Local

Local
News

Phishing Email အသိပေးချက်mm-CERTမှ ထုတ်ပြန်

ရန်ကုန်တက္ကသိုလ်ကနေ ပေးပို့တဲ့ပုံစံမျိုးနဲ့ ၀င်ရောက်လာတတ်တဲ့ Phishing mail အမျိုးအစားကို မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့ mm-CERTက ဒီဇင်ဘာလ (၆)ရက်နေ့ညဦးပိုင်းက သတိပေး ထုတ်ပြန်လိုက်ပါတယ်။ Phishing mail တွင်ပါဝင်တဲ့  attached file နဲ့ link များကို click မလုပ်မိစေရန် အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ email ဟာ phishing mail ဖြစ်ပြီး attachment တွင်ပါရှိသော zip file ကို download ဆွဲပြီး .PDF extension အယောင်ဆောင်ထားသော .exe File (REQUEST FOR OFFER 06-2019·pdf.exe) ကို Run လိုက်မိပါက Lokibot Malware ကူးစက်ခြင်းခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Lokibot […]

Read More
Local
News

 Internet Journal Readers’ Survey ကံထူးရှင်ကိုဆုချီးမြှင့်

Internet Journal Readers’ Survey ကံထူးရှင်အား ဆုချီးမြှင့်တဲ့ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက အင်တာနက်ဂျာနယ် ရုံးတည်ရှိရာ ဒိုင်းမွန်းစင်တာ၊ အဆောက်အဦ(E)၊ ပထမထပ်မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ Internet Journal Readers’ Survey ဖြေဆိုပြီး ကံထူးခဲ့တဲ့ မုံရွာမှ ကိုပြည်ဖြိုး(ကိုယ်စား) ကို Bphone မှ တာဝန်ရှိသူတစ်ဦးက ဗီယက်နမ်နိုင်ငံထုတ် Bphone 3 စမတ်ဖုန်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ Internet Journal Readers’ Survey ကို နိုဝင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီအထိ အွန်လိုင်းမှ တစ်ဆင့် ကောက်ခံခဲ့ပြီး အချက်အလက် ပြည့်စုံစွာ ဖြေဆိုထားသူများထဲမှ […]

Read More
Local
News

University of Sunderland မှဘာသာရပ်များကို ပြည်တွင်း၌ သင်ကြားတက်ရောက်ပြီး ဘွဲ့ဒီဂရီများ ရယူနိုင်မည်

အင်္ဂလန်နိုင်ငံအစိုးရတက္ကသိုလ်တစ်ခု ဖြစ်တဲ့ University of Sunderland မှ ဘာသာရပ်တွေကို British University College မှာတက်ရောက်ပြီး ဘွဲ့ဒီဂရီတွေရယူနိုင်မယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁ ရက်က ပြုလုပ်တဲ့ BRITISH UNIVERSITY COLLEGE နဲ့ မြန်မာနိုင်ငံမှာ သင်ကြားပို့ချပေးမယ့် ဘာသာရပ်ဆိုင်ရာသင်တန်းမိတ်ဆက် အခမ်းအနားမှ သိရပါတယ်။ နိုင်ငံတကာ ဘာသာရပ်တွေကို ပြည်တွင်းမှာ သင်ကြားပေးမယ့် Ranked 2 အဆင့်ရှိ International Tourism & Hospitality Management, Ranked 3 အဆင့်ရှိ Business and Management Programme တွေအပြင် Skill Development Ranked 1 အဆင့်ရှိ MBA Programme ၊ နိုင်ငံတကာတက္ကသိုလ်တွေကို […]

Read More
Local
News

MSI Myanmar မှ Content- Creation Laptop များကို မိတ်ဆက်

MSI Myanmar မှ Content Creation series Laptop တွေကို မိတ်ဆက်ခဲ့ပါတယ်။ MSI ရဲ့ Content- Creation Laptop တွေမှာနောက်ဆုံးပေါ် 10th generation intel processor တွေနဲ့ Nvidia ရဲ့ Geforce GPU တွေကို အသုံးပြုထားပြီး CREATOR, PRESTIGE & MODERN ဆိုပြီး အမျိုးအစား (၃) ခုရှိမှာဖြစ်ပါတယ်။ MSI Content Creation Line-up ရဲ့ Prestige Series မှာ Prestige 14 နှင့် 15 ဟူ၍နှစ်မျိုးရှိပြီး 10th generation Core i7 processor နဲ့ Nvidia Geforce […]

