Profile

Profile Sub menu under More

ရှောလ်ဖန်နီ

[ Zawgyi ] ရှောလ်ဖန်နီကို ၁၉၈၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘရော့တန်မြို့မှာမွေးဖွားခဲ့ပါတယ်။ ရှောလ်ဖန်နီဟာ ကွန်ပျူတာပရိုဂရမ်မာ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်နဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ၁၉၉၉ ခုနှစ်မှာ ပထမဆုံးနာမည်ကျော် peer-to-peer (P2P) file sharing platform တွေထဲက တစ်ခုဖြစ်တဲ့ Napster ကိုဖန်တီးခဲ့ပါတယ်။ Napster ရဲ့ရေပန်းစားမှုက အလွန်ပျံ့နှံ့ခဲ့ပြီး Time မဂ္ဂဇင်းမှာ ဖန်နီရုပ်ပုံကို ဖော်ပြခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်၊ ဇွန်လ ၁ ရက်မှာ Napster ကနဦး beta ပရိုဂရမ်ကို ဖြန့်ချိခဲ့ပြီး အမေရိကန်အရှေ့မြောက်က ကောလိပ်ကျောင်းသား ရာပေါင်းများစွာက သီချင်းအရောင်းအဝယ် ပြုလုပ်ခဲ့ပါတယ်။ ရှောင်ပါကားကလည်း Napster တွဲဖက်တည်ထောင်သူ တစ်ဦးဖြစ် […]

Read More

Napster ကို တွဲဖက်တည်ထောင်ခဲ့သူ ရှောင်ပါကား

[ Zawgyi ] ရှောင်ပါကားဟာ အမေရိကန်စွန့်ဦးတီထွင် လုပ်ငန်းရှင်နဲ့ ပရဟိတ သမားတစ်ဦးဖြစ်ပြီး ဖိုင်တွေဝေမျှတဲ့ ကွန်ပျူတာ ဝန်ဆောင်မှု Napster ကို တွဲဖက်တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook ရဲ့ပထမဆုံး ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ပါကားဟာ Plaxo, Causes, Airtime.com နဲ့ မြို့တော်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေအတွက် အွန်လိုင်း platform ဖြစ်တဲ့ Brigade ကို တွဲဖက်တည်ထောင်ခဲ့ပါတယ်။ ရှောင်ပါကားအနေနဲ့ သက်ရှိ သိပ္ပံဥယျာဉ်၊ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာ ရေးနဲ့ မြို့တော်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေကို အာရုံစိုက်တဲ့ ပါကားဖောင်ဒေးရှင်း တည်ထောင်သူနဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့ Forbes ရဲ့ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းမှာ ရှောင်ပါကားဟာ […]

Read More

မာ့ခ်ဇူကာဘတ်

[ Zawgyi ] မာ့ခ်အီလီယော့ဇူကာဘတ်ကို ၁၉၈၄ ခုနှစ် မေလလ၊ နယူးယောက်ပြည်နယ် ဝှိုက်ပလိန်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ မာ့ဇူကာ ဘတ်ဟာ အမေရိကန်နိုင်ငံသား နည်းပညာစွန့်ဦတီထွင်လုပ်ငန်းရှင်နဲ့ ပရဟတိသမားဖြစ်ပြီး Facebook ကိုတွဲဖက်တည် ထောင်သူဖြစ်သလို ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်ပါတယ်။ နယူးယောက်ပြည်နယ် ဝှိုက်ပလိန်းမြို့မှာ မွေးဖွားခဲ့သူ ဇူကာဘတ်အနေနဲ့ ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ဟားဗတ်က အဆောင်ခန်းမှာ ဇူကာဘတ်ဟာ ကောလိပ်အခန်းဖော်တွေဖြစ်တဲ့ အက်ကွာဒိုဆာဗရင်း၊ အန်ဒရူးမက်ကိုလန်၊ ဒက်စတင်မော့ကိုဗစ်နဲ့ ခရစ္စဟုခ်ျ့တို့နဲ့ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှာ Facebook ကို စတင်ခဲ့ပါတယ်။ မူလက Facebook ဟာ ကောလိပ်ကျောင်းဝန်းတွေကို ရွေးချယ်ဖို့အတွက် စတင်လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း အဲဒီဝက်ဘ်ဆိုက်က ကျယ်ပြန့်လာပြီး ကောလိပ်ပြင်ပအထိ ပျံ့နှံ့သွားခဲ့ […]

