Caviar ကတော့ တရုတ်နှစ်သစ်ကူးအတွက် အထူးပြုလုပ်ထားတဲ့ Samsung Galaxy S21 Ultra ဖုန်းတွေကို ထုတ်လိုက်တယ်။ ဒီနှစ်ဟာ နွားနှစ် ဖြစ်ပြီး Galaxy S21 Ultra အတွက် အထူးဒီဇိုင်းတွေ ထုတ်လုပ်ခဲ့ပါတယ်။
Read Moreပြီးခဲ့တဲ့လက Camon 16 Pro နဲ့ Camon 16 Premier နဲ့အတူ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ Tecno Camon 16 ကတော့ အိန္ဒိယဈေးကွက်ထဲရောက်လာပါတယ်။ Tecno Camon 16 မှာ Helio G70 SoC ပါဝင်ပြီး Android 10 အခြေခံ HiOS 7.0 နဲ့ RAM 4GB နဲ့ storage 64GB ပါဝင်လာပါတယ်။ စမတ်ဖုန်းမှာတော့ microSD ကတ်ပေါက် ပါဝင်ပြီး 256GB အထိ ထည့်သွင်းနိုင်ပါတယ်။ Camon 16 မှာတော့ မျက်နှာပြင် ၆.၈ လက်မ HD+ ရုပ်ထွက်အရည်အသွေး ပါဝင်ပြီး ဖုန်းဘယ်ဘက်ထောင့်မှာ 16MP selfie ကင်မရာ […]
Read Moreတရုတ်စမတ်ဖုန်း ကုမ္ပဏီ Royole ဟာ ပြီးခဲ့တဲ့နှစ်အတွင်း Samsung နဲ့ Huawei တို့ကိုကျော်ပြီး ကမ္ဘာ့ပထမဆုံး ခေါက်စမတ်ဖုန်း ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Roy၀le ဖုန်းဟာ ကျရှုံးခဲ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ကုမ္ပဏီက Flexpai 2 အမည်ရ မျိုးဆက်သစ်ဖုန်း တစ်မျိုးကို ရှန်းဇန့်မြို့ကနေ တိုက်ရိုက်ထုတ်လွှင့် မိတ်ဆက်လိုက်ပါတယ်။ Royole ရဲ့ Flexpai 2 ကတော့ စာအုပ်နဲ့တူပါတယ်။ ဖုန်းကို အပြင်ဘက်ဖြန့်လိုက်ရင် ၇.၈ လက်မ မျက်နှာပြင် ဖြစ်သွားပါမယ်။ ဖုန်းမှာ Snapdragon 865 chipset အသုံးပြုထားပြီး ဘက်ထရီ 4,450mAh နဲ့ ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ 5G လည်းထောက်ပံ့ထားပြီး အမေရိကန်၊ ဥရောပနဲ့ တရုတ်ကွန်ရက်တွေမှာ […]
Read Moreတရုတ်မှာ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ Nokia Power Earbuds ကို တစ်ကမ္ဘာလုံးဆီ စတင် တင်ပို့ရောင်းချနေပါပြီ။ Power Earbuds ကို အနက်နဲ့ မီးခိုး အရောင် ၂ မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး နားကြပ်မှာ ၆ မီလီမီတာ graphene driver ယူနစ် အသုံးပြုထားတာကြောင့် အသံအရည်အသွေး မြင့်ပါတယ်။ Google Assistant နဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။ Nokia Power Earbuds မှာ Bluetooth 5.0 ပါဝင်ပြီး ပေ ၈၀၀ အကွာကနေ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် IP7 ထောက်ခံချက် ရရှိထားကာ ရေအောက်မှာ နာရီဝက်အထိ အထားခံပါတယ်။ Nokia Power Earbuds ကို […]
