Security

မိသားစုလုံခြုံရေး Family Safety app ကို Microsoft ဖြန့်ချိ

Microsoft ဟာ iOS နဲ့ Android အတွက် Family Safety app အသစ်ကို ဖြန့်ချိလိုက်ပါတယ်။ Microsoft ဟာ လအနည်းငယ်အတွင်း app ကိုစမ်းသပ်နေတာ ကြာမြင့်ပါပြီ။ မိသားစုဝင်တွေက screen နဲ့ app အသုံးပြုမှုကို စီမံခန့်ခွဲပေးပါမယ်။ မိသားစုတွေက Family Saftey app ကိုအသုံးပြုပြီး app သုံးစွဲမှုနဲ့ screen အသုံးပြုမှုအချိန် အစီရင်ခံစာကို ဖတ်နိုင်သလို ကလေးတွေအတွက် app အသုံးပြုမှု အချိန်ကို ကန့်သတ်နိုင်ပါတယ်။ Microsoft Family Safety ကို Windows, Xbox နဲ့ Android မှာအသုံးပြုနိုင်ပါတယ်။ ဂိမ်းတွေနဲ့ app အသုံးပြုမှုအချိန်ကို ထုတ်ကုန်များစွာမှာ syn လုပ်ပြီး ကန့်သတ်နိုင်ပါတယ်။ […]

Read More

လုံခြုံရေးမြှင့်တင်လိုက်တဲ့ Zoom

Zoom ဟာ တစ်ကိုယ်ရေလုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာအားနည်းချက်တွေကို ပြင်ဆင်ဖို့ ရက် ၉၀ ကြာ update ဖြန့်ချိမှုကို နားခဲ့ပြီးနောက် အဆင့်မြှင့်တင်မှုတချို့ ဖြန့်လိုက်ပါတယ်။ Zoom 5.0 update မှာ ပြီးခဲ့တဲ့အပတ်အတွင်း လူတွေ ဝေဖန်ထောက်ပြခဲ့တဲ့ အရာတချို့ကို ပြင်ဆင်လိုက်ပါတယ်။ Update အသစ်မှာ Zoom ရဲ့ လုံခြုံရေး feature တွေကို icon တစ်ခုထဲမှာ စုစည်းပေးထားပါတယ်။ သုံးစွဲသူက meeting တွေကို lock လုပ်တာ၊ ပါဝင်သူတွေကို ဖယ်ရှားတာနဲ့ screen sharing လုပ်တာကို ကန့်သတ်တာနဲ့ meeting တွေထဲမှာ စကားပြောတာတို့ကို အလျင်အမြန်လုပ်နိုင်ပါတယ်။ ဒါ့အပြင် Zoom ဟာ သုံးစွဲသူတွေ အများစုအတွက် password ကိုထည့်သွင်းပေးလိုက်ပြီး IT […]

Read More

Facebook အကောင့်ခိုးယူခံရသည့်အခါတွင် အကူအညီရယူနိုင်မည်

Facebook အကောင့်ခိုးယူခံရတဲ့အခါမျိုးမှာ facebook.com/hacked သို့ ဆက်သွယ်အကြောင်းကြားဖို့နဲ့ ယင်းသို့ ဆက်သွယ် အကြောင်းကြားသူတွေကိုလည်း အီးမေးလ် သို့မဟုတ် ဖုန်းနံပါတ်နဲ့ချိတ်ဆက်ကာ အကောင့်ပြန်လည်ရရှိဖို့ ကူညီပေးမှာဖြစ်တယ်လို့ facebook ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ Facebook အကာင့် လော့ခ်ကျခဲ့ပါက ဆက်သွယ် အကူအညီတောင်းနိုင်တဲ့ သူငယ်ချင်းတွေကို ကြိုတင်ရွေးချယ်ထားပါကလည်း facebook အကောင့်ခိုးယူခံရတဲ့အခါ ပြန်လည်ရယူဖို့ အထောက်အကူ ဖြစ်နိုင်တယ်လို့ facebook ကဆိုပါတယ်။ Facebook အကောင့် လော့ခ်ကျတဲ့အခါမျိုးမှာ အကူအညီ ဆက်သွယ်တောင်းခံနိုင်တဲ့ သူငယ်ချင်းတွေကို ကြိုတင်ရွေးချယ်ဖို့အတွက် facebook ရဲ့ Security and Login အောက်က Choose friends to contact if you get locked out မှာ သူငယ်ချင်းသုံးဦးမှ ငါးဦးအထိ […]

