ပြိုင်ပွဲကို ဘယ်လိုရည်ရွယ် ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါလဲ? ပြိုင်ပွဲဝင်ပြိုင်ဖြစ်သွားတာကို ပြောရမယ်ဆိုရင် COVID ကာလ မတ်လကုန် ကျွန်တော်တို့ Strategy First University က သင်တန်းတွေပိတ်ရတဲ့ အချိန်မှာ SFUx ဆိုတဲ့ Online ကနေဗီဒီယိုနဲ့ သင်ကြားမှုတွေ စတင်ခဲ့ပါတယ်။ (၂) လအတွင်းမှာ ကျောင်းသား၊ ကျောင်းသူ ထောင်ကျော်ရဲ့အားပေးမှုကို ရရှိတဲ့အခါ ကျောင်းတွေ ပိတ်ထားရတဲ့ အခြေခံပညာအတန်းတွေ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက်လည်း တစ်ခုခုလုပ်ပေးဖို့စဉ်းစားမိပါတယ်။ ဒီလိုနဲ့ကလေးတွေ ပညာရေးအတွက် Waso Learn – ဝါဆိုလန်း Application ကို လူမှုအကျိုးပြု လုပ်ငန်းတစ်ခုအနေနဲ့ ဇွန်လဆန်းမှာ စတင်ဖြစ်ခဲ့ပါတယ်။ အစက အင်္ဂလိပ်စာကျွမ်းကျင်ရေးအတွက် တစ်ဘာသာတည်းလုပ် ပေးဖို့ စဉ်းစားခဲ့ပေမယ့် ကျောင်းတွေမဖွင့်နိုင်သေးတဲ့အတွက် ဘာသာစုံအတန်းစုံလုပ်ပေးဖို့ […]
Read Moreနေပြည်တော်ကောင်စီနယ် မြေ၊ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်ရှိ စဉ့်အိုးဖို ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ မြတ်စေတနာရှင် ဘာသာလူမှု အထောက်အကူပြုအဖွဲ့က ကြီးမှူးပြုလုပ်တဲ့ စဉ့်အိုးဖို ကျောင်းတိုက် ပညာဒါန သင်တန်းတွေနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့အတွင်းရေးမှူး ဦးတနိုင်ခနဲ့ မေးမြန်းခဲ့ပါတယ်။ မြတ်စေတနာရှင် ဘာသာလူမှု အထောက်အကူပြုအဖွဲ့က ပညာရေးအတွက် ငွေကြေးနွမ်းပါးတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေကို ထောက်ပံ့တဲ့လုပ်ငန်းအပြင် အခြားလုပ်ငန်းစဉ်တွေအများကြီး ရှိတယ်ဆိုတာကိုတော့ သိထားပါတယ်။ စဉ့်အိုးဖိုကျောင်းတိုက် ပညာဒါနသင်တန်းများကရော ဘယ်လိုပေါ်ပေါက်လာပါသလဲ ခင်ဗျ။ အခြေခံပညာအထက်တန်း ကျောင်းပညာရပ်ဖြစ်တဲ့ နဝမတန်းနဲ့ ဒဿမတန်းကို ဒီကျောင်းမှာ အတွေ့အကြုံရင့် ကျောင်း ဆရာ/ဆရာမများကနေ သင်ကြားပေးခဲ့တာပါ။ ပညာဒါနသင်တန်းက ဘယ်ကစဖြစ်လာလဲဆိုရင် အရင်းခံက စာကြည့်တိုက်ပဲ။ ဆရာတော်ဦးသူရိယက ၂၀၁၅ လောက်မှာ စတင်လှူဒါန်းတည်ထောင်ပြီး ဆွေတော်မျိုးတော်တွေရဲ့ ကောင်းမှုနဲ့ လူငယ်စာကြည့်တိုက် ဖြစ်ပေါ်လာတယ်။ စာကြည့်တိုက် […]
Read More[ Zawgyi ] ကျောင်းပညာပြီးဆုံးအောင် မသင်နိုင်ဘဲ လုပ်ငန်းခွင် ဝင်ရောက်ရတဲ့သူတွေအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု တတ်မြောက်ဖို့က အရေးကြီးပါတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ ဦးဆောင်မှုနဲ့ စုအသက်မွေးဝမ်းကျောင်းသိပ္ပံကို ဖွင့်လှစ်သင် ကြားပေးခဲ့ပါတယ်။ ကျောင်းကို စတင်ဖွင့်လှစ်ချိန်မှာ စိတ်ဝင်စားမှု နည်းတာကြောင့် တက်ရောက်သူ နည်းပါးပေမယ့် လက်ရှိမှာတော့ ကျောင်းတက်ဖို့ လျှောက်ထားသူတွေ များလာပါတယ်။ စုအသက်မွေး ဝမ်းကျောင်း သိပ္ပံ (လှိုင်သာယာ) ရဲ့ ကျောင်းသား လက်ခံသင်ကြားပေးမှု အခြေနေတွေနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနဲ့ တွေ့ဆုံမေးမြန်းမှုတွေထဲက တချို့ကို ကောက်နုတ်ဖော်ပြပါတယ်။ လက်ရှိမှာ ဘယ်လိုသင်တန်းတွေကို ဖွင့်လှစ်ထားသလဲ။ ကျွန်မတို့ အသက်မွေးဝမ်းကျောင်းသိပ္ပံ လှိုင်သာယာက ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာစပြီး […]