Read MoreFacebook ဟာ အမေရိကန်သမ္မတလောင်း ရွေးကောက်ပွဲ အပါအဝင် လက်ရှိဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေတင်ပြီး တရုတ်နဲ့ ပတ်သက်နေတဲ့ account အတု၊ group တွေနဲ့ page ၁၈၁ ခုကို ဖြုတ်ချလိုက်ပါတယ်။ အဲဒီ account တွေက သုံးစွဲသူတွေဟာ အစိုးရ ဒါမှမဟုတ် နိုင်ငံရပ်ခြားအဖွဲ့အစည်းကိုယ်စား content တင်ဖို့ ရည်ရွယ်ချက်ရှိပြီး မူလရုပ်ကို ဖုံးကွယ်ဖို့ ကြိုးစားမှုက account စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ account တွေက တရုတ်က ဖူကျန်စီရင်စု ဆက်စပ်ပြီး သုံးစွဲသူက virtual private network တွေသုံးပြီး ကိုယ်ရေးအချက်အလက်ကို ဖုံးကွယ်ဖို့ကြိုးစားခဲ့တယ်။ Facebook ကတော့ အဲဒီ account တွေက တရုတ်အစိုးရနဲ့ ပတ်သက်တဲ့ အထောက်အထား […]
Read Moreနာမည်ကျော် Fall Guys: Ultimate Knockout ဂိမ်းကတော့ မိုဘိုင်းဗားရှင်း ထွက်လာပါတော့မယ်။ တရုတ်ဖျော်ဖြေရေးကုမ္ပဏီ Bilibili က Fall Guys မိုဘိုင်းဗားရှင်း မူပိုင်ခွင့်ကို ဝယ်ယူထားတယ်လို့ ဂိမ်းလေ့လာဆန်းစစ်သူ ဒန်နီရယ်အာမတ်က tweet လုပ်ခဲ့ပါတယ်။ တရုတ်ပြည်မှာပဲ ဂိမ်းကို ဖြန့်ချိပါမယ်။ Bilibili ဝက်ဘ်ဆိုက်မှာတော့ တရုတ်ပြည်သီးသန့်ပဲ Fall Guys မိုဘိုင်းဂိမ်းကို ဖြန့်ချိမယ်လို့ ဖော်ပြထားပါတယ်။ တရုတ်ပြည်မှာလည်း Fall Guys ကွန်ပျူတာနဲ့ PS4 ဗားရှင်း နာမည်အတိုင်းပဲ ဖြန့်ချိပါမယ်။ Fall Guys ဂိမ်းကို PS4 နဲ့ ကွန်ပျူတာအတွက် ဒီလအစောပိုင်းမှာ ဖြန့်ချိပြီးနောက်ပိုင်း အလွန်အမင်း ရေပန်းစားခဲ့ပြီး ပထမဆုံး ၂၄ နာရီ အတွင်း ကစားသူ ၁.၅ […]
Read Moreတရုတ်(တိုင်ပေ) က တရုတ်နိုင်ငံက Baidu နဲ့ Tencent ကဗီဒီယိုဝန်ဆောင်မှုတွေကို ပယ်ဖျက်ဖို့ စဉ်းစားနေပါတယ်။ တရုတ်(တိုင်ပေ) နိုင်ငံအတွင်း Baidu ရဲ့ iQiyi နဲ့ Tencent ရဲ့ WeTV တို့ဟာ တရားမဝင်ပေမယ့် တရားရေးဆိုင်ရာ အားနည်းချက်ကြောင့် ဒေသတွင်းကုမ္ပဏီနဲ့ ပူးပေါင်းခွင့်ပြုထားရပါတယ်။ ထိုင်ဝမ်ကုမ္ပဏီတွေ အနေနဲ့ စက်တင်ဘာ ၃ ရက်မှာ အဲဒီဝန်ဆောင်မှုတွေကို မထောက်ပံ့တော့ဘူးလို့ ထိုင်ဝမ် စီးပွားရေးရာဝန်ကြီးဌာနက ပြောထားပါတယ်။ တရုတ် နည်းပညာကုမ္ပဏီအနေနဲ့ ပထဝီနိုင်ငံရေးအရ အခြားဈေးကွက်တွေထဲ ဝင်ရောက်ရာမှာ အခက်အခဲတွေ့နေပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ကလည်း Tencent ရဲ့ WeChat ကိုပိတ်ပင်လိုပြီး ByteDance က TikTok အမေရိကန်လုပ်ငန်းစုကို ရောင်းချဖို့ ညွှန်ကြားထားပါတယ်။ တရုတ်က တရုတ်(တိုင်ပေ) ကို ကိုယ်ပိုင်နယ်မြေတစ်ခုလို့ […]