Read More

ယာဉ်မောင်းတွေ ဖုန်းပြောတာကို ခြေရာခံပေးမယ့် ကင်မရာ ဩစတြေးလျမှာ ဖြန့်ချိ

ယာဉ်မောင်းတွေ ကားမောင်းရင်း ဖုန်းပြောတာကို ခြေရာခံဖမ်းဆီးဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကင်မရာကို ဩစ​တြေးလျနိုင်ငံ၊ New South Wales ပြည်နယ်မှာ ဖြန့်ချိခဲ့ပါတယ်။ မိုဘိုင်းဖုန်းကို ခြေရာခံပေးမယ့် ကမ္ဘာ့ပထမဆုံးကင်မရာက ဖုန်းနဲ့ပတ်သက်ဆက်နွှယ်နေတဲ့ ကားတိုက်မှုဖြစ်ပွားတာကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ ဩစတြေးလျရဲ့ လူဦးရေအများဆုံး ပြည်နယ် New South Wales အာဏာပိုင်တွေက လာမယ့် ၂ နှစ်ကျော် အတွင်း လမ်းမပေါ်က သေဆုံးမှု ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့ ကင်မရာတွေ တပ်ဆင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ကင်မရာတွေက ရာသီဥတုအမျိုးမျိုးမှာ နေ့ရော ညပါ ဆောင်ရွက်လုပ်ကိုင်သွားမယ်လို့ NSW သယ်ယူပို့ဆောင်ရေးအာဏာပိုင်တွေက ပြောထားပါတယ်။ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း မိုဘိုင်းဖုန်းနဲ့ပတ်သက်ပြီး NSW လမ်းမပေါ်မှာ မတော်တဆ သေဆုံးသူဦးရေ […]

Read More

ဟောင်ကောင်ရဲကို ခြေရာခံသည့် app အား Apple ဖြုတ်ချခဲ့

ဟောင်ကောင်ဆန္ဒပြမှုအတွင်း ရဲနဲ့ နိုင်ငံသားတွေ ထိပ်တိုက်တွေ့မှုရှိနေပါတယ်။ ဟောင်ကောင်အတွင်း နေထိုင်သူတွေနဲ့ ဥပဒေထိန်းသိမ်းရေးတို့ အန္တရာယ်ဖြစ်နိုင်တဲ့ နည်းလမ်းများစွာကြောင့် အောက်တိုဘာ ၉ ရက် (ဗုဒ္ဓဟူးနေ့) ညမှာ app တစ်ခုကို ဖယ်ရှားလိုက်တယ်လို့ Apple ကထုတ်ပြန်ခဲ့ပါတယ်။ ဟောင်ကောင်က ဒီမိုကရေစီထောက်ခံသူတွေဟာ ဆန္ဒပြနေကြတာ ၁၈ ပတ်ရှိပြီ ဖြစ်ပါတယ်။ HKmap.live ဆိုတဲ့ app ကတော့ သုံးစွဲသူက ရဲတွေရဲ့လှုပ်ရှားမှုကို ခြေရာခံနိုင်ပြီး ရဲအရာရှိတွေကို ပစ်မှတ်ထား အလစ်ဝင်ရောက် တိုက်ခိုက်နိုင်ပါတယ်။ အခုလို app ကိုအသုံးချမှုဟာ App Store ပေါ်လစီနဲ့ ဟောင်ကောင်ဥပဒေကို ချိုးဖောက်တယ်လို့ Apple ကဆုံးဖြတ်ခဲ့ပါတယ်။ ဟောင်ကောင်အာဏာပိုင်တွေက app နဲ့ပတ်သက်ပြီး စောဒကတက်ခဲ့ကြကာ ရဲတွေမရှိတဲ့ ဧရိယာမှာ နိုင်ငံသားတွေကို ဖိနှိပ်ဖို့ app […]

