Article

Article

NASA မှ ကနဦးဖန်တီးခဲ့တဲ့ နေ့စဉ်သုံး ထုတ်ကုန် (၁၀) မျိုး

(၁) Memory Foam မွေ့ရာ ၁၉၆၆ ခုနှစ်မှာ NASA က ယာဉ်အတက်နဲ့ အဆင်းအတွင်း ထိခိုက်တုန်ခါမှု ကာကွယ်ပေးဖို့အတွက် လေယာဉ်ထိုင်ခုံ ကောင်းကောင်းဖန်တီးဖို့ လေကြောင်းအတတ်ပညာရှင် ချားလ်ရော့စ်ကို တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရော့စ်ရဲ့ဖန်တီးမှု ကာကွယ်မှုကောင်းကောင်း ပေးနိုင်ရုံတင် မဟုတ်ဘဲ သက်သောင့်သက်သာလည်း ရှိပါတယ်။ ၁၉၈၀ ခုနှစ်တွေမှာတော့ NASA က memory foam ကို အများပြည်သူဆီ ဖြန့်ချိပေးလိုက်ပါတယ်။ (၂) Nike Air Sneakers Nike Air ဖိနပ်တွေရဲ့ တုန်ခါမှုဒဏ်ခံနိုင်ရည်ရှိတဲ့ အောက်ခံပြားတွေကို NASA အင်ဂျင်နီယာဟောင်း အမ်ဖရန့်ရူဒီက မူပိုင်ခွင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ အမ်ဖရန့်ရူဒီဟာ အပိုလို ခရီးစဉ်အတွင်း အာကာသဦးထုပ်တွေမှာ “blow rubber molding” […]

Read More
Article

ကမ္ဘာစက်ရုပ်စနစ် အမျိုးမျိုး တံခွန်စိုက်ပြိုင်ပွဲ

စတုတ္ထခေတ်ပြောင်း တော်လှန်ရေးလို့ သတ်မှတ်ပြောဆိုနေကြတဲ့ Industry 4.0 အတွက် နည်းပညာ (၉) မျိုးက ထောက်တိုင်များသဖွယ် အထောက်အပံ့ ပြုနေကြမှာ ဖြစ်တယ်။ တစ်နည်းဆိုရရင် ၂၁ ရာစုနှစ်အတွင်း တိုးတက် ဖြစ်ထွန်းမှုများအတွက် နည်းပညာ (၉) မျိုးကို အသုံးချခွင့် ရကြစေပါလိမ့်မယ်။ ထုထည်ပမာဏ ကြီးမားလှတဲ့ သတင်းအချက်အလက်များ ထားရှိစေကာ ဆန်းစစ်မှုများ ပြုလုပ်ခွင့်ရစေမယ့် နည်းပညာ (Big data and analytic)၊ ချဲ့ထွင်တွေ့ရှိနိုင်စေရေး နည်းပညာ (Augmented reality) ၊ သိုမှီးစနစ်ကြီးကို အမှီပြုကာ အင်တာနက်ကတစ်ဆင့် သတင်းအချက်အလက်များနဲ့ အသုံးချပရိုဂရမ်များကို အသုံးချခွင့်ပေးတဲ့ နည်းပညာ (The Cloud)၊ ကွန်ရက်လုံခြုံရေးဆိုင်ရာ နည်းပညာ (Cybersecurity)၊ အဖြည့်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ (Additive […]

