Mobile

Mobile
Tech

OnePlus 8 Pro အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်

OnePlus ဟာ ဒီနှစ်အတွင်း ဖုန်းမော်ဒယ် ၃ မျိုးကို ဖြန့်ချိနိုင်ပါတယ်။ OnePlus 8 ဟာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်အထောက်အထား ရရှိခဲ့ပါတယ်။ OnePlus 8 Pro ရဲ့ အသေးစိတ် အချက်အလက်ကလည်း Geekbench မှာထွက်ပေါ်လာပါတယ်။ OnePlus 8 မော်ဒယ်နံပါတ်ကတော့ IN2011 ဖြစ်ပါတယ်။ OnePlus 8 Pro မှာကျောဘက် ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ OnePlus 8 Pro အချက်အလက်တွေက Geekbench 4 database မှာရှိပါတယ်။ ဖုန်းရဲ့ software နဲ့ hardware တွေကအစောပိုင်း အဆင့်မှာရှိနေပြီး Android 10 အသုံးပြုကာ Snapdragon 865 chipset နဲ့ […]

Read More
Mobile
Tech

ဘက်ထရီကြီးမားတဲ့ Gionee Steel 5 ကိုထုတ်ဖော်ပြသ

Gionee ဟာ ၂၀၁၈ အကုန်မှာ ကုမ္ပဏီဒေဝါလီခံသွားပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ Gionee အမှတ်တံဆိပ်ကတော့ ဆက်လက်ရှိနေသေးပြီး Gionee Steel 5 ဖုန်းသစ်ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ ဖုန်းမျက်နှာပြင်အရွယ်အစားက ၆.၂လက်မ IPS LCD နဲ့အတူ ရုပ်ထွက်အရည်အသွေး 720p ဖြစ်ပါတယ်။ ရှေ့ကင်မရာက 13MP ဖြစ်ပြီး ရေစက်ပုံစံ notch ဖြစ်ပါတယ်။ ကျောဘက်မှာတော့ စတုရန်းပုံစံ ကင်မရာထဲမှာ 12MP နဲ့ 2MP depth sensor အပြင် LED flash ၂ခုလည်းပါဝင်လာပါတယ်။ ဖုန်းရဲ့ အကောင်းဆုံး feature ကတော့ 5,000mAh ဘက်ထရီ ဖြစ်တယ်။ အားသွင်းမြန်ဆန်တဲ့ စနစ်ပါဝင်ပြီး 10W အထိအနည်းဆုံး အားသွင်းပေးနိုင်ပါတယ်။ ဖုန်းမှာ 4G […]

Read More
Mobile
Tech

ကင်မရာဒီဇိုင်းသစ် အသုံးပြုထားတဲ့ OnePlus Concept One ကိုမိတ်ဆက်

OnePlus ဟာ Concept One စမတ်ဖုန်းကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ ဒီလအစောပိုင်းမှာ Concept One ကို အမြည်းမိတ်ဆက်ခဲ့ပြီး မက္ကလာရင်နဲ့ပူးပေါင်းကာ ကင်မရာကို ဖုံးကွယ်ထားတဲ့ ဒီဇိုင်း ထည့်သွင်းမယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။ OnePlus Concept One ရဲ့ထူးခြားချက်ကတော့ မှန်ထည်နောက်မှာ ထည့်သွင်းထားတဲ့ ကင်မရာပဲဖြစ်ပါတယ်။ ထုတ်ကုန်ဒီဇိုင်းကတော့ OnePlus 7T Pro နဲ့ဆင်ပါတယ်။ Concept One ကို မက္ကလာရင်ကားရဲ့ အမှတ်အသား လိမ္မော်ရောင် သားရေသားနဲ့ ပြုလုပ်ထားပါတယ်။ Concept One ရဲ့အဓိက feature ကတော့ ကင်မရာကို မမြင်တွေ့နိုင်အောင် မှန်နဲ့ကာကွယ်ထားတာပါ။ မှန်ကတော့ electrochromic အသုံးပြုထားတဲ့အတွက် ဓာတ်ပုံရိုက်ကူးချိန်မှပဲ ကင်မရာတွေ ပေါ်ထွက်လာမှာပါ။ မက္ကလာရင်ပြိုင်ကားမှာ နေရောင်ကို ကာထားတဲ့ […]

