[ Zawgyi ] စွန့်စားခန်း ဂိမ်းတစ်ခုကို ရုပ်ထွက်ကောင်းကောင်းနဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကိုယ်တိုင်ရောက်ရှိနေသလို ခံစားကစားချင်သူတွေအတွက် အကောင်းဆုံးဖြစ်မယ့် ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးထားပြီး Wins စနစ်အပြင် OSX ရော Linux နဲ့ပါ ကစားနိုင်မယ်။ Console နဲ့ ဆိုရင်လည်း PS4 တွေ၊ Xbox One တွေအပြင် နောက်ဆုံး ထွက်ရှိလာတဲ့ Version က Nintendo Switch နဲ့ပါ ကစားနိုင်လာတာ တွေ့ရပါတယ်။ Single အနေနဲ့ပဲ ကစားနိုင်မယ်၊ ပုံမှန်တွေ့နေကျ စွန့်စားခန်းဂိမ်းတွေလို ဇာတ်လမ်းသွား တိုက်ခိုက်ရေး ပုံစံမဟုတ်ဘဲ တောတွင်းတစ်နေရာက မီးကင်းစောင့် ဝန်ထမ်းတစ်ယောက်အနေနဲ့ ကစားရမှာပါ။ ဂိမ်းကိုအခြေခံထားတာက Shoshone National […]
Read More[ Zawgyi ] ဒီတစ်ပတ်မှာတော့ ကစားရတာ နည်းနည်းဆန်းမယ့် ဂိမ်းသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၉၀ ဝန်းကျင်လောက်က ထွက်ရှိခဲ့တဲ့ Wonder Boy III: The Dragon’s Trap ဂိမ်းလေးနဲ့ ဆင်ပါတယ်။ ဒါပေမဲ့ အခုမှ နည်းပညာ အားကောင်းကောင်းနဲ့ စိတ်ဝင်စားစရာ ထွက်လာတော့ ကစားချင်စရာပါ။ တိုက်ခိုက်ရေး ဂိမ်းလည်းဟုတ်တယ်၊ ပဟေဠိတွေကို ဖြေရှင်းရမှုလည်း ပါမယ်၊ စွန့်စားခန်း ဇာတ်လမ်းသွား အနေနဲ့လည်း ကစားရမယ်၊ ကစားသူကို ရသအစုံပေးနိုင်မယ့် ဂိမ်းလေးပါပဲ။ Platform အစုံနဲ့လည်း ကစားနိုင်တော့ ပိုကောင်းတာပေါ့။ ဒါနဲ့ဆက်ပြီး ဘာကြောင့်ဆန်းတဲ့ ဂိမ်းလို့ပြောရတာလဲဆိုတော့ ဇာတ်ကောင်လေးက ပုံမှန်ဂိမ်းတွေမှာ လူသားဆိုရင်၊ လူသားအနေနဲ့ပဲ၊ စက်ရုပ်ဆိုရင်လည်း စက်ရုပ်အနေနဲ့ပဲ ကစားနိုင်တာ ဖြစ်ပေမယ့် အခုဂိမ်းမှာတော့ ဇာတ်ကောင်အနေနဲ့ […]
Read More[ Zawgyi ] ရုပ်ထွက်ကလည်း 3D ဇာတ် ကားတစ်ကားလားအောက် မေ့ရတယ်၊ ဇာတ်ဝင်သီးချင်းလေး တောင်ထည့်ထားသေးတယ်၊ ကမ္ဘာကျော် Country Road သီချင်းလေးနဲ့။ Online အနေနဲ့ ကစားရမယ်၊ တိုက်ခိုက်ရေးဂိမ်းဖြစ်ပြီး စိတ်ကူးယဉ်ဆန်ဆန် စွမ်းအားတွေ ပိုင်ဆိုင်တဲ့ ဂိမ်းဆိုတာထက် လက်တွေ့ကျကျ လူသားဆန်ဆန် တိုက်ခိုက်ရေးဂိမ်းသစ်ပါ။ Console သမားတွေအတွက်တော့ အခုလောလောဆယ် PS4 နဲ့ Xbox One တွေအတွက် အဆင်ပြေမယ်၊ ကွန်ပျူတာသမားတွေ အတွက်တော့ Wins သမားတွေ ကစားနိုင်နေပါပြီ။ ၂၀၁၈ အတွင်း ထွက်ရှိခဲ့တဲ့ ဂိမ်းတွေထဲမှာ ရုပ်ထွက်အကောင်းဆုံး ထိပ်ဆုံး ၁၀ စာရင်းဝင်ထားတဲ့ဂိမ်းပါ။ ကမ္ဘာမှာ မကြာခင် ဖြစ်ပွားနိုင်တယ်လို့ ယူဆနေကြတဲ့ နျုစစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ရမှာပါ။ ဒါဆိုရင်တော့ […]
Read More[ Zawgyi ] ကြယ်တာရာ စစ်ပွဲဇာတ် ကားတွေ ခေတ်စားနေချိန်မှာ စိတ်ကူးယဉ်ဆန်ဆန် ကြယ်တာရာစစ်ပွဲထဲမှာ ပါဝင်ချင်သူတွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Starlink အမည်သစ်နဲ့ ထွက်ရှိလာတာပါ၊ Battle for Atlas ဆိုပြီး Atlas စကြာဝဠာအတွက် တိုက်ပွဲတွေ ဝင်ရမှာဖြစ်ပါတယ်။ စွန့်စားခန်းလည်းပါတယ်၊ တိုက်ခိုက်မှုတွေလည်း လုပ်ရမယ်၊ ဇာတ်လမ်းသွားဆန်ဆန် ဆိုတာထက် ပေးအပ်လာတဲ့ တာဝန်အတိုင်း တစ်နေရာကနေ တစ်နေရာ သွားလာရင်း ရန်သူကို တိုက်ခိုက်ချေမှုန်းရမှာ ဖြစ်ပါတယ်။ အခုမှ လုံးဝအသစ်ထွက်ရှိ လာတာဖြစ်ပြီး Nintendo Switch, PS4 နဲ့ Xbox One လို Console တွေနဲ့ပဲ ကစားနိုင်အောင် ဖန်တီးထားပါတယ်။ ဂိမ်းမှာသဘောကျစရာ ကောင်းတဲ့ အချက်က ရုပ်ထွက်ပါ။ […]
Read More[ Zawgyi ] ဒီဂိမ်းလေးက ကျွန်တော်တို့နဲ့ ရင်းနှီးနေပြီးသား ဂိမ်းလေးဖြစ်မှာပါ။ ငယ်ငယ်ကလည်း ကစားဖူးမယ် ထင်ပါတယ်။ ဒါပေမဲ့ Update တွေလုပ်ပြီး Version အသစ်တွေ ထွက်နေတော့ မှတ်မိတော့မယ်တောင် မထင်ပါဘူး။ ဇာတ်ကောင်ကတော့ အရင်တွေ့ဖူးနေကျ ကောင်လေးပဲ။ Wins စနစ်နဲ့လည်းရမယ်၊ Console နဲ့ဆိုရင် PS4, Nintendo Switch နဲ့ Xbox One တွေ အားလုံးနဲ့ ကစားနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ တိုက်ခိုက်ရေး စခန်းသွားဂိမ်းဖြစ်ပြီးတော့ အားနည်းချက်အနေနဲ့ ပြောစရာဆိုလို့ Single တစ်ခုတည်းအနေနဲ့ပဲ ကစားနိုင်တာ တွေ့ရပါတယ်။ ဂိမ်းကစားရမှုအပိုင်းကို ကြည့်မယ်ဆိုရင် ဇာတ်လမ်းသွား ရိုးတယ်လို့ ဆိုနိုင်ပေမယ့် သွားနှုန်းမြန်ဆန်မှုက အမှားအယွင်း ကင်းကင်းနဲ့ လိုရာပန်းတိုင်ကို ရောက်အောင်သွားနိုင်ဖို့ ခက်ခဲ […]