Read More

အက်ကွာဒိုဆာဗရင်း

[ Zawgyi ] အက်ကွာဒိုလူးဝစ်ဇ်ဆာဗရင်းကို ၁၉၈၂ ခုနှစ်၊ မတ်လ ၁၉ရက်၊ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ အက်ကွာဒိုဆာဗရင်းဟာ ဘရာဇီးနွယ်ဖွား စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်ပြီး Facebook တည်ထောင်ခဲ့သူ ၄ ဦးထဲမှာ ပါဝင်သူလည်း ဖြစ်သလို start-up ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံနေသူလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆာဗရင်းဟာ Facebook ရှယ်ယာ ၅၃ သန်း ပိုင်ဆိုင်ပြီး တစ်ကိုယ်ရေ ပိုင်ဆိုင်မှုတန်ဖိုးက ၁၁.၁ ဘီလျံရှိတယ်လို့ Forbes ကဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဆာဗရင်းဟာ Qwiki နဲ့ Jumio တို့လို startup တွေမှာ အစောပိုင်းကတည်းက ရင်းနှီးမြှုပ်နှံထားပါတယ်။ ဆာဗရင်းအနေနဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်နိုင်ငံသားခံယူခွင့် စွန့်လွှတ်ခဲ့တာကြောင့် […]

Read More

Facebook တွဲဖက်တည်ထောင်သူ တစ်ဦးဖြစ်သူ ဒက်စတင်မော့ကိုဗစ်

[ Zawgyi ] ဒက်စတင်အာရွှန်မော့ကိုဗစ်ကို ၁၉၈၄ ခုနှစ်၊ မေလ ၂၂ ရက်၊ ဖလော်ရီဒါပြည်နယ် ဂိမ်းစ်ဗီမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အမေရိကန် စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ပြီး မာ့ခ်ဇူကာဘတ်၊ အက်ကွာဒိုဆာဗရင်း၊ အန်ဒရူးမက်ကိုလမ်နဲ့ ခရစ္စဟုခ်ျ့တို့နဲ့အတူ Facebook ကို တည်ထောင်ခဲ့ပါတယ်။ မော့ကိုဗစ်ဟာ မာ့ခ်ဇူကာဘတ်ထက် ၈ နှစ်ငယ်ပါတယ်။ ၂၀၀၈ ခုနှစ် ဒက်စတင်မော့ကို ဗစ်ဟာ ဂျက်စတင်ရိုဆန်စတိန်းနဲ့ Asana ကို တွဲဖက်တည်ထောင်ဖို့ Facebook က ထွက်ခွာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လမှာ Forbes က Facebook အတွင်း မော့ကိုဗစ်ပိုင်ဆိုင်တဲ့ ၂.၃၄ ရာခိုင်နှုန်း ရှယ်ယာအပေါ်မူတည်ပြီး သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန် ဘီလျံနာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူဟာ […]

Read More

Dropbox တွဲဖက်တည်ထောင်သူ ဒရူးဟူစတန်

[ Zawgyi ] ဒရူးဟူစတန်ဟာ အွန်လိုင်း backup နဲ့ storage ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Dropbox တွဲဖက်တည်ထောင်သူနဲ့ အမှုဆောင်အရာရှိ ချုပ်အဖြစ် လူသိများတဲ့ အမေရိကန် အင်တာနက် စွန့်ဦးတီထွင်ရှင် တစ်ယောက်ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့အဆိုအရ သူ့ရဲ့ အသား တင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃ ဘီလျံရှိပါတယ်။ ဒရူးဟာ ၂၀၁၈ ဖေဖော်ဝါရီ ၂၃ ရက်က IPO အတွက် မလျှောက်ခင် Dropbox မှာ voting power ၂၄.၄ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒရူးဟူစတန်ကို ၁၉၈၃ ခုနှစ်က မက်ဆာချူးဆက်ပြည်နယ်၊ အက်တွန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၉၀ ခုနှစ်တွေမှာ အက်တွန်-ဘောက်ဇ်ဘရော့ အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မက်ဆာချူးဆက် […]