Read More
Mobile
News
Tech

Motorola razr 2019 မော်ဒယ် ဓာတ်ပုံတွေများစွာ ထပ်မံထွက်ပေါ်

လွန်ခဲ့တဲ့ရက်အနည်းငယ်က Evan Blass ဟာ ဒီနှစ်အတွင်း ထွက်ရှိမယ့် Motorola razr ဓာတ်ပုံသစ် ၅ ပုံကို ထပ်မံပြသလိုက်ပါတယ်။ ပထမဆုံး ဓာတ်ပုံ ၃ပုံမှာ ထုတ်ကုန်ကို အနီးကပ်ရိုက်ကူးထားပြီး display ရဲ့လုပ်ဆောင်ချက်တွေကို ပြသထားပါတယ်။ ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့တဲ့ Razr V3 မော်ဒယ်ဒီဇိုင်းကို မှီးပြီး razr ခေါက်စမတ်ဖုန်းကို ဖန်တီးထားတာ တွေ့ရပါတယ်။ ရှေ့ဘက်မှာ မျက်နှာပြင်အသေးစားက သတိပေးချက်တွေနဲ့ အချိန်၊ ရက်စွဲကို ပြသပေးမှာ ဖြစ်ကာ အဓိကကင်မရာအတွက် viewfinder အဖြစ်အသုံးပြုနိုင်ပါတယ်။ အခြားဓာတ်ပုံတွေမှာ ဖုန်းကို ဖြန့်ပြထားပါတယ်။ razr ခေါက်စမတ်ဖုန်းကို အလယ်တည့်တည့်က ခေါက်နိုင်ဖွယ်ရှိပြီး ဖြန့်လိုက်တဲ့အခါ အရွယ်အစားက ၆.၂လက်မရှိပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် ထိပ်ဘက်မှာ notch တစ်ခုပါဝင်လာပါတယ်။ […]

Read More
Mobile
News
Tech

OnePlus 7T Pro ရဲ့ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်

OnePlus ဟာစက်တင်ဘာလ ၂၆ ရက် အိန္ဒိယမှာပြုလုပ်မယ့်ပွဲ မှာ OnePLus 7T နဲ့ OnePlus ZT Pro နဲ့အတူ OnePlus TV ကို မိတ်ဆက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ OnePlus 7T ထုတ်ကုန်ရဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပြီး OnePlus 7 နဲ့ကွာခြားမှုမရှိပါဘူး။ OnePlus 7T မှာ အဆင့်မြှင့်တင်ထားတဲ့ ကျောဘက်ကင်မရာနဲ့ 90Hz ရုပ်ထွက်အရည်အသွေးမြင့် မျက်နှာပြင်တို့ပါဝင်လာပါတယ်။ အခုဆိုရင် OnePlus 7T Pro အတွက် CAD အခြေခံဆွဲထားတဲ့ သရုပ်ဖော်ပုံတွေထွက်လာပါတယ်။ ဒါ့အပြင် Mclaren Editon 7T Pro လည်းထွက်ရှိမယ်လို့ သိရပါတယ်။ 7T Pro ဟာ အရောင်၊ လိမ္မော်အရောင်အပြင် […]

Read More
Mobile
News
Tech

Action ကင်မရာနဲ့ထွက်ရှိလာတဲ့ Motorola One Action

[ Zawgyi ] ယခုမိတ်ဆက်လိုက်တဲ့ Motorola One Action မှာ Action ကင်မရာ ပါဝင်လာပါတယ်။ Action ကင်မရာတွေဟာ ဒီဂျစ်တယ်ကင်မရာ အမျိုးအစားတွေထဲက တစ်ခုဖြစ်ပြီး စမတ်ဖုန်းခေတ်မှာ ရေပန်းစားလျက်ရှိပါတယ်။ Action ကင်မရာတွေမှာ wide-angle lens တွေနဲ့ ဗီဒီယိုတွေကို 60fps နဲ့ မှတ်တမ်းတင်နိုင်ပါတယ်။ Action ကင်မရာတွေဟာ ဖုန်းတွေမှာပါဝင်လာရင် point-and-shoot လမ်းကြောင်း ဖြစ်လာနိုင်ပါတယ်။ Motorola One Action ရဲ့ကျောဘက်ကင်မရာမှာ ၁၁၇ ဒီဂရီ ultrawide angle lens နဲ့ 1080p/60 ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဖုန်းရဲ့ 16MP sensor က 4-in-1pixel ကိုအသုံးပြုပြီး အလင်းအားနည်းတဲ့ နေရာတွေမှာ ဓာတ်ပုံအရည်အသွေးကို […]