Read More
Article

အာကာသမှတစ်ဆင့် နေရောင်ခြည်စွမ်းအင်ကို ရယူအသုံးချခြင်းနည်းလမ်း

အာကာသ အခြေပြုဆိုလာ စွမ်းအင် (Space-based solar power-SBSP) ဆိုသည်မှာ စုဆောင်းရရှိထားသော ဆိုလာစွမ်းအင်ကို အာကာသမှ ကမ္ဘာမြေဆီသို့ ပြန်လည် ပေးပို့ခြင်းအယူအဆတစ်ခုပင်ဖြစ်သည်။ ၎င်းအယူအဆ၏ အားသာချက်သည် ဆိုလာစွမ်းအင်ရရှိမှုနှုန်း မြင့်မားပြီး အချိန်ကြာမြင့်စွာ စုဆောင်းရရှိနိုင်ခြင်းပင် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် နေမှတစ်ဆင့် ဝင်ရောက်လာသည့် ဆိုလာစွမ်းအင်ကို အပြည့်အဝစုဆောင်းနိုင်ခြင်းမရှိပေ။ ၅၅ မှ ၆၀ ရာခိုင်နှုန်းအထိသာ စုဆောင်းရရှိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရောင်ပြန်ခြင်းနှင့် စုပ်ယူလိုက်ခြင်းများကြောင့် ဖြစ်သည်။ အာကာသအခြေပြု ဆိုလာစွမ်းအင်စုဆောင်ခြင်းတွင် နေရောင်ခြည်ကို မိုက်ခရိုဝေ့ဖ်လှိုင်းအဖြစ် ပြောင်းလဲပြီးနောက် ကမ္ဘာမြေဆီသို့ ပြန်လည်ပေးပို့ ခြင်းနည်းလမ်းကို အသုံးပြုခြင်းဖြင့် ဆိုလာစွမ်းအင်ကို ရရှိနိုင်ရန် ဆောင်ရွက်နေကြခြင်းလည်း ဖြစ်ပေသည်။ အဆိုပါ နည်းလမ်းသည် အသစ်အဆန်းတစ်ခုတော့ မဟုတ်ပေ။ အာကာသမှ ဆိုလာစွမ်းအင် ရယူခြင်း နည်းလမ်းများကို […]

Read More
Article

နေအိမ်လုံခြုံရေးအတွက် ဈေးနှုန်းအသက်သာဆုံး ထုတ်ကုန် ၆ ခု

နေအိမ်တစ်လုံး လုံခြုံစေဖို့ ကြိုတင်ကာကွယ်တားဆီးမှုက အကောင်းဆုံးပါပဲ။ ပိတ်ရက်အတွင်း ခရီးသွားလာသူတွေအနေနဲ့ နေအိမ်လုံခြုံဖို့ စီမံထားနိုင်ပါတယ်။ နေအိမ်လုံခြုံရေးအတွက် စမတ်အိမ်သုံး ပစ္စည်းတွေဟာ ဈေးနှုန်းသက်သာလာပါပြီ။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ဒေါ်လာ ၂၀ လောက် သုံးစွဲရုံနဲ့ နေအိမ်လုံခြုံရေးသုံး ထုတ်ကုန်များစွာကို ရရှိနိုင်ပါတယ်။ အဲဒီထုတ်ကုန်တွေထဲက အကောင်းဆုံး ထုတ်ကုန်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Wyze Bulb နေအိမ်တွင်းမှာ အိမ်စောင့်ရှိနေတဲ့အခါ ဖောက်ထွင်းဝင်ရောက်သူတွေအတွက် အတားအဆီးဖြစ်စေပါတယ်။ ဒါကြောင့် နေအိမ်တွင်း လုံခြုံဖို့ မီးဖိုချောင်နဲ့ ဧည့်ခန်း၊ ဆင်ဝင်အောက်ထဲမှာ စမတ်မီးလုံးတွေ ထည့်သွင်းပြီး ညအခါအချိန်မှန်မီးလင်းစေအောင် စီမံထားနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူအနေနဲ့ Wyze bulb ကိုဝယ်ယူသင့်ပါတယ်။ Wyze bulb မီးသီးက တစ်လုံး ၈ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး ၄လုံးဆို […]

Read More
Article

Microsoft ကို ဘယ်သူက ဘယ်လိုပြောင်းလဲခဲ့လဲ

မိုက်ကရိုဆော့ဖ်အမှုဆောင် အရာရှိချုပ် ဆက်တယာ နာဒယ်လာရဲ့ ဝင်ငွေက မနှစ်ကထက် (၆၆) ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ပြီးခဲ့တဲ့လအတွင်း CNN သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ လစာနဲ့ခံစားခွင့် အားလုံးပေါင်း အမေရိကန် ဒေါ်လာ (၂၅.၈) သန်းရရှိခဲ့ပြီး ဒီနှစ်မှာတော့ မိုက်ကရိုဆော့ဖ်ရဲ့ ပထမခြောက်လပတ် ဘဏ္ဍာရေး အစီရင်ခံစာအရ (၄၂.၉) သန်းအထိ တိုးရမယ်လို့ ခန့်မှန်းထား ကြပါတယ်။ နာဒယ်လာရဲ့ မူရင်းလစာက (၂.၃)သန်းစွန်းစွန်းလေး သာဖြစ်ပြီး ကျန်ဝင်ငွေတွေကို စတော့ရှယ်ယာ ခံစားခွင့်တွေကနေ ရရှိလာတာပါ။ တခြားပြိုင်ဘက် စီအီးအိုတွေ ဖြစ်ကြတဲ့ Apple ရဲ့တင်မ်ကွတ်က လစာအပါအဝင် စုစုပေါင်း ဒေါ်လာ (၁၅.၇) သန်း၊ Google ရဲ့ ဆန်ဒါပီချိုင်းက (၁.၉)သန်း စသည်ဖြင့် (၂၀၁၈) ခုနှစ်မှာရရှိခဲ့ကြပါတယ်။ […]