Read More

GUSTO College

[ Zawgyi ] GUSTO College ကို ၂၀၀၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားပေါင်း ၁၂,၀၀၀ ကျော်မွေးထုတ်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ အကြီးမားဆုံး ပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Pearson နဲ့ ၂၀၁၂ ခုနှစ်ကတည်းက ချိတ်ဆက်ခဲ့ပြီး HND diploma အတန်းများ စတင်ဖွင့်လှစ်သင်ကြား ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အင်္ဂလန်နိုင်ငံရဲ့ UK’s Top 10 Modern University တစ်ခုဖြစ်တဲ့ University of Glouce-stershire နဲ့ မိတ်ဖက်တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့ပြီး HND ပြီးမြောက်တဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ပြည်တွင်းရှိ GUSTO College မှာပင်နောက်ဆုံးနှစ် BSc (Hons) Computing နဲ့ BA […]

Read More

STAR ACADEMY

[ Zawgyi ] STAR ACADEMY ဟာ မြန်မာနိုင်ငံရဲ့ ဟိုတယ်နှင့် ခရီးသွား လာရေးဆိုင်ရာ ပညာရပ်တွေကို သင်ကြားပေးနေတဲ့ ထင်ရှားတဲ့ Private Institute တစ်ခုဖြစ်ပါတယ်။ သင်တန်းကျောင်းကို ဟိုတယ်လုပ်ငန်း အတွေ့အကြုံနောက်ခံရှိတဲ့ လူငယ်အမျိုးသမီး စွန့်ဦးတီထွင်သူ ဒေါ်နေရည်အောင်က ၂၀၀၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးတော့ ဟိုတယ်လုပ်ငန်း အတွေ့အကြုံရှိသူတွေနဲ့ သင်ရိုးများရေးဆွပြီး လူငယ်လူရွယ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့တာ ယခုဆိုရင် (၁၃) နှစ်တာ ကာလအတွင်းမှာ သင်တန်းသားပေါင်း (၂၀,၀၀၀) ကျော် လေ့ကျင့်ပေးခဲ့တဲ့ အောင်မြင်စွာရပ်တည်နေတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ စတင်ခဲ့စဉ်က STAR RESOURCES ACADEMY ဖြင့် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ယခု STAR ACADEMY အမည်ကို ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ […]

Read More

Kaplan Myanmar University College

[ Zawgyi ] နိုင်ငံတကာပညာရေးနယ်ပယ်မှာ နှစ်ပေါင်း ၈၀ ကျော်အောင်မြင်စွာ ရပ်တည်လျက်ရှိတဲ့ Kaplan International ပညာရေး အဖွဲ့အစည်းကြီးရဲ့ကျောင်းခွဲဖြစ်တဲ့ Kaplan Myanmar University College အကြောင်း သိကောင်းစရာများ Kaplan Myanmar University College သည် အမေရိကန်နဲ့ စင်္ကာပူနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၀) ကျော်မှာ ကျောင်းပေါင်း (၄၀၀) ကျော် ဖွင့်လှစ်ထားတဲ့ Kaplan International ပညာရေးအဖွဲ့အစည်းကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ ပြည်တွင်းမှာပဲ အရည်အသွေး မြင့်ပညာတွေ ဆည်းပူးပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရှာဖွေနိုင်ဖို့အတွက် နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်တွေနဲ့ ပံ့ပိုးပေးနိုင်ဖို့အပြင် မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကပညာရေးကဏ္ဍမှာ ဦးဆောင်နိုင်သူ ဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Kaplan Myanmar […]

Read More

Airbnb တွဲဖက်တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ဂျိုးဂတ်ဘီယာ

[ Zawgyi ] ဂျိုးဆက်ဇ်ဂျိုးဂတ်ဘီယာဂျူနီယာကို ၁၉၈၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံသား ဒီဇိုင်နာနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။ Airbnb ကို တွဲဖက်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်သလို ထုတ်ကုန်ပိုင်းဆိုင်ရာ အကြီးအကဲအရာရှိလည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ဂတ်ဘီယာဟာ BusinessWeek ရဲ့ အကောင်းဆုံး ထိပ်တန်းလူငယ် နည်းပညာစွန့်ဦးတီထွင်လုပ်ငန်းရှင် ၂၀ စာရင်းမှာ ပါဝင်လာပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ Inc.Magazine ရဲ့ Thirty under Thirty နဲ့ ၂၀၁၃ ခုနှစ်မှာတော့ Fortune Magazine ရဲ့ Forty-under-Forty မှာလည်း ပါဝင်ခဲ့ပါတယ်။ ဂျိုးဂတ်ဘီယာအနေနဲ့ ဂျောဂျီယာပြည်နယ်၊ ဂွင်နက်ကောင်တီ၊ ဆနဲဗီးလ်မြို့က […]

Read More