Read More[ Zawgyi ] CVT Myanmar က ဆွစ်ဇာလန်နိုင်ငံမှ သက်ဆိုင်ရာ စာတွေ့၊ လက်တွေ့ အလုပ်သင် သင်တန်းကျောင်းတွေနဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ နည်းပညာတွေနဲ့ ချိတ်ဆက်ကာ သင်ရိုးညွှန်းတမ်းတွေ ကို နှစ်စဉ်ခေတ်နဲ့အညီမြန်မာနိုင်ငံ ရဲ့ လိုအပ်ချက်အတိုင်း ပြင်ဆင်သင်ကြားပို့ချပေးလျက် ရှိပါတယ်။ ဒီလို သင်ကြားပေးတာတွေနဲ့ ပတ်သက်ပြီး အင်တာနက်ဂျာနယ် စာဖတ်ပရိသတ်တွေ အသေးစိတ်သိရှိနိုင်ဖို့အတွက် CVT Myanmar မှ အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ Center for Vocational Training ကျောင်းအနေနဲ့ လက်ရှိဖွင့်လှစ်ထားတဲ့ သင်တန်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ လူငယ်တွေ အသက်မွေးမှုပညာရပ်တစ်ခု တတ်မြောက်ထားဖို့ အမှန်တကယ် လိုအပ်လှပြီး အလုပ်လုပ်ရင်း ကုန်ကျစရိတ်မရှိတဲ့ သင်တန်းတွေ သင်ယူလေ့လာလို့ရအောင် အတတ်ပညာ ၅ […]
Read More[ Zawgyi ] မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်း (Myanmar Mobile Industry Association) အနေနဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး လက်ရှိအချိန်အထိ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး အင်တာနက်ဂျာနယ်ကို ဖတ်ရှုနေတဲ့ စာဖတ်ပရိသတ်တွေ သိရှိစေဖို့ အတွက် ယခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။ အသင်းစတင်ဖွဲ့စည်းဖြစ်တာ ဘယ်အချိန်လောက်ကပါလဲ။ မြန်မာနိုင်ငံမိုဘိုင်း လုပ်ငန်းရှင်များအသင်း (Myanmar Mobile Industry Association) MMIA က ဧပြီ ၂၂ ရက်မှာ ပဲသန္ဓေတည် ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ အဲ့ဒီကနေစပြီးတော့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ရည်ရွယ်ချက်ကို သိပါရစေ။ အဓိကရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မိုဘိုင်းလုပ်ငန်းရှင်တွေကို အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အေးချမ်းစွာလုပ်ကိုင်နိုင်ရန် ရည်ရွယ်ပါတယ်။ ပြီးတော့ အဲ့လိုပဲ နိုင်ငံတော်အစိုးရကိုလည်း လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို တင်ပြပေးဖို့ရယ်။ အခက်အခဲတွေ […]