Read More
Local
News

Myanmar’s Digital Development Workshop ကျင်းပ

Myanmar’s Digital Development Workshop ကို ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်ရှိ ရုံးအမှတ်(၂)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ Myanmar National portal ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ World Bank နှင့် Korea-World Bank Partnership Facility (KWPF) တို့ပူးပေါင်းပူးပြီး မြန်မာနိုင်ငံမှာ e-Procurement နဲ့ People-Centric Public Services လုပ်ငန်းစဉ်တွေကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရန်၊ နိုင်ငံတကာရဲ့ အတွေ့အကြုံနဲ့ အလေ့အကျင့်ကောင်းများကို မျှဝေပေးနိုင်ရန်ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ e-Government ဌာန၊ ညွှန်ကြားရေးမှူး၊ ဝယ်ယူရေးနှင့် အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး၊ […]

Read More
Local
News

တတိယအကြိမ်မြောက် ကျင်းပမည့် Myanmar Youth Technopreneurship Development Program 2020 အတွက် ပြိုင်ပွဲဝင်များ စတင်ဖိတ်ခေါ်

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ စီမံကွပ်ကဲပြီး kanaung Hub မှ ကြီးကြပ်ကာ ဆက်သွယ်ရေး အော်ပရေတာ MPT ရဲ့ထောက်ပံ့မှုနဲ့ တတိယအကြိမ်မြောက်ကျင်းပမယ့် မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀ (Myanmar Youth Technopreneurship Development Program 2020 ) အတွက် ပြိုင်ပွဲဝင်တွေကို စတင်ဖိတ်ခေါ်နေပြီဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ကို နည်းပညာစွန့်ဦးတီထွင်လူငယ်များကို မြှင့်တင်ပေးရန်၊ လုပ်ငန်းများအကြား ကွန်ရက်၊ ဆက်ဆံရေး ထူထောင်နိုင်ရန်၊ နည်းပညာအလုပ်အကိုင် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်ရန်၊ မြန်မာနိုင်ငံ အတွင်းရှိ နည်းပညာရှင် လူငယ်များ နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်နှင့် ပြည်သူလူထုအတွင်း နည်းပညာများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်တယ်လို့ သိရပါတယ်။ MYTDP 2020 မှာ ပါဝင်လိုသူတွေအနေနဲ့ လျှောက်လွှာတွေကို […]

Read More
Local
News

Grab အက်ပလီကေးရှင်းတွင် Hotels ဝန်ဆောင်မှု လုပ်ဆောင်ချက်ကို ထည့်သွင်း

Grab အနေနဲ့ Agoda နဲ့ Booking.com တို့မှာရရှိနိုင်တဲ့ ဟိုတယ်နှင့် အခြားနေရာထိုင်ခင်း အစီအစဉ်တွေကို Grab App မှ တိုက်ရိုက်ကြိုတင်မှာယူနိုင်မယ့် Hotels အမည်ရှိတဲ့ဝန်ဆောင်မှု လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ “Grab ရဲ့ ‘Hotels’ ဝန်ဆောင်မှုက အသုံးပြုသူတွေကို လာမယ့် ပိတ်ရက်ခရီးအတွက်ပဲဖြစ်ဖြစ်၊ staycation နေပြီး နားချင်လို့ပဲဖြစ်ဖြစ် ဟိုတယ်တစ်ခုခုမှာ ဘွတ်ကင်တင်တဲ့အခါ ပိုပြီး စိတ်ကျေနပ်မှုရှိစေမှာပါ။ ဒီဝန်ဆောင်မှုက ပိတ်ရက်တွေမှာ မကြာခဏ ခရီးထွက်တတ်တဲ့ လုပ်ငန်းခွင်က လူငယ်တွေ၊ မိသားစုခရီးထွက်ဖို့ ဈေးအတန်ဆုံးတည်းခိုစရာ နေရာရှာချင်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ ‘Hotels’ ဝန်ဆောင်မှုကို သုံးပြီး Grab အသုံးပြုသူတွေဟာ ကမ္ဘာ့ထိပ်တန်း ဟိုတယ်ဘွတ်ကင် ဝက်ဘ်ဆိုက်တွေကနေ ကိုယ့်ရဲ့ဘတ်ဂျတ်တွင်းမှာရှိတဲ့ အကောင်းဆုံးဟိုတယ်တွေကို ရှာနိုင်မှာဖြစ်တဲ့အပြင် Grab သုံးတဲ့သူတွေပဲ ရနိုင်မယ့် အထူးဈေးနှုန်းတွေနဲ့ သီးသန့်လျှော့ဈေးတွေကိုလည်း […]

