More

Article

iPhone ကို back up လုပ်ပေးနိုင်မယ့် အကောင်းဆုံး ဝန်ဆောင်မှုများ

လူတော်တော်များများက ဖုန်းမပျောက်ခင်အချိန်အထိ ဖုန်းထဲက အချက်အလက်တွေကို back up လုပ်ဖို့ သိပ်မတွေးမိကြပါဘူး။ သုံးစွဲသူတွေအနေနဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် ဖုန်းပျောက်တာ၊ ဖုန်းပျက်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဖုန်းထက် သုံးစွဲသူအချက်အလက်တွေက ပိုမိုအရေးကြီးတာကြောင့် back up လုပ်ထားသင့်ပါတယ်။ အောက်မှာတော့ iPhone အတွက် အချက်အလက်တွေ back up လုပ်ပေးနိုင်တဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။ Google Photos Google Photos ဟာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ သိမ်းဆည်းပေးနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ App ကိုဖုန်းမှာ install လုပ်ပြီး Google account နဲ့ချိတ်ဆက်ကာ ကိုယ်ပိုင်ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို သိမ်းဆည်းနိုင်ပါတယ်။ Google Photos က Live Photo ကိုလည်းသိမ်းဆည်းပေးပါတယ်။ ဒါ့အပြင် သိမ်းဆည်းထားတဲ့ […]

Read More
Article

iPhone နဲ့ iPad အတွက် အကောင်းဆုံး eBook app များ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်မှာ လူအများစုက အိမ်မှာပဲ နေထိုင်ကြရပါတယ်။ လူတော်တော်များများက လူစုလူဝေးကို ရှောင်ကြဉ်ကြသလို အိမ်ကနေ အလုပ်လုပ်နေကြပါတယ်။ ကပ်ရောဂါကြောင့် အိမ်မှာ ဘယ်လောက်နေရမှန် မသိသေးတဲ့အတွက် ကုန်ကျစရိတ်ကို တွက်ချက်လိုပါတယ်။ iPhone နဲ့ iPad တွေနဲ့ စာအုပ်ဖတ်ရှုတဲ့အခါ စာအုပ်နဲ့ app တွေကို ဝယ်ယူလိုက်ရင် ကုန်ကျစရိတ်တွေ တက်လာနိုင်ပါတယ်။ ဒါကြောင့် iPhone နဲ့ iPad တို့မှာ စာအုပ်တွေ အခမဲ့ ဖတ်ရှုနိုင်တဲ့ app စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ Marvin Marvin ကတော့ eBooks နဲ့ comisc တွေဖတ်နိုင်တဲ့ iOS ပေါ်က အကောင်းဆုံး app တစ်ခုဖြစ်ပါတယ်။ Marvin နဲ့ DRM မလိုတဲ့ […]

Read More
Article

iPhone နဲ့ iPad ပေါ်က လူသိနည်းတဲ့ feature များ

Apple ရဲ့အသစ်ဖြန့်ချိလိုက်တဲ့ iOS 13.4 နဲ့ iPad OS 13.4 မှာ feature သစ်တွေပါဝင်လာပါတယ်။ အဲဒီ feature သစ်တွေထဲမှာ iCloud folder sharing, Dropbox လိုပုံစံမျိုးနဲ့ အသုံးပြုနိုင်တဲ့ Apple Storage တို့ ပါဝင်လာပါတယ်။ အဲဒီ feature တွေကို iPhone, iPad နဲ့ Mac မှာအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ iOS 13 မှာ လူသိနည်း feature များစွာထဲမှာ အသံအတိုးအကျယ်ကို ထိန်းချုပ်နိုင်တဲ့ voice search ကနေ AirPod ပိုင်ရှင်တွေအတွက် Audio Sharing တွေလည်းပါဝင်လာပါတယ်။ (၁) ဘက်ထရီကိုချိန်ညှိခြင်း ညအခါမှာ အားသွင်းတဲ့အခါ သင့်ဖုန်းရဲ့ ဘက်ထရီ […]

Read More
Article
More

အိမ်ကနေ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှု ရရှိဖို့ ကူညီပေးနိုင်တဲ့ app (၆)ခု