Read More[ Zawgyi ] အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်ရဲ့ စီမံခန့်ခွဲမှုစနစ်ကို အွန်လိုင်းစနစ် ပြောင်းလဲခြင်းနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်ထွေးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ကောလိပ်မှာ ကျောင်းသား၊ကျောင်းသူ ဘယ်လောက်ရှိပါသလဲ။ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှာ လက်ရှိတက် ရောက်နေတဲ့ ကျောင်းသား ကျောင်းသူဦးရေ (၁၆၀၀) ခန့်ရှိပြီး အထူးပြုဘာသာရပ် (၄) ခုနဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ အွန်လိုင်းစနစ်ပြောင်းလဲဖို့ စတင်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးပြောပြပေးပါအုံး။ ကျောင်းနဲ့ပတ်သတ်တဲ့ စီမံခန့်ခွဲမှုတွေအပါဝင် ကျောင်းအပ်နှံတာ၊ ငွေသွင်းတာတွေအပြင် ဝန်ထမ်းတွေအတွက် လစာတွက် ချက်မှုတွေကအစ အွန်လိုင်း အသုံးပြုစနစ်ကို ပြောင်းလဲမှာဖြစ်ပါ တယ်။ ပြောင်းလဲမယ့်စနစ်နဲ့ ပတ်သတ်ပြီး Management Online စနစ်ကို လုပ်ဖို့အတွက် payment စနစ်တွေပြောင်းမယ်။ အွန်လိုင်းနဲ့ ဖြစ်ရမယ် ။ ဆရာမတို့ […]
Read More[ Zawgyi ] Facebook နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို အင်တာနက်ဂျာနယ် စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့အတွက် Facebook မှ တာဝန်ရှိသူတစ်ဦးနဲ့ ယခုလိုတွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။ Facebook ရဲ့ ပလက်ဖောင်းမှာ အမုန်းစကားနဲ့ လူအချင်းချင်း ခွဲခြားဆက်ဆံခံရတာတွေကို အရေးယူဖို့အတွက် ဘယ်လိုမူဝါဒတွေ ချမှတ်ထားလဲ။ Facebook ရဲ့ လူမှုအသိုင်းအဝိုင်း စံနှုန်းတွေဟာ Facebook ပေါ်မှာ ဘယ်အရာက ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတာကို အကြမ်းဖျင်း ဖော်ပြပေးတဲ့ စည်းမျဉ်းတွေ ဖြစ်တယ်။ ဒီစည်းမျဉ်းတွေကို အများနားလည် လက်ခံနိုင်အောင် ချမှတ်ရေးဆွဲထားပြီး Facebook က လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုလို့ သတ်မှတ်ထားတဲ့ လူမျိုး၊ တိုင်းရင်းသား၊ မွေးဖွားရာနိုင်ငံ၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု၊ လူတန်းစား၊ လိင်၊ ကျားမ၊ ကျားမ ခွဲခြားသတ်မှတ်မှုနဲ့ […]
Read More[ Zawgyi ] မြန်မာနိုင်ငံမှာ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေနဲ့ နိုင်ငံတကာ သင်ရိုးနဲ့သင်ကြားတဲ့ ကျောင်းတွေကို တရားဝင်ဖွင့်လှစ် ခွင့်ပြုလိုက်ခြင်းနဲ့ ပတ်သက်ပြီး Yangon American International School ရဲ့ Advisor ဖြစ်သူ Mr. Darius Shey နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မြန်မာနိုင်ငံအစိုးရရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်နေတဲ့ အပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။ မြန်မာအစိုးရရဲ့ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ ကဏ္ဍအလိုက် လုပ်နေတယ်ဆိုတာ သိပါတယ်။ အဲထဲကတစ်ခုအနေနဲ့ ပြောရရင် အခုရန်ကုန်အမေရိကန် ကျောင်းဖွင့်ခွင့်ပြုတယ်ဆိုတာလည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဖွင့်လှစ်ခွင့်ပြုတယ် ဆိုတာပါ။ ကျောင်းဖွင့်ခွင့်ရဖို့လည်း အများကြီးဆွေးနွေးခဲ့ရပါတယ်။ ကျောင်းဖွင့်ရင်မြန်မာနိုင်ငံရဲ့ ပညာရေးအတွက် ဘယ်လိုအထောက်အကူတွေ ဖြစ်လာနိုင်တယ် ဆိုတာတွေကို ပြောပြပြီး အချိန်ယူဆွေးနွေးရတာပါ။ မြန်မာပြည်ရဲ့ ပညာရေးမြှင့်တင်မှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတာ […]
Read More[ Zawgyi ] နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) ရဲ့ ဖွင့်လှစ်နေတဲ့ သင်တန်းတွေနဲ့ လက်ရှိဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပါမောက္ခချုပ်ဒေါက်တာ ကြည်ရွှင်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ လက်ရှိ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဖွင့်လှစ်နေတဲ့ ဒီပလိုမာသင်တန်းတွေနဲ့ ပတ်သက်ပြီးပြောပြပေးပါ။ ဒီပလိုမာသင်တန်းတွေက မကြာခင်မှာဖွင့်တော့မယ်။ သင်ရိုးညွှန်းတမ်းတွေနဲ့တော့ အပြောင်းအလဲမရှိပါဘူး။ အင်္ဂလိပ်စာမေးခွန်းတွေက ဝင်ခွင့်စာမေးပွဲမေးတဲ့အခါမှာ အင်္ဂလိပ်စာမေးခွန်းဟာ မေးခွန်းပုံစံ သတ်မှတ်ချက် နဂိုထဲကမရှိပါဘူး။ ဒါပေမယ့် အသစ်ခေါ်ယူမယ့် ဘာသာရပ်တော့ရှိပါတယ်။ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဖွင့်လှစ်နေတဲ့ ဒီပလိုမာသင်တန်းတွေက ဒီမြန်မာနိုင်ငံ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်က အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ လက်ရှိဖွင့်လှစ်နေတဲ့ Diploma in China Studies က သင်ရိုးညွှန်းတန်းတွေကို ကိုယ်တိုင်ရေးဆွဲတယ်၊ ကိုယ်တိုင်စီစဉ်တယ်၊ ပူးပေါင်းဆောင်ရွက်တာကတော့ တရုတ်တက္ကသိုလ်တွေပါတယ်။ တရုတ်တက္ကသိုလ်တွေက သင်ရိုးရေးဆွဲဖို့တော့ မပါဘူး။ သူတို့တွေက ဘွဲ့ယူဖို့ […]
Read More[ Zawgyi ] အခုလက်ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ဘယ်လိုပညာရပ်တွေကို အဓိကထားသင်ကြားနေလဲ သိပါရစေ။ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နဲ့ ပြဇာတ်ဆိုပြီး ဌာနကြီး ၅ ခုခွဲပြီး သင်ကြားပေးနေပါတယ်။ အခုခေတ်မှာ မြန်မာ့အနုပညာထက် အဆို၊ အကပိုင်းမှာ နိုင်ငံခြားရေစီးကြောင်းတွေကို လူတွေပိုအလေးထားလာကြတဲ့အပေါ် ဘယ်လိုမြင်လဲ သိပါရစေ။ ဒီလို Globalization ခေတ်မှာမှ တိုးတက်တဲ့နိုင်ငံတွေဖြစ်တဲ့ အိမ်နီးချင်း နိုင်ငံတရုတ်တို့အပြင် အခြားနိုင်ငံတွေမှာလည်း ခေတ်ရေစီးကြောင်းဘက်ကို လူငယ်တွေ တော်တော် လိုက်လာကြတယ်။ ဂျပန်တို့၊ ကိုရီးယားတို့ တိုးတက်တဲ့ နိုင်ငံတွေမှာလည်း ဒီအတိုင်းပဲ ရိုးရာယဉ်ကျေးမှုဘက်ကို လူငယ်တော်တော်များများက POP, Rock တို့ ဘက်ကို လိုက်လာကြတယ်။ ကျွန်တော်တို့ ဒီနိုင်ငံကလည်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်တဲ့အတွက် […]
Read More