Read More

Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေး account တိုက်ခိုက်ခံရ

Twitter အမှုဆောင်အရာရှိချုပ်နဲ့ ကုမ္ပဏီတွဲဖက်တည်ထောင်သူ ဂျက်ဒိုဆေးရဲ့ account ဟာ သောကြာနေ့က တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်သူတွေက ဂျက်ဒိုဆေး account ကိုထိန်းချုပ်ပြီး လိင်ပိုင်းဆိုင်ရာခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုနဲ့ ဂျူးဆန့်ကျင်ရေး မှတ်ချက်တွေအပြင် ဗုံးနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီ tweet တွေကို hashtag တွေအများအပြားနဲ့ ပျံ့နှံ့အောင်ပြုလုပ်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ Tweet တွေဟာ မဖျက်ခင်အထိ မိနစ် ၂၀လောက်အထိ ကြာမြင့်ခဲ့ပြီး အခြား Twitter သုံးစွဲသူတွေကိုလည်း mention တွေပြုလုပ်ခဲ့ပါတယ်။ “ဂျက်ရဲ့ account ထိခိုက်မှုရှိခဲ့ပြီး ဘာဖြစ်သွားလဲဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်” လို့ Twitter ဆက်သွယ်ရေးအကြီးအကဲ ဘရန်ဒန်ဘောမန်းကပြောခဲ့ပါတယ်။ သောကြောနေ့ ပစိဖိတ်အချိန် ၂နာရီ ၂၂မိနစ်လောက်မှာ ဒိုဆေးရဲ့ account ကိုလုံခြုံအောင် လုပ်နိုင်ပြီလို့ Twitter […]

Read More

သတင်းဝန်ဆောင်မှု Flipboard တိုက်ခိုက်ခံရပြီး အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်

[ Zawgyi ] ဟက်ကာတွေက Flipboard ကိုတိုက်ခိုက်ခဲ့ပြီး သုံးစွဲသူအမည်တွေ၊ အီးမေးလ်လိပ်စာတွေနဲ့ ကာကွယ်ထားတဲ့ password တွေရယူသွားခဲ့ပါတယ်။ အဲဒီကိစ္စကို Flipboard သုံးစွဲသူတွေဆီထံ ကုမ္ပဏီက အီးမေးလ်ပေးပို့ထားပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လ ၂ ရက်နဲ့ ၂၀၁၉ခုနှစ် ဧပြီလ ၂၂ ရက်အတွင်း Flipboard အချက်အလက်သိမ်းဆည်းမှု ကနေ ပေါက်ကြားသွားတဲ့ သတင်းအချက်အလက်တွေကို အခွင့်မရှိဘဲ အသုံးပြုထားမှုကို တွေ့ရှိထားပါတယ်။ ဟက်ကာတွေဟာ database တွေက အချက်အလက်တွေကို ကူးယူထားဖွယ်ရှိပြီး account အရေအတွက် ဘယ်လောက် ထိခိုက်ခဲ့သလဲဆိုတာတော့ မပြောခဲ့ပါဘူး။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ database တွေထဲမှာ Flipboard သုံးစွဲသူအမည်၊ အမည်အရင်တွေ၊ အီးမေးလ်လိပ်စာတွေနဲ့ password တွေပါဝင်လာပါတယ်။ Password တွေကို သိုဝှက်ပြီး […]