Read More
Mobile
News
Tech

ကင်မရာ ၃ လုံးနဲ့ X Pen stylus ပါဝင်လာတဲ့ Infinix Note 6

[ Zawgyi ] ဟောင်ကောာင်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီ Infinix Mobile ဟာ Infinix Note 6 ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Note 6 မှာ Helio P35 SoC ကို RAM 4GB နဲ့တွဲဖက်ပေးထားပြီး Android Pie အပေါ်မှာ XOS 5.0 ကို အသုံးပြုထားသလို storage 64GB နဲ့ microSD ကတ်နဲ့အတူ 128GB အထိမြှင့်နိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၀၁ လက်မအရွယ်ဖြစ်ပြီး FHD+ Always-On AMOLEd display နဲ့အတူ 16MP ရှေ့ကင်မရာ ပါဝင်လာပါတယ်။ ကျောဘက်မှာ fingerprint reader နဲ့ ကင်မရာ ၃ လုံး […]

Read More
Mobile
News

Snapdragon 439 နဲ့ ဘက်ထရီ 4,000 mAh ပါဝင်လာတဲ့ Redmi 7A ကိုမိတ်ဆက်

[Zawgyi] Xiaomi ရဲ့ Redmi အမှတ်တံဆိပ်ဟာ ဈေးနှုန်းအသက်သာဆုံး စမတ်ဖုန်းဖြစ်တဲ့ Redmi 7A ကို မိတ်ဆက်ခဲ့ပါတယ်။ Redmi 7A ဟာ Redmi 6A နေရာကို ဆက်ခံသွားမှာ ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ feature လည်း ပါဝင်လာပါတယ်။ Redmi 7A စမတ်ဖုန်းမှာ Snapdragon 439 chipset ကိုအသုံးပြုထားပါတယ်။ ဖုန်းမှာ notch မပါဝင်သလို မျက်နှာပြင်အရွယ်အစားက ၅.၄၅ လက်မ HD+ (720x 1440px) ရုပ်ထွက်အရည်အသွေးနဲ့ 18:9 aspect ratio ကိုအသုံးပြုထားပါတယ်။ မျက်နှာပြင်ဘေးဘက်မှာ ကောက်ကွေးတဲ့စတိုင်လ်ကို အသုံးပြုထားပါတယ်။ Redmi 7A ရဲ့ memory ကတော့ 2GB နဲ့ storage […]

Read More
Mobile
News
Tech

ရှေ့ကင်မရာ ၂လုံးနဲ့ slider ဒီဇိုင်းပါဝင်တဲ့ စမတ်ဖုန်းမူပိုင်ခွင့် Oppo ရရှိခဲ့

တရုတ်စမတ်ဖုန်းကုမ္ပဏီ Oppo ဟာ ပြီးခဲ့တဲ့နှစ်က slider ဒီဇိုင်းပါဝင်တဲ့ Find X ကိုမိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Oppo ဟာ Find X လိုမျိုး slider ဒီဇိုင်းပါဝင်တဲ့ စမတ်ဖုန်းအတွက် မူပိုင်ခွင့်ကို ရရှိသွားပြီ ဖြစ်ပါတယ်။ Find X စမတ်ဖုန်းမှာ ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ ရှေ့ဘက်မှာ ကင်မရာ ၁ လုံးနဲ့ ကျောဘက်မှာ ၂ လုံး ပါဝင်ပြီး slider ထဲမှာ ကင်မရာတွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မူပိုင်ခွင့်ရရှိထားတဲ့ ဖုန်းသစ်မှာတော့ ကင်မရာကို ကျောဘက် ဘယ်ဘက်ထောင့်မှာ ထည့်သွင်းထားကာ ရှေ့ကင်မရာ ၂ လုံး ကိုတော့ display နောက်ထဲ ထည့်ထားပါတယ်။ […]

Read More
Mobile
News

Spark 3 Pro စမတ်ဖုန်း ပြည်တွင်းဈေးကွက်ဝင်ရောက်

[ Zawgyi ] Tecno အမှတ်တံဆိပ် Spark 3 Pro စမတ်ဖုန်း ပြည်တွင်ဈေးကွက်ဝင်ရောက်လာပြီး မတ် ၂ဝ ရက်မှာ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ အဆိုပါစမတ်ဖုန်းကို notch ပါဝင်တဲ့ ၆.၂ လက်မ Display မျက်နှာပြင်နဲ့ ထုတ်လုပ်ထားပြီး 4G LTE ကွန်ရက်မှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ RAM 2GB နဲ့ 32GB ROM တွေပါဝင်ပြီး ကျောဘက်မှာ 13MP နဲ့ 2MP ကင်မရာနှစ်လုံး ပါဝင်ကာ ရှေ့ဘက်မှာတော့ 8MP AI Selfie အမျိုးအစား ကင်မရာကို တပ်ဆင်ထားပါတယ်။ Android OS 9 Pie ကို အခြေခံထားတဲ့ HiOS ကို […]

Read More