Read Moreအိန္ဒိယအစိုးရက TikTok, WeChat နဲ့ Mi Community အပါအဝင် မိုဘိုင်း app ၅၉ ခုကို ပိတ်ပင်လိုက်ပါတယ်။ Android နဲ့ iOS ပေါ်က တချို့ မိုဘိုင်း app တွေက အခွင့်မရှိဘဲ သုံးစွဲသူအချက်အလက်တွေကို အိန္ဒိယပြင်ပက ဆာဗာတွေဆီ ပေးနေတယ်ဆိုတဲ့ အစီရင်ခံစာတွေကို ရင်းမြစ်အမျိုးမျိုးကနေ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန လက်ခံရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဆိုက်ဘာပြစ်မှုဖော်ထုတ်ရေး စင်တာ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကွန်ပျူတာအရေးပေါ်အခြေအနေတုံ့ပြန်ရေး (CERT-IN) ကအစီရင်ခံစာအရ အိန္ဒိယအစိုးရ ပိတ်ပင်လိုက်တဲ့ app တွေဟာ နိုင်ငံသား တစ်ကိုယ်ရေလုံခြုံမှုကို အန္တရာယ်ပေးနိုင်ကာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။ အိန္ဒိယအစိုးရက တချို့ app တွေ သုံးစွဲမှုကို မိုဘိုင်းနဲ့ မိုဘိုင်းမဟုတ်တဲ့ ထုတ်ကုန်နဲ့ပါ ခွင့်မပြုဖို့ […]
Read Moreထိုင်းနိုင်ငံအတွင်း 5G ဖွံ့ဖြိုးတိုးတက်မှုကို ချောမွေ့စွာ ဖော်ဆောင်ရန်နှင့် ဒီဂျစ်တယ်စီးပွားရေးကို မြှင့်တင်ရန်အတွက် ထိုင်း ဝန်ကြီးချုပ် Prayut Chan-o-cha က ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် အဖွဲ့ဝင် ၂၆ ဦးပါ နိုင်ငံတော်အဆင့် 5G ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီက အသုံးမပြုတော့သော spectrum တွေကို အမျိုးသားအဆင့် ရုပ်သံထုတ်လွှင့်မှုနဲ့ တယ်လီကွန်းဆက်သွယ်ရေး ကော်မရှင် (NBTC) မှ လျော်ကြေးပေး၍ ပြန်လည်ရုပ်သိမ်းခြင်းနဲ့ သက်ဆိုင်တဲ့ အဟန့်အတားများ ဖြေရှင်းခြင်းများကိုလည်း ဆောက်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါကော်မတီက 5G ဖွံ့ဖြိုးရေးဆိုင်ရာ ပံ့ပိုးမှုအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန် မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ဒုတိယဝန်ကြီးချုပ်တွေဖြစ်တဲ့ Somkid Jatusripitak၊ Prawit Wongsuwon […]
Read Moreအိန္ဒိယအစိုးရက ကိုရိုနာဗိုင်းရပ်စ်ကို ခြေရာခံဖို့ မိုဘိုင်းတည်နေရာအခြေခံ Aarogya Setu (သက္ကတကနေ ဘာသာပြန်ရင် “ကျန်းမာရေးပေါင်းကူးတံတား”လို့ဆိုနိုင်) အအမည်ရ app ကိုဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ App ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ ဖုန်းတည်နေရာနဲ့ Bluetooth ကိုအသုံးပြုပြီး အတည်ပြုထားတဲ့ လူနာစာရင်းအရ COVID-19 ကူးစက်ခံရတဲ့ လူအနီးအနားမှာ ရှိ၊ မရှိကို သိနိုင်ပါတယ်။ အချက်အလက်တွေကို encrypt လုပ်ထားတယ်လို့ သိရပါတယ်။ သုံးစွဲသူရဲ့ အနီးအနားမှာ ရောဂါကူးစက်ခံရတဲ့ လူနာရှိ၊ မရှိကို စစ်ဆေးနိုင်ဖို့ အမည်မဖော်ပြထားတဲ့ပုံစံနဲ့ အချက်အလက်ကို ဆာဗာဆီပို့ပေးပါမယ်။ အဲဒီအတွက် app ဟာ Bluetooth ကိုအမှီပြုထားကာ ၆ ပေအတွင်း ရောဂါကူးစက်ခံထားရသူ ရှိ၊ မရှိ သိနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူမှာ ကိုရိုနာဗိုင်းရပ်စ်ရှိတာ ဒါမှမဟုတ် […]
Read More