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်း ကူးစက်ပြန့်ပွားနေတာကြောင့် လူတော်တော်များများ အိမ်ကနေ အလုပ်လုပ်နေကြပါတယ်။ ဒါပေမဲ့ အိမ်မှာ အလုပ်လုပ်တဲ့အခါ အခက်အခဲတွေ ရင်ဆိုင်ရကြပါတယ်။ ဒါကြောင့် အိမ်မှာ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှု အပြည့်ရဖို့ အထောက်အပံ့ပေးနိုင်မယ့် app တွေကို အသုံးပြုနိုင်ပါတယ်။ Forest Forest ကို App Store နဲ့ Google Play Store မှာရယူနိုင်ပါတယ်။ အခု app ကတော့ အာရုံစိုက်အလုပ်လုပ်နိုင်ဖို့ အပင်စိုက်ရတဲ့ ဂိမ်းပဲ ဖြစ်ပါတယ်။ Forest ကိုဖွင့်လိုက်တာနဲ့ အာရုံစိုက်မှု ကြာလာလေ အပင်တွေကြီးထွားလေ ဖြစ်လာပါမယ်။ Hocus Focus အိမ်မှာ အလုပ်လုပ်တဲ့အခါ browser မှာ tab ၁၀ ခုလောက်ဖွင့်ထားသူတွေ အတွက် Hocus Focus […]

Read More
Article

 နေအိမ်ကနေ အလုပ်လုပ်သူတွေ အသုံးပြုလာကြတဲ့ Zoom မှာ ဗီဒီယိုနောက်ခံ ဘယ်လိုပြောင်းမလဲ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း နေအိမ်ကနေ အလုပ်လုပ်သူတွေ၊ စာသင်ကြားသူတွေ သန်းပေါင်းများစွာက Zoom video chat app ကိုအသုံးပြုလာကြပါတယ်။ Zoom အသုံးပြုသူတွေ ဗီဒီယို chat ကိုအသုံးပြုစဉ်မှာ နောက်ခံပုံရိပ်ကို အာကာသအပြင်ဘက် ဒါမှမဟုတ် ဆန်ဖရန်စစ္စကိုဂိုးဒန်းဂိတ်တံတားပုံတွေ ပြောင်းလဲနေကြပါတယ်။ ဒါ့အပြင် နောက်ခံကို ကိုယ်ပိုင်ဓာတ်ပုံလည်း သုံးနိုင်ပါတယ်။ ကပ်ရောဂါကြောင့် အိမ်မှာ နေထိုင်ဖို့နဲ့ အခြားကာကွယ်ရေး အစီအစဉ်တွေကြောင့် Zoom ကိုအသုံးပြုသူ အလွန်မြင့်တက်လာပါတယ်။ အိမ်ခန်းအတွင်းက ရှုပ်ပွနေတာကို ဖုံးကွယ်ဖို့နဲ့ ပျော်စရာနည်းလမ်းအဖြစ် အသုံးပြုနိုင်ဖို့ Zoom နောက်ခံကို အသုံးပြုနိုင်ပါတယ်။ Desktop app မှာ Zoom နောက်ခံကို ပြောင်းလဲခြင်း (၁) Zoom app မှာ ညာဘက်ထောင့်ဆုံးက Settings ကိုနှိပ်ရပါမယ်။ (၂) […]

Read More
Article

အိမ်မှာနေထိုင်တဲ့အခါ လူမှုဆက်ဆံရေးမပြတ်စေဖို့ အထောက်အကူဖြစ်စေမယ့် မိုဘိုင်းဂိမ်းများ

ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်နေတာကြောင့် လူများစွာက အိမ်ထဲမှာ သီးသန့်ခွဲနေထိုင်တာ ပြုလုပ်လာကြပါတယ်။ အိမ်မှာနေထိုင်စဉ်မှာ ပျော်ရွှင်နေဖို့အတွက် သူငယ်ချင်းတွေနဲ့ အွန်လိုင်းဂိမ်းကစားတာဟာ အကောင်းဆုံးဖြေရှင်းနည်း ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာနေစဉ် သူငယ်ချင်းအချင်းအချင်း အဆက်အသွယ်တွေ မပြတ်စေဘဲ အွန်လိုင်းမှာ အတူတကွကစားနိုင်တဲ့ မိုဘိုင်းဂိမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ Golf Clash (iOS/ Android) မိုဘိုင်းပေါ်မှာ ဂေါ့ဖ်ရိုက်ဝါသနာပါသူတွေ သူငယ်ချင်းတွေနဲ့ အတူကစားနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ အလားတူဂိမ်းတွေကတော့ Super Stickman Golf 3 နဲ့ Golf Battle တို့ပဲဖြစ်ပါတယ်။ Golf Clash မှာ Facebook သူငယ်ချင်းတွေနဲ့ အတူကစားနိုင်တဲ့ အသိုက်အဝန်းရှိပါတယ်။ Words With Friends Classic (iOS/ Android) အခုဂိမ်းက သက်တမ်းအကြာဆုံး […]

Read More
Article

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အသိအမြင်များစေမယ့် အကောင်းဆုံး app များ

ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်းများစွာမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတာကြောင့် လူအများစုက နေအိမ်က ဆိုဖာပေါ်မှာ ဖုန်းတွေ ပိုမိုအသုံးပြုလာကြပါတယ်။ Developer တွေကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ app တွေကို ဖန်တီးနေကြပါတယ်။ ဒါပေမဲ့ သတင်းမှားတွေကို တားဆီးနိုင်ဖို့ အစိုးရနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေလိုမျိုး အသိအမှတ်ပြုအဖွဲ့တွေက app တွေကိုပဲ လက်ခံမယ်လို့ Apple က ကြေညာထားပါတယ်။ App Store က ကိုရိုနာဗိုင်းရပ်စ်ဂိမ်းတွေကိုလည်း ဖယ်ရှားနေပါတယ်။ ရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေကို သိစေဖို့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ app တချို့ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ အခု app တွေက ယုံကြည်စိတ်ချရပါတယ်။ COVID-19 Tracker အခု app က ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အစက်အပြောက်တွေနဲ့ ဖော်ပြဖို့ WHO က […]

Read More
Article

ရာသီမရွေးလျှပ်စစ်ထုတ်လုပ်နိုင်မည့် ဆိုလာဆဲလ်တီထွင် အောင်မြင်ခဲ့မှုများ

စက်မှုနည်းပညာ အလွန်လျင်မြန်စွာ တိုးတက်လာသည့် ယနေ့အချိန်အခါတွင် လူမှုနေထိုင်ခြင်းအတွက် လျှပ်စစ်သည်မရှိမ ဖြစ်လိုအပ်ချက်တစ်ခု လည်းဖြစ်သည်။ သို့သော် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်မူနေရာတိုင်းဒေသတိုင်းအတွက် ကန့်သတ်ချက် အမျိုးမျိုးကြောင့် အဆင်ပြောချောမွေ့နိုင်မှု မရှိသေးသည်ကိုလည်း တွေ့ရှိနေရဆဲ ဖြစ်သည်။ ၂၁ ရာစုအတွင်း တိုးတက်လာသည့် နည်းပညာများကြောင့် တစ်ကမ္ဘာလုံး၌ အလွယ်တကူရရှိနိုင်သည့် နေရောင်ခြည်ကို စွမ်းအင်အဖြစ် ပြောင်းလဲကာ အသုံးပြုနိုင်စေရန် ဆိုလာဆဲလ် (Solar Cell) များ ထွက်ပေါ်လာပြီး မြို့ပြလူနေမှုအတွက်သာမက ကျေးလက်ဒေသအထိပါ စွမ်းအင်အတွက် ဖြေရှင်းလာနိုင်ခဲ့ကြပေသည်။ သို့သော် ရာသီဥတုအမျိုးမျိုးရှိသည့် ကမ္ဘာကြီး၏ဒေသတိုင်း၊ နိုင်ငံတိုင်းအတွက် ၎င်းစွမ်းဆောင်နိုင်မှုသည်လည်း အကန့်အသတ်ဖြင့်သာ ရပ်တည်နေခဲ့ရပြန်ပါသည်။ အထူးသဖြင့် နေရောင်ခြည်စွမ်းအင်ကို တိုတောင်းစွာရရှိသည့် ဒေသများ၊ နှင်းအမြဲကျ ရောက်နေသည့်ဒေသများ၊ မိုးများသောဒေသများ အစရှိသည့်ဒေသအမျိုးမျိုးအတွက် နေရောင်ခြည် သီးသန့်ကိုသာ စုဆောင်း၍ […]

Read More
Article

အကောင်းဆုံး battle royale ဂိမ်းဖြစ်လာနိုင်တဲ့ Call of Duty: Warzone

Fortnite ဟာ အငြင်းပွားစရာမရှိတဲ့ အကောင်းဆုံး battle royale ဂိမ်းဖြစ်ပါတယ်။ ဒါပေမဲ့ Fortnite ကို battle royale ဂိမ်းဘုရင်ကနေ ဖြုတ်ချနိုင်မယ့် ဂိမ်းကတော့ Call of Duty: Warzone ပဲဖြစ်ပါတယ်။ Actvision ဟာ အခမဲ့ကစားနိုင်တဲ့ Warzone ကို PC, PS4 နဲ့ Xbox One တို့အတွက် ဖြန့်ချိလိုက်ပါတယ်။ အခု Warzon ဂိမ်းက နာမည်ကျော် Call of Duty ဂိမ်းစီးရီးနဲ့ အလွန်ကိုက်ညီပါတယ်။ ဂိမ်းဖြန့်ချိပြီး ၂၄ နာရီအတွင်း Warzon ကစားတာကို Twitch မှာ လူပေါင်းသန်းဝက် လွှင့်တင်ခဲ့ပြီး ကြည့်ရှုမှုက နာရီ ၄ သန်းကျော် ရှိတယ်လို့ […]

Read More