Article

Article

Android နေရာအစားထိုးမယ့် Huawei ရဲ့ HarmonyOS အကြောင်း သိသင့်သမျှ

[Zawgyi] Huawei ဟာ Google ရဲ့ Android software ကိုအသုံးပြုခွင့် ဆုံးရှုံးသွားရင် အစားထိုးဖို့အတွက် ဖုန်း၊ tablet နဲ့ အခြား စမတ်ထုတ်ကုန်တွေအတွက် ကိုယ်ပိုင် operating system တွေဖန်တီးနေ တယ်လို့ သိရပါတယ်။ တရုတ်ကုမ္ပဏီ Huawei ဟာ သြဂုတ်လ ၉ ရက် Developer ကွန်ဖရင့်မှာ HarmonyOS လို့အမည်ရတဲ့ operating စနစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Harmony OS ဟာ အရင်တုန်းက HongMeng လို့သိကြတဲ့ cross-device platform ဖြစ်ပါတယ်။ HDC (Huawei Developer Conference) မှာ Huawei ရဲ့လူသုံးကုန်လုပ်ငန်းရဲ့အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယုက ‘ HarmonyOS ဟာ Android […]

Read More
Article

ဆေးကုသရေး အာမခံချက် ပေးတဲ့ Robot MD

[ Zawgyi ] လူ့ဘောင်လောကတိုးတက် ဖြစ်ထွန်းမှုအဆင့်ဆင့်ကို သမိုင်းကြောင်းများနဲ့အတူ မှတ်တမ်းတင်ခဲ့ကြတယ်။ ၁၈ ရာစုအတွင်းက စခဲ့တဲ့ စက်မှုတော်လှန်ရေး ခေတ်အကြောင်းကို အခြေခံပြော ဆိုလေ့ရှိကြတယ်။ ရေနွေးငွေ့နဲ့ မောင်းနှင်တဲ့ စက်အင်ဂျင်တွေနဲ့ စက်ရက်ကန်းလို ယန္တရားတပ်ဆင် အသုံးချမှုတွေ ရှိလာခဲ့တဲ့အတွက် လူတစ်ဦးတစ်ယောက်ရဲ့ ပကတိစွမ်းအားထက် အဆပိုများတဲ့ အခွင့်အလမ်းတွေကြောင့် ထိုခေတ် ထိုအခါကို ပထမစက်မှုတော်လှန်ရေး (Industry 1.0) အဖြစ် သတ်မှတ်ယူကြတယ်။ ၁၉ ရာစုအ တွင်း ၁၈၇၀ ခုနှစ်ကစပြီး လျှပ်စစ် ဓာတ်သဘာဝကို ဖော်ထုတ်အ သုံးချခွင့် ရလာခဲ့ကြသလို ပစ္စည်း အမြောက်အမြား တပ်ဆင်ထုတ် လုပ်နိုင်ခွင့် ရလာပြန်တဲ့အတွက် ဒုတိယစက်မှုတော်လှန်ရေး (Industry 2.0) လို့ ခေါ်ဆိုရမယ့် သမိုင်းမှတ်တိုင်လည်း ရှိခဲ့တယ်။ ၂၀ […]

Read More
Article

တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီးသူများ ပြည်ပတွင်ပညာ သင်ခြင်းအတွက် လိုအပ်သော အချက်အလက်များနှင့် အကြံပြုချက်များ