Read More[ Zawgyi ] ငယ်ငယ်က ကစားခဲ့ဖူးတဲ့ မာရီယိုဂိမ်းနဲ့ ရမ်ဘိုဂိမ်းတွေကို ပေါင်းစပ်ဖန်တီးထားတယ်လို့ ဆိုရလောက်အောင် ခပ်ရိုးရိုးဖန်တီးထားတဲ့ ဂိမ်းသစ်တစ်ခုအကြောင်း နည်းနည်းပြောပြ ချင်ပါတယ်။ ဇာတ်ကောင်က မိန်းကလေး၊ သူ့နာမည်က Shantae၊ ပင်လယ်ဓားပြ ဇာတ်လမ်းသွားပုံစံပေါ့။ တစ်ခန်းပြီး တစ်ခန်း ရန်သူတွေကို တိုက်ခိုက်ပြီး အနိုင်ရအောင် ကစားရမယ့်ဂိမ်းပါ။ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးထားပြီး Nintendo 3DS လို စက်အနိမ့် ကနေ နောက်ဆုံးထုတ် Switch အထိအောင်လည်း ကစားနိုင်မယ်။ Wins စနစ်သုံး ကွန်ပျူတာတွေနဲ့လည်း ရမယ်၊ Amazon Fire TV တွေမှာလည်း ထည့်ကစားလို့ ရပါသေးတယ်။ Wii U နဲ့လည်း ကစားနိုင်တယ်၊ Xbox One အပါအဝင် […]
Read More[ Zawgyi ] အခုတစ်ပတ်မှာတော့ Switchနဲ့ ကစားနိုင်အောင် အသစ်ထွက်ရှိလာတဲ့ Update အသစ်ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Update လို့ ဆိုလိုက်တာကလည်း လုံးဝအသစ်အနေနဲ့ မဟုတ်ဘဲ Update အနေနဲ့ ထွက်လာတာကြောင့်ပါ။ ဒီဂိမ်းက ၂၀၁၄ ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး အဆိုပါ အချိန်က PS4 နဲ့ပဲ ကစားနိုင်ခဲ့တာပါ။ နောက်တော့ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးလာပြီး အခုတော့ Wins, OS X, Linux, iOS, tvOS တွေ အပြင် အခုနောက်ဆုံး Nintendo Switch နဲ့ပါ ကစားလာနိုင်တာ ဖြစ်ပါတယ်။ Apple TV ရှိသူတွေ Siri Remote နဲ့တောင် ကစားနိုင်တဲ့ ဂိမ်းလည်း […]
Read More[ Zawgyi ] မထင်မှတ်ဘဲ ဒီနှစ်ပိုင်းတွေမှာ သဘာဝလွန် စွမ်းအင်တွေ ပိုင်ဆိုင်တဲ့ သူရဲကောင်း ဇာတ်ကားတွေ လူကြိုက်များလာပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ ခေတ်လို့ဆို ရမလားပေါ့။ ဝင်ငွေအကောင်း ဆုံးနဲ့ ကြည့်ရှုသူ အများဆုံး ဇာတ်ကားစာရင်းမှာ Supernatural ဆိုတဲ့ သဘာဝလွန် စွမ်းအင်ပိုင်ဆိုင်သူတွေရဲ့ ဇာတ်ကားတွေ ထိပ်ပိုင်းက နေရာယူနေတာကို ကြည့်ရင်ပဲ သိနိုင်နေတယ် မဟုတ်လား။ ဒီတော့ အခုဂိမ်းဘက်မှာလည်း ပုံမှန်ထက်ပိုတဲ့ စွမ်းအင်တွေ ပိုင်ဆိုင်တဲ့ ဂိမ်းလေးတွေဆိုရင် စိတ်ဝင်စားကြမလား။ ဂိမ်းနာမည်က ခပ်ဆန်းဆန်း၊ Unavowed၊ စွန့်စားခန်း ဝင်ရမယ့်ဂိမ်း၊ ဇာတ်ကောင်ကသဘာဝလွန် စွမ်းအင်တွေ ပိုင်ဆိုင်ထားသူပေါ့။ ပြည်တွင်းမှာ အများဆုံး ကစားတဲ့ ကွန်ပျူတာတွေအတွက် အရင်ဆုံး ထွက်လာတာပါ၊ MacOS ရော Wins စနစ်နဲ့ပါ အဆင်ပြေပါတယ်။ […]
Read More[ Zawgyi ] ဒီဂိမ်းက ကစားကွက်နည်းနည်းတော့ ရိုးချင်တယ်၊ ဒါပေမဲ့ သွက်လက်တယ်၊ မြန်မြန်ဆန်ဆန် ကစားနိုင်မှအနိုင်ရဖို့ မပြောနဲ့ ရှေ့ဆက်နိုင်ဖို့ မလွယ်မှာဖြစ်လို့ သိပ်တော့လွယ်လှတဲ့ ဂိမ်းတစ်ခု မဟုတ်ပါဘူး။ Platform အစုံနဲ့ ကစားနိုင်အောင် ဖန်တီးထားတာက အဓိက အားသာချက် ဖြစ်နေပြီး ကွန်ပျူတာစနစ် အစုံနဲ့လည်း ကစားနိုင်မယ်။ မူလကတော့ ဂိမ်းကို Sony က သူ့ရဲ့ Vita တစ်မျိုးတည်းနဲ့ ကစားနိုင်အောင် ဖန်တီးစေခဲ့တာ ဖြစ်ပေမယ့် နောက်တော့လူ ကြိုက်များလာမှုက အခုလိုစနစ်အစုံနဲ့ ကစားနိုင်လာတာပဲ ဖြစ်ပါတယ်။ PS4 နဲ့ Vita တွေရော Xbox One အပါအဝင် အခုနောက်ဆုံး Nintendo Switch အတွက်ပါ ထွက်ရှိထားလို့ သဘောကျစရာ အကောင်းဆုံးပါပဲ။ […]
Read More[ Zawgyi ] ကျွန်တော်တို့ ငယ်ငယ်က တုံးစီဂိမ်းဆိုပြီး ကစားခဲ့ဖူးတဲ့ဂိမ်းကို အဆင့်မြှင့်ပြီး ဖန်တီးလာခြင်းလို့ ဆိုရမှာပါ။ ခေတ်တွေ တိုးတက် ပြောင်းလဲလာမှုနဲ့အတူ ဂိမ်းမှာထူးခြားတဲ့ အားဖြည့်မှုပေါင်းများစွာကို ထည့်သွင်းဖန်တီးထားတာ တွေ့လာရပါတယ်။ ပထမဆုံး ပြောချင်တဲ့ အသစ်ဖန်တီးလာမှုတစ်ခုက တုံးတွေရဲ့ပုံစံပါ။ အရင်လက်ဟောင်း ဂိမ်းတွေမှာ တုံးတွေရဲ့ နဂိုပုံစံက အ၀ိုင်းဆန်ဆန် ဆိုပေမယ့် အခုတော့ အ၀ိုင်းဆန်ဆန် ပုံစံရယ်၊ လေးထောင့်ဆန်ဆန်နဲ့ ထောင့်မှန် စတုဂံ ပုံစံတွေအဖြစ် ၃ မျိုးထိအောင် ရွေးချယ်ကစားလာနိုင် ပါတယ်။ နောက်ထပ် ထူးခြားချက်တခုက ဂိမ်းကစားကွက် အပြင်အဆင်ပါ။ အရင်က တုံးစီဂိမ်းတွေမှာ Single အနေနဲ့ရော Double အနေနဲ့ပါ အပြိုင်ကစားနိုင်အောင် ဖန်တီးထားပေမယ့် အခုတော့ PS4 တစ်မျိုးတည်းနဲ့ ကစားနိုင်အောင် ဖန်တီးထားလို့ […]
Read MoreCopyright © 2021 | Internet Journal