Read More
Local
News

အွန်လိုင်းမှတစ်ဆင့် အစားအသောက် ပို့ဆောင်မှာယူနိုင်သည့် GrabFood ဝန်ဆောင်မှုကို မိတ်ဆက်

Grab အနေနဲ့ အွန်လိုင်းမှတစ်ဆင့် အစားအသောက် ပို့ဆောင်မှာယူနိုင်မယ့် GrabFood ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှာ စမ်းသပ်အဆင့်အနေနဲ့ စတင်မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။ စားသုံးသူများ၊ မိတ်ဖက်လုပ်ငန်းရှင်များနဲ့ အစားအသောက်ပို့ဆောင်သူများကို ချိတ်ဆက်ပေးထားတဲ့ ဝန်ဆောင်မှု အစုံပါဝင်တဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ကြောင်းနဲ့ ပူနွေးလတ်ဆတ်တဲ့အစားအစာတွေကို ခုနစ်ရက်ပတ်လုံး လိုရာပို့ဆောင်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ အနည်းဆုံးမှာရမယ့် အရေအတွက် ကန့်သတ်ထားခြင်းမရှိသလို တစ်ယောက်စာ အရွယ်အစားမှ မိသားစုစားပွဲများအထိ အမှာစာကန့်သတ်ထားခြင်း မရှိဘဲ GrabFood မှ သက်သာတဲ့ ပို့ဆောင်ခနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးမှာဖြစ်တယ်လို့ သိရပါတယ်။ မိမိ လိုအပ်တဲ့အချိန် စိတ်ကြိုက်မှာယူနိုင်ပြီး GrabFood နဲ့ အမှာစာရယူခြင်း၊ အစားအသောက် ပြင်ဆင်ခြင်းနဲ့ မိမိဆီ လာရောက်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အက်ပလီကေးရှင်းမှာ မြေပုံကတစ်ဆင့် အချိန်နဲ့ တစ်ပြေးညီ ခြေရာခံနိုင်မှာဖြစ်ပါတယ်။ -ဝေဝေ

Read More
Local
News

ပြည်တွင်းအဆင့်ပြိုင်ပွဲ World Robot Games 2020 ( Myanmar ) ကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နဲ့ CoR Team တို့ပူးပေါင်းပြီး World Robot Games 2020 သွားရောက် ယှဉ်ပြိုင်ရန်အတွက် ရွေးချယ်မယ့် ပြည်တွင်းအဆင့်ပြိုင်ပွဲ World Robot Games 2020 ( Myanmar ) ကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် မှ ၂၆ ရက်အထိ MICT Park မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ Senior Level Game နှစ်ခုနဲ့ Junior Level Game တစ်ခု ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ ပါဝင်တဲ့ ဂိမ်းအမျိုးအစားတွေက Rugby Robot ( Senior Level ), On- Water Robot […]

Read More
Local
News

ခရီးသွားလာရေးဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် Wave Money နှင့် FlyMya တို့ ပူးပေါင်း

မိုဘိုင်းငွေပေးချေမှုရဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Wave Money နဲ့ ပြည်တွင်းခရီးသွားလက်မှတ်များ၊ ခရီးသွားရေးဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ FlyMya.com တို့ ခရီးသွားလာရေးဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာရေးထိုးခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်က ဆူးလေရှန်ဂရီလာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ “ ကျွန်တော်တို့အနေနဲ့ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုအတွေ့ကြုံတွေ ရရှိလာအောင် လုပ်ဆောင်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အထူးအားပေးပါတယ်။ ဒါ့အပြင် Wave Money အနေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ ငွေပေးချေမှု ပိုမိုလွယ်ကူစေရုံသာမက အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဏာရေးဆိုင်ရာ အသိုက်အဝန်းအတွက် ဒီဂျစ်တယ်ငွေပေးချေမှု အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်” ဟု Wave Money ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Brad Jones က ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် […]

Read More