[ Zawgyi ] တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီးသူတွေအနေနဲ့ ပြည်ပမှာဆက်လက် ပညာသင်လိုတဲ့အခါ လိုအပ်တဲ့ အချက်လက်တွေနဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒေါ်အိအိကျော် ပညာရေးအတိုင်ပင်ခံ Jenko Mindwork Education မလေးရှားကတော့သူတို့ရဲ့ ဆယ်တန်းပျှမ်းမျှ တစ်ဘာသာမှာ ၆၀ စီရှိထားရင် တက္ကသိုလ် foundation ကိုစတက်လို့ ရတယ်။ မြန်မာနိုင်ငံမှာ ဆေးကျောင်း အမှတ်မမီတဲ့ ကလေးတွေအနေနဲ့ တစ်ဘာသာကို ပျှမ်းမျှအမှတ် ၆၀ ရှိရုံနဲ့ မလေးရှားနိုင်ငံမှာ ဆေးကျောင်းရဲ့ Foundation ကို တက်ရောက်နိုင်ပါတယ်။ မလေးရှားပညာရေးလမ်းကြောင်းကျတော့ တက္ကသိုလ်တက်မယ်ဆို ဖောင်ဒေးရှင်းတစ်နှစ်ခံပြီးမှ တက္ကသိုလ် Level ကိုသွားရတယ်။ အင်္ဂလိပ်စာလိုပါမယ်။ IELTS က ကျတော့ Foundationဆို 5.5 ရှိထားရပါမယ်။ Degree ဆိုရင် 6 ရှိထားရပါတယ်။ […]

Read More
Article

AI Chip များ၏ အကူအညီဖြင့် လူသားများ၏ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တော့မည်

[ Zawgyi ] နည်းပညာလောကနဲ့ အလှမ်းဝေးတဲ့သူ မဟုတ်ဘူးတစ်ယောက်ဆိုရင် Elon Musk ဆိုတဲ့ လူတစ်ယောက်ရဲ့ နာမည်ကိုအနည်းဆုံးတော့ ရင်းနှီးဖူးကြမှာပါ။ အထူးသဖြင့် မြင့်မားတဲ့ နည်းပညာ အသစ်အဆန်းတွေကို တီထွင်ထုတ်လုပ်မှု စတင်လေ့ရှိတဲ့နေရာမှာပေါ့။ သူကနာမည်ကျော် SpaceX , Tesla နဲ့ Boring ကုမ္ပဏီတွေကို ဦးဆောင်နေတဲ့ သန်းကြွယ်ချမ်းသာသော စွန့်ဦးတီထွင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိ သူဦးဆောင်မှုတွေ ပြုနေ တဲ့ Hyperloop လို့ခေါ်တဲ့ မြန်နှုန်း မြင့် သယ်ယူပို့ဆောင်မှုစနစ်တွေ၊ လျှပ်စစ်မော်တော်ကား ထုတ်လုပ်မှုတွေနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံစနစ်တွေ အကြောင်းဟာ ယနေ့ နည်းပညာလောကမှာ ရေပမ်းစားမှုအခံရဆုံး၊ စိတ်ပါဝင်စားမှု အများဆုံး အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ သို့သော် အဆိုပါတီထွင်မှုတွေအပေါ် ဦးဆောင်နေရခြင်းကို အားရကျေ နပ်သေးခြင်းမရှိနိုင်ဘဲ […]

Read More
Article

Google Pixel 4 နဲ့ Pixel 4 XL နဲ့ပတ်သက်ပြီး သိသင့်သမျှ

[ Zawgyi ] Google Pixel 4 နဲ့ Pixel 4 XL နဲ့ပတ်သက်ပြီး သရုပ်ဖော်ပုံတွေ၊ သတင်းအချက်အလက်တွေနဲ့ ကျောဘက်ကင်မရာမှာ ဘာတွေပါဝင်လာမလဲဆိုတဲ့ အချက်အလက်တွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Google Pixel 3 နဲ့ Pixel 3 XL ထုတ်ကုန်တွေရဲ့ သတင်းတွေက ထုတ်ကုန် တရားဝင် မမိတ်ဆက်ခင် အချိန်အထိ မရပ်မနား ထွက်ပေါ်ခဲ့ပါတယ်။ Google ကလည်း Pixel 3 ထုတ်ကုန် အရိပ်အမြွက် ဖော်ပြခဲ့ပြီး အရေးအကြီးဆုံးအချိန်မှာ Pixel 3 ထုတ်ကုန်ကို လူတစ်ယောက်က unboxing ဗီဒီယို တင်ခဲ့ပါတယ်။ အခုဆိုရင် ဒီနှစ်မှာ မိတ်ဆက်မယ့် Google Pixel […]

