ့ချိတ်ဆက်ထားသင့်ပါတယ်။ ကွန်ပျူတာမှာ […]

Read More
News
Tech

သုံးစွဲသူအသစ်တွေရဲ့ အသက်ကို မေးမြန်းသွားမယ့် Instagram

Instagram ဟာ လူငယ်သုံးစွဲသူတွေကို ကာကွယ်ပေးဖို့ သုံးစွဲသူ အသစ်တွေဆီက အသက်အရွယ်ကို မေးမြန်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Instagarm က အသက် ၁၃ နှစ်နဲ့အထက် သုံးစွဲသူတွေကို sign up ပြုလုပ်ခွင့်ပေးသွားပါမယ်။ သုံးစွဲသူတွေက မွေးရက် အတိအကျကို ဖြေကြားဖို့ မလိုဘူးလို့ သိရပါတယ်။ Instagram မှာ နာမည်အစစ်တွေ သုံးစွဲစရာမလိုဘဲ လျှို့ဝှက်သုံးစွဲမှုကို တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အခြားဝန်ဆောင်မှုတွေလိုပဲ သုံးစွဲသူက အသက်ကို လိမ်လည်ပြီး အသုံးပြုနိုင်ပါသေးတယ်။ “အခုတောင်းဆိုတဲ့ သတင်းအချက်အလက်က အသက်မပြည့်သေးသူတွေ Instagram ကိုအသုံးပြုတာကို ကာကွယ်တားဆီးနိုင်ပါတယ်။ ဒါ့အပြင် လူငယ်တွေ လုံခြုံစေပြီး အသက်နဲ့သင့်တော်မယ့် အတွေ့အကြုံကို ခံစားနိုင်ရစေမှာ ဖြစ်တယ်” လို့ Instagram ကရေးသားခဲ့ပါတယ်။ Instagram အနေနဲ့ privacy […]

Read More
News
Tech

 မျိုးဆက်သစ် Xbox ဂိမ်းစက် ၂ မျိုးကိုထုတ်လုပ်ဖို့ Microsoft စီစဉ်

Microsoft ဟာ ၂၀၂၀ အားလပ်ရက်ရာသီအတွင်း Xbox ဂိမ်းသစ် ၂ မျိုးကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Microsoft ဟာ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည် အသင့်အတင့်ရှိတဲ့ ဒုတိယမြောက် Xbox ဂိမ်းစက်ကို ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက The Verge ကိုပြောခဲ့ပါတယ်။ အဲဒီ ဂိမ်းစက် လျှို့ဝှက်အမည်က “Lockhart” ဖြစ်ပါတယ်။ Microsoft အနေနဲ့ Xbox Project Scarlett တန်ဖိုးကြီးဂိမ်း စီမံကိန်းကို မိတ်ဆက်ခဲ့ပေမယ့် ဒီနှစ်အစောပိုင်း ပြုလုပ်ခဲ့တဲ့ E3 မှာ ဂိမ်းစက် ၂ မျိုး ဖြန့်ချိမယ့် နည်းဗျူဟာကိုတော့ မပြောခဲ့ပါဘူး။ Microsoft ဟာ ဈေးနှုန်းသက်သာတဲ့ Lockhart ဂိမ်းစက်ကို လွန်ခဲ့တဲ့ ၁ […]

Read More
News
Tech

၂၀၁၉ ခုနှစ် အကောင်းဆုံး Google Play app နဲ့ဂိမ်းတွေကို Google ထုတ်ဖော်ပြသ

Google Play Store အတွက် ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး app တွေနဲ့ ဂိမ်းတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Google ဟာ သုံးစွဲသူစိတ်ကြိုက် အထူးဆုမှာပါဝင်တဲ့ ဂိမ်းတွေ၊ ရုပ်ရှင်တွေ၊ စာအုပ်တွေနဲ့ app တွေအတွက် မဲဆန္ဒကောက်ခံခဲ့ပါတယ်။ အနိုင်ရတဲ့ စာရင်းကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ သုံးစွဲသူစိတ်ကြိုက် အကောင်းဆုံး app – Video Editor – Glitch Video Effects သုံးစွဲသူစိတ်ကြိုက် အကောင်းဆုံးဂိမ်း- Call of Duty: Mobile သုံးစွဲသူစိတ်ကြိုက် အကောင်းဆုံးရုပ်ရှင်- Avengers: Endgame သုံးစွဲသူစိတ်ကြိုက် အကောင်းဆုံးစာအုပ်- Scary Stories to Tell in the Dark ဒါ့အပြင် […]

Read More
News
Tech

Android 10 မှာ beta ဗားရှင်းအဖြစ် ဖြန့်ချိလိုက်တဲ့ Google ရဲ့ Focus mode

ဖုန်းပေါ်က app တွေက သုံးစွဲသူကို စိတ်အနှောင့်အယှက် မပေးဘဲ အာရုံစိုက်ပြီး အလုပ်တွေလုပ်နိုင်မယ့် feature တစ်ခုဖြစ်တဲ့ Focus mode ကို Android 10 မှာ beta အဖြစ် ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ feature ကို ဒီနှစ်အစောပိုင်းမှာ Android ဖြန့်ချိတဲ့အချိန် Digital Wellbeing feature အတွင်းမှာ beta ဗားရှင်းအဖြစ် ကနဦး မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Focus mode ကို Android 9 Pie ဖုန်းတွေမှာလည်း ဖြန့်ချိလိုက်ပါတယ်။ Google ဟာ Focus mode ကိုအသုံးဝင်စေဖို့ သုံးစွဲသူ အချိန်စာရင်းအပေါ် မူတည်ပြီး အလိုအလျောက် ဖွင့်၊ ပိတ်ပေးတဲ့ လုပ်ဆောင်ချက် […]

Read More
News
Tech

Pop-up ကင်မရာ ပါဝင်လာတဲ့ Motorola ရဲ့ ဒေါ်လာ ၄၀၀ တန်ဖိုးရှိ One Hyper

Motorola ဟာ One မော်ဒယ်ဖုန်းတွေကို စမ်းသပ်နေတာ နှစ်အနည်းငယ်ကြာပြီ ဖြစ်ပါတယ်။ Motorola အနေနဲ့ အလယ်အလတ်တန်းစားနဲ့ တန်ဖိုးကြီး စမတ်ဖုန်းတွေအကြားက ကွာခြားချက်ကို ကျဉ်းမြောင်းအောင် ဆောင်ရွက်နေပါတယ်။ Motorola One Hyper ဟာ OnePlus 7 Pro အချက်အလက်တွေနဲ့ သိပ်မကွာခြားပါဘူး။ Motorola ဟာ One Hyper မှာ pop-up selfie ကင်မရာ အသုံးပြုထားတဲ့အတွက် မျက်နှာပြင်ရှေ့ဘက်မှာ notch မပါဝင်ပါဘူး။ မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ ရှိကာ ရုပ်ထွက်အရည်အသွေး 2340x 1080 ဖြစ်ပြီး screen-to-body အချိုးအစားက ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ ဖုန်းမှာ 45W USB-C “hyper charging” ပါဝင်တဲ့အတွက် […]

Read More