Read More
Article
More

နာမည်အဆိုးဝါးဆုံးလို့ ဆိုနိုင်တဲ့ Android ဖုန်း ၁၅ မျိုး

Android သတင်းတွေ ဖော်ပြပေးနေတဲ့ Android Authority က ထွက်ရှိပြီးသား Android ဖုန်းတွေထဲက နာမည်အဆိုးဝါးဆုံး ထုတ်ကုန် ၁၅ ခုကို ရွေးချယ်ခဲ့ပါတယ်။ Android ထုတ်ကုန်အမည်များကို ဖော်ပြပေးလိုက်ပါတယ်။ (၁၅) HTC First အခုစာရင်းထဲက ပထမဆုံး ပါဝင်လာတဲ့ ထုတ်ကုန်ကတော့ HTC First ဖြစ်ပါတယ်။ HTC First ဟာ HTC ရဲ့ဈေးကွက်ထဲ ဖြန့်ချိလိုက်တဲ့ ၅၁ ခုမြောက် ထုတ်ကုန်ဖြစ်ပါတယ်။ ဒါပေမဲ့ Facebook ရဲ့ interface ဖြစ်တဲ့ Facebook Home ထည့်သွင်းထားတဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။ အဲဒီ interface ကြောင့် Face-book ကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ HTC First ဟာ […]

Read More
Article

ကမ္ဘာကြီးအပေါ် ပြောင်းလဲမှုအချို့ဖြစ်စေမည့် ဂရပ်ဖင်းသတ္တု အသုံးပြုနည်းပညာများ

ဂရပ်ဖင်း(Graphene) ဟူသည်မှာ ဓာတုအငွေ့များကို သတ္တုအောက်ခံလွှာပေါ်တွင် ကျရောက်စေသော Energy-Intensive ဖြစ်စဉ်ဖြင့် ဖန်တီးထားသည့် ဒြပ်သတ္တုပစ္စည်း တစ်ခုဖြစ်ပါသည်။ ထို့အပြင် ၎င်း၏ အသုံးဝင်ပုံမှာ အလွန်ပင် များပြားသောကြောင့် နယ်ပယ် အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုလာကြသည်ကို တွေ့ရှိရသည်။ ၎င်းသတ္တုသည် ကာဘွန်အက်တမ် အရွယ်အစားတစ်ခုမျှသာ ထူသော်လည်း စတီးလ်ထက်ပင် ပိုမိုမာကျောမှုရှိသည့်အပြင် ပျော့ပျောင်းကွေးညွှတ်နိုင် စွမ်းသည်လည်း မြင့်မားသည်။ ဂရပ်ဖင်းအပေါ် သုတေသနပြု လေ့လာတွေ့ရှိမှုသည် ၂၀၀၄ ခုနှစ် စတင်ခဲ့သည် ဆိုသော်လည်း နှစ်စဉ်နှစ်တိုင်းတွင် အဆိုပါသတ္တုအသုံးပြုမှုသည် ပိုမိုလာခဲ့ပြီဖြစ်သည်။ ရေဆိုးမှ ရေသန့်စနစ်ထုတ်ယူမှု ဂရပ်ဖင်းသတ္တု၏ အသုံးဝင်ပုံကို လေ့လာကြည့်မည်ဆိုလျင် အခြားသော ပတ်ဝန်းကျင်နေရာဒေသမှ ရေဆိုးများမဆိုထားနှင့် ဆိပ်ကမ်းရှိ ရေဆိုးများကိုပင် အဆင့်တစ်ဆင့်တည်းဖြင့် သန့်စင်ပေးနိုင်သည့် Graphene အသုံးပြု ရေစစ်ကိရိယာကို သြစတြေးလျနိုင်ငံမှ […]