Read More

အများပြည်သူပိုင် Amazon ဆာဗာက Facebook မှတ်တမ်း သန်းပေါင်းများစွာ ပေါက်ကြားခဲ့

အများပြည်သူပိုင် ဆာဗာထဲက Facebook မှတ်တမ်း သန်း ၅၄၀ ကျော်ပါဝင်တဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ UpGuard ကလုံခြုံရေးသုတေသီတွေက ပြောခဲ့ပါတယ်။ အဲဒီအချက်အလက်တွေထဲမှာ လူတွေရဲ့ မှတ်ချက်တွေ၊ like တွေ၊ နာမည်တွေနဲ့ Facebook ID တွေ ပါဝင်လာပါတယ်။ အဲဒီ အချက်အလက်တွေကို third-party Facebook app ၂ ခုက စုစည်းထားတာပါ။ “Facebook ပေါ်လစီတွေက အများပြည်သူ database အတွင်းမှာ Facebook သတင်းအချက်အလက်တွေ သိမ်းဆည်းတာကို တားမြစ်ထားပါတယ်။ ပြဿနာတစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးတဲ့နောက်မှာတော့ database တွေ ဖြုတ်ချဖို့ Amazon နဲ့အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ လူတွေရဲ့ အချက်အလက်ကို ကာကွယ်ဖို့ ကျွန်တော်တို့ ပလက်ဖောင်းပေါ်က developer တွေနဲ့ အလုပ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်” […]

Read More

Malware plugin တွေနဲ့ သုံးစွဲသူအချက်အလက်တွေကို ခိုးယူခဲ့တဲ့ ယူကရိန်းဟက်ကာတွေကို Facebook တရားစွဲ

[ Zawgyi ] Facebook ရဲ့ သုံးစွဲသူအချက်အလက်တွေကို quiz app တွေအသုံးပြုပြီး ရယူကာ News Feed တွေအတွင်း ကြော်ငြာတွေ ဖော်ပြဖို့ကြိုးစားတဲ့ ယူကရိန်းဟက်ကာ၂ ဦးကို ကုမ္ပဏီက တရားစွဲဆိုလိုက်ပါတယ်။ အဲဒီအမှုကို သောကြာနေ့က ရုံးတင်ခဲ့ပြီး အစီအစဉ်ကို ၁ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ ယူကရိန်းဟက်ကာ ဂလက်ဆလူရှက်ဗ်စကီနဲ့ အန်ဒရေဂေါ်ဘာချော့တို့ကို တရားစွဲဆိုထားပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၈ အတွင်း သူတို့ဟာ ဇာတာခွင် ဒါမှမဟုတ် ဇာတ်ကောင်နဲ့ ကျော်ကြားမှု စတဲ့ စမ်းသပ်မှု အန္တရာယ်ရှိ browser plugin တွေကို install ပြုလုပ်ဖို့ သုံးစွဲသူတွေကို ဆွဲဆောင်ခဲ့ကြပါတယ်။ အဲဒီလုပ်ရပ်ကြောင့် Facebook သုံးစွဲသူ ၆၃,၀၀၀ ထိခိုက်နစ်နာခဲ့ပါတယ်။ ဟက်ကာတွေဟာ […]

Read More

နာမည်ကျော် password managers app ၅ ခုမှာ လုံခြုံရေးအားနည်းချက်တွေ တွေ့ရှိခဲ့

[ Zawgyi ] Password managers app တွေဟာ အွန်လိုင်းလုံခြုံရေးကို တိုးမြှင့်ပေးတဲ့ tool တွေဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့ အခြားဝန်ဆောင်မှုတွေကို password manager တွေနဲ့ တွဲဖက် အသုံးပြုတဲ့အခါမှာ ပိုမိုလွယ်ကူလာပါတယ်။ Password manager တွေဟာ ပြီးပြည့်စုံမှု မရှိပေမယ့် အလွယ်တကူ တိုက်ခိုက်လို့မရအောင် ပြုလုပ်ထားပါတယ်။ လွတ်လပ်တဲ့လုံခြုံရေးတန်ဖိုးအကဲဖြတ်မှု (ISE) အဖွဲ့ကပြုလုပ်တဲ့ သုတေသနအရ 1Password, Dashlane, KeePass နဲ့ LastPass စတဲ့ နာမည်ကျော် password manager ၅ ခုကို နောက်ကွယ်မှာ အသုံးပြုတဲ့အခါမှာ unencrypt မလုပ်ထားတဲ့ အချက်အလက်နဲ့ password တွေပေါက်ကြားထွက်ပေါ်နိုင်တယ်လို့ စာတမ်းထုတ်ပြန်ခဲ့ပါတယ်။ ISE က သုတေသီတွေက အဲဒီ password […]

Read More