Read More
Article

ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုနည်းပညာ တိုးတက်မှုနှင့်အတူ လျှပ်စစ်ကားများအပေါ် စိန်ခေါ်လာသည့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားများ

[ Zawgyi ] စွမ်းအင်သစ်သုံးစွဲမှုယာဉ်များ (New-energy Vehicles-NEVs) ဟု အမည်ပေးထားသည့် ဟိုက်ဒရိုဂျင် လောင်စာသုံးယာဉ်များ တီထွင် ထုတ်လုပ်လာခဲ့ကြခြင်းသည် လျှပ်စစ်မော်တော်ကားများအတွက် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့ကို တီထွင်ထုတ်လုပ်ရောင်းချနေသည့် Tesla ကဲ့သို့သော စက်မှုလုပ်ငန်းကြီးများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေကို ဖန်တီးနေစေပါသည်။ ထိုအခြေအနေမျိုးတွင် မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ရှန်ဟိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော CES Asia ပြပွဲတွင် ၎င်းတို့ ၏နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင်ကားများကို ထုတ်ဖော်ပြသခဲ့ကြပေသည်။ အဆိုပါ ပြပွဲတွင် Nexo ဟု အမည်ပေးထားသည့် နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မော်တော်ယာဉ်တစ်စင်းကို Hyundai Motor Group က ထုတ်ဖော်ပြသခဲ့ပါသည်။ ၎င်းကား အနေဖြင့် ဟိုက်ဒရိုဂျင်စွမ်းအင်ကို ၅ မိနစ်ခန့်သွင်းရုံမျှဖြင့် ကီလိုမီတာ ၈၀၀ […]

Read More
Article

ဘက်ထရီသက်တမ်းကောင်းမွန်တဲ့ ဖုန်း (၆) မျိုး

[ Zawgyi ] ဒီနေ့ခေတ်မှာ ဖုန်းရဲ့ဘက်ထရီသက်တမ်းကလည်း အရေးပါလာတယ်။ ဖုန်းတစ်လုံးကို တစ်နေ့လုံး ပုံမှန်အသုံးပြုမယ်ဆိုရင် တစ်ရက်နီးပါး အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ လွန်လွန်ကဲကဲ အသုံးပြုမယ်ဆိုရင်တော့ မကြာခဏ အားသွင်းရပါမယ်။ ဖုန်းကို အသုံးပြုတာ သက်တမ်းကြာလာတာနဲ့အမျှ ဘက်ထရီစွမ်းဆောင်ရည်ကလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်း ကျဆင်းလာတာနဲ့အမျှ ဆက်သွယ်ရေးကိစ္စတွေကလည်း ကြောက်စရာကောင်းလောက်အောင် ဆုံးရှုံးမှု ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ဖုန်းဝယ်ယူတဲ့အခါ ဘက်ထရီသက်တမ်း တာရှည်ခံပြီး ကောင်းမွန်တဲ့ထုတ်ကုန်ကို ရွေးချယ်သင့်ပါတယ်။ အခုဆိုရင် ဘက်ထရီသက်တမ်း ကောင်းမွန်တဲ့ ဖုန်း (၆) မျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Apple iPhone XR နောက်ဆုံးပေါ် iPhone သုံးမျိုးထဲက ဘက်ထရီသက်တမ်း အကောင်းဆုံး iPhone XR ကို ၁၉ […]

Read More
Article

တက္ကသိုလ်ဝင့်ခွင့် လျှောက်ထားခြင်းနဲ့ ဘာသာရပ် ရွေးချယ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ

[ Zawgyi ] ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူတွေအတွက် တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်စာအုပ်နဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမယ့် ပုံစံအိတ်ကို သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးရှိ အခြေခံပညာကျောင်းတွေမှာ ထုတ်ယူရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားဖို့ကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၂၃ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံး ပိတ်ရက်တွေ အပါအဝင် ပိတ်ရက်မရှိ လျှောက်လွှာပြန်လည် တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှုစနစ်တွေ ပြောင်းလဲထားပြီး သီးခြားတက္ကသိုလ်တွေအလိုက် တိုက်ရိုက်လျောက်ထားရမယ့် အုပ်စုနဲ့ တက္ကသိုလ်ဝင်ခွင့် စီစစ်ရွေးချယ်ရေးအဖွဲ့ကို လိပ်မူပြီး လျှောက်ထားရမယ့် တက္ကသိုလ် အုပ်စုဆိုပြီး (၂) ခုခွဲထားတာ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်နဲ့ ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မုံရွာစီးပွားရေး […]

Read More
Article

iOS 13 အတွက် public beta ဗားရှင်းမှာ ဘယ်လို feature သစ်တွေပါဝင်လာသလဲ

[ Zawgyi ] Apple ဟာ iOS 13 အတွက် public beta ဗားရှင်းကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Apple ဟာ မိုဘိုင်း software ကို နှစ်ပိုင်းခွဲလိုက်ပြီး iPhone နဲ့ iPod touch အတွက် iOS နဲ့ iPad အတွက် iPadOS တို့ပဲဖြစ်ပါတယ်။ အခုဆိုရင် လူတိုင်းဟာ beta ဗားရှင်းကို install ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ iOS 13 အတွက်ဖြန့်ချိလိုက်တဲ့ public beta ဗားရှင်းမှာ ပါဝင်တဲ့ ထိပ်တန်း feature တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ (၁) Dark Mode iOS 13 […]

Read More
Article

ကျန်းမာရေး စောင့်ရှောက်မှုအပေါ်တွင် 5G နည်းပညာကို အသုံးချခြင်း

[ Zawgyi ] တစ်စက္ကန့်အချိန်အတွင်း၌ 1GB ဂစ်ဂါဘိုက်အထိ အချက်အလက်များကို ပေးပို့သုံးစွဲနိုင်စွမ်းရှိမည့် ပဉ္စမမြောက်ကြိုးမဲ့ ဆက်သွယ်မှုနည်းပညာ (5G) နှင့် ပတ်သက်၍ ကောင်းကျိုးများစွာ ရရှိနိုင်မည်ဖြစ်ပေသည်။ သို့သော် အချို့သော သိပ္ပံပညာရှင်များကလည်း အဆိုပါမြင့်မားသည့် ကြိမ်နှုန်းသည် လူသားတို့၏ ကျန်းမာရေးအပေါ်တွင် ဆိုးကျိုးသက်ရောက်နိုင်သည် လားဟုဆိုကာ စူးစမ်းလေ့လာမှုများကို ပြုလုပ်လျက်ရှိပေသည်။ နည်းပညာတို့၏ သဘောသဘာဝအတိုင်း ဆိုးကျိုးနှင့်ကောင်းကျိုး မျှဝေဒွန်တွဲနေ မည်ဖြစ်ပေသည်။ သေချာနေသည်မှာ 5G ကြိုးမဲ့စနစ်သည် ယနေ့အချိန်အခါတွင် ကျန်းမာရေးဆိုင်ရာ ဆေးကုသခြင်းများအတွက် ကောင်းကျိုးများကို ပေးစွမ်းနေခဲ့သည်မှာတော့ လက်တွေ့ရှိနေခဲ့ပြီဖြစ်သည်။ ပထမဆုံးအကျိုးအားဖြင့် မည်သည့်နေရာမှ လူနာများကိုမဆို ကျန်းမာရေးစောင့်ရှောက်မှုပြုရန်အတွက် 5G ကွန်ရက်အနေဖြင့် အကူအညီပေးနိုင်မည် ဖြစ်သည်။ လူနာအနေဖြင့် ၎င်း၏ကိုယ်တွင် ဝတ်ဆင်ထားသည့် IoT (Internet of Things) […]

Read More