Read More
Article

iOS 14 သတင်းနဲ့ ကောလာဟလများ

နောက်ဆုံးထွက်ရှိခဲ့တဲ့ iOS 13 မှာ dark mode လိုမျိုး feature တွေများစွာ ပါဝင်လာပါတယ်။iOS 14 ကလည်း အနာဂတ်မှာ ထွက်ပေါ်ဖို့ရှိနေပါတယ်။ Apple အနေနဲ့ iOS 14 နဲ့ပတ်သက်ပြီး တရားဝင် မထုတ်ပြန်သေးပေမယ့် iPhone 12 မှာပါဝင်လာမယ့်iOS 14 နည်းပညာသစ်အကြောင်း ခန့်မှန်းရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုဆောင်းပါးကတော့ iOS 14 မှာ ဘာတွေ ပါဝင်လာမလဲဆိုတာ ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ ခန့်မှန်းမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။Apple အနေနဲ့ အသစ်ထွက်ရှိမယ့် စမတ်ဖုန်းသစ်မှာ 5G ထောက်ပံ့မလားဆိုတဲ့ ခန့်မှန်းချက်တွေကို မြင်တွေ့ပါမယ်။ iOS 14 ထွက်ရှိမယ့်ရက်နဲ့ beta ဖြန့်ချိမယ့်ရက် ပြီးခဲ့တဲ့နှစ်တွေမှာ စက်တင်ဘာ ၁၉ ရက်အရောက်မှာ […]

Read More
Article

ဂျပန်နိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ပို့ချသော ဘွဲ့သင်တန်းများအကြောင်း

ဂျပန်နိုင်ငံရှိ တက္ကသိုလ်တွေဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလာတာနဲ့အမျှ တက္ကသိုလ်နဲ့ဘွဲ့ လွန်တက္ကသိုလ်တွေမှာ ဂျပန်စာ သင်ယူရခြင်းဆိုတဲ့ အတားအဆီးမျိုး မရှိတော့ဘဲ အင်္ဂလိပ်ဘာသာနဲ့ စာသင်ယူနိုင်ပြီး ဒီဂရီရရှိနိုင်တဲ့ ပရိုဂရမ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အဆိုပါ ပရိုဂရမ်ကို တက်ရောက်နိုင်ဖို့အတွက် ပုံမှန်စာရွက်စာတမ်းအပြင် – အင်္ဂလိပ်စာအရည်အ ချင်း သက်သေခံစာရွက် (TOEFL, IELTS အစရှိတဲ့ တရားဝင်စာရွက် စာတမ်းမှ အမှတ်စာရင်း သက်သေခံစာရွက်) – ပညာအရည်အချင်း သက်သေခံစာရွက် (ဘွဲ့ကြို ဆိုပါက EJU, SAT မိမိနိုင်ငံရဲ့ အထက်တန်းကျောင်း အမှတ်စာရင်း စုစုပေါင်း စာရွက်တွေ) တွေ လိုအပ်ပါတယ်။ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု ဘွဲ့လွန်တက္ကသိုလ်အတွက် TOEFL iBT 75-80 နဲ့ IELTS 6 လိုအပ်ပါတယ်။ တက္ကသိုလ်အတွက် TOEFL […]

Read More
Article

ရောင်စုံဥယျာဉ်လေးထဲက ကိုယ်ပိုင်နေရာ သို့မဟုတ် AltStore

ပါးစပ်က ပြောလိုက်ရုံနဲ့ မြန်မာစာ အလိုအလျောက် ရိုက်ပေးတဲ့ Gboard အကြောင်းကို သူငယ်ချင်းတစ်ယောက်က အားရပါးရ လာဖောက်သည်ချပါတယ်။ ကိုယ့်ရဲ့ iPhone ကြီးမှာ ဒါကိုသုံးမရသေးလို့ တစ်ခါတည်း ရိုက်ခွဲပစ်လိုက်တဲ့သူ ရှိပါသလား။ ဒါမှမဟုတ် ဇာတ်ကားတွေကို အလွယ်တကူ ဒေါင်းလုတ်ဆွဲမရလို့ iPhone ကို အမှိုက်ပုံးထဲ ထည့်လိုက်တဲ့သူရော ရှိပါသလား။ ဒီလို လုပ်မယ့်သူ မရှိပေမယ့် ဒီလိုအဖြစ် ကြုံနေရသူတွေတော့ ရှိကြမှာပါ။ သူတို့အားလုံးက ပန်းဥယျာဉ်လေးထဲမှာ ပျော်ပိုက်နေပေမယ့် အပြင်ဘက်ကို ခဏတဖြုတ် ထွက်သွားကြည့်ချင်တဲ့ သူတွေ ဒါမှမဟုတ် နည်းပညာသမိုင်းရဲ့ တိုက်ပွဲကြီးတစ်ခုကြားက မြေစာပင်တွေသဖွယ် ဖြစ်နေရသူပါ။ ဒီတိုက်ပွဲကြီးက အခုလို သန္ဓေတည်လာခဲ့ပါတယ်။ App တွေရဲ့ အစ ၂၀၀၇ ခုနှစ်အစောပိုင်း iPhone ထွက်လာချိန်မှာ App […]

Read More