[ Zawgyi ] ဒီနေ့ခေတ်ဟာ စမတ်ဖုန်းတွေ ခေတ်စားလာတဲ့ အချိန်ဖြစ်ပါတယ်။ စမတ်ဖုန်းတွေ ခေတ်စားလာတာနဲ့အမျှ နောက်ပိုင်းထွက် စမတ်ဖုန်းတွေမှာဆိုရင် ကင်မရာပိုင်းကို အကောင်းဆုံးဖြစ်အောင် ထည့်သွင်းပေးလာကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ခေတ်မှာ ခရီးသွားတဲ့သူ တော်တော်များများဟာဆိုရင်လည်း ဟိုးအရင်တုန်းကလို အိတ်ဆောင် ကင်မရာလေးတွေနဲ့ သွားလာတဲ့သူတွေ နည်းလာပြီး စမတ်ဖုန်းတွေနဲ့ ခရီးသွားကြတဲ့သူတွေက ပိုပြီးများလာကြပါပြီ။ ဒါကြောင့် စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကြတဲ့ Mobile Photography ဆိုတာဟာလည်း ခေတ်စားလာခဲ့ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးပြုတတ်ကြတဲ့ Eye Level တွေအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံအတွက် အဓိကကျတဲ့ ရေပြင်ညီနဲ့ Eye Level လို့ခေါ်တဲ့ မျက်စိနဲ့ မြင်တွေ့ရတဲ့ အနိမ့်အမြင့် အကွာအဝေးတွေဟာ ဓာတ်ပုံတစ်ပုံရဲ့ စွဲဆောင်မှုကို ပိုမိုထင်ရှားလာစေတဲ့ […]
Read More[ Zawgyi ] အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးပြုတတ်ကြတဲ့ Compostion တွေအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မြင်တွေ့နေရတဲ့ မြင်ကွင်းတစ်ခုကို ကင်မရာနဲ့ချိန်ပြီး ဒီတိုင်းရိုက်လိုက်တဲ့ ဓာတ်ပုံနဲ့ မိမိဖော်ပြချင်တဲ့အရာကို ပိုမိုထင်ရှားအောင်ဖော်ပြဖို့အတွက် Composition ကို သေချာတွက်ချက်ပြီး ရိုက်လိုက်တဲ့ ဓာတ်ပုံတစ်ပုံဟာ ကွာခြားပါတယ်။ ဓာတ်ပုံအတွက် Composition တွေကတော့ အများအပြားရှိပါတယ်။ ဒါပေမဲ့ အခြေခံကျပြီး အသုံးများတဲ့ Compostion တွေနဲ့ မိမိပတ်ဝန်းကျင်မှာ မြင်တွေ့ရများတဲ့ အခြေအနေတွေပေါ်မှာ မူတည်တဲ့ Compostion ၆ ခုကို ရွေးချယ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ (၁) Rule Of Third ဓာတ်ပုံတစ်ပုံမှာ မိမိဖော်ပြလိုတဲ့ အရာ (Subject) ကို ဓာတ်ပုံရဲ့သုံးပုံတစ်ပုံ လိုင်းနေရာမှာထားပြီး ရိုက်ကူးတဲ့ နည်းလမ်းဖြစ်ပါတယ်။ […]
Read More[ Zawgyi ] ဖုန်းနဲ့ ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါမှာ အချို့ဓာတ်ပုံရိုက် ဝါသနာရှင်တွေအနေနဲ့ မှောင်တဲ့အချိန် မိုဘိုင်းကင်မရာသုံးပြီး ဓာတ်ပုံတွေကို ရိုက်ကူးချင်ကြပါတယ်။ ဒါပေမဲ့ ဖုန်းတွေမှာ မှောင်တဲ့အချိန် ရိုက်ဖို့အတွက် အချို့ဖုန်းတွေမှာ နည်းပညာကြောင့် အခက်အခဲ တချို့ ရင်ဆိုင်ကြရပါတယ်။ နည်းပညာ အခက်အခဲမှာ ဖုန်းမှာပါဝင်တဲ့ နည်းပညာကြောင့် အခက်အခဲဖြစ်နိုင်သလို ဓာတ်ပုံပညာရပ်ဆိုင်ရာ နည်းပညာရပ်တွေကို လေ့လာမှုနည်းလို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ရှိကြတာကို တွေ့ကြရပါတယ်။ ဒါကြောင့် အခုဆောင်းပါးမှာ မှောင်နေတဲ့ အချိန်မှာ မိုဘိုင်းဖုန်းကင်မရာ အသုံးပြုပြီး ဓာတ်ပုံကောင်းတွေရဖို့အတွက် ဘယ်လိုရိုက်ကူးမလဲ ဆိုတာတွေကို အချက်အချို့နဲ့ ဖော်ပြပေးသွားပါမယ်။ Manual စနစ်သုံးပြီး ရိုက်ကူးပါ စမတ်ဖုန်းကိုင်ထားတဲ့ လူတော်တော်များများက ဓာတ်ပုံရိုက်ရင် အလင်းအမှောင်ကို ထိန်းချုပ်ရိုက်ကူးတဲ့အခါ အချို့စမတ်ဖုန်းတွေက အလိုအလျောက် ချိန်ညှိပေးတဲ့အတွက် […]
Read More[ Zawgyi ] Android ဖုန်းတွေနဲ့ Chroma ဗီဒီယိုတွေကို နောက်ခံတွေ ဘယ်လိုပြောင်းလဲ အသုံးပြုသလဲဆိုတဲ့ နည်းလမ်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Chroma ဗီဒီယိုတွေကို နောက်ခံပြောင်းလဲဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုမှာပါ။ Android အသုံးပြုမယ့် ဆော့ဖ်ဝဲကတော့ KineMaster – Pro Video Editor ဆိုတဲ့ ဆော့ဖ်ဝဲဖြစ်ပြီးတော့ iOS အတွက်ဆိုရင် အသုံးပြုမယ့် App ကတော့ Veescope Live ဆိုတဲ့ App ပါ။ ဒီ App ကို Apple App Stores ပေါ်မှာ အခမဲ့ယူပြီး အသုံးပြုလို့ ရပါတယ်။ Andriod ဆော့ဖ်ဝဲကိုတော့ Play Store ပေါ်မှာယူလို့ အဆင်မပြေ ပါဘူး။ […]
Read More[ Zawgyi ] Android မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကူးတာကို ဝါသနာပါတဲ့သူတွေအတွက် ဖုန်းထဲမှာပဲ ဗီဒီယိုတွေကို ပြင်ဆင်တည်းဖြတ်နိုင်တဲ့ ဘယ်လို App တွေ အသုံးပြုသင့်လဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းကင်မရာတွေကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာလည်း အခုအခါမှာ အရည်အသွေး ပိုမိုကောင်းမွန်လာပြီဖြစ်ရာ ဗီဒီယိုတွေကို တည်းဖြတ်ဖို့အတွက်လည်း App တွေက ပိုမိုကောင်း မွန်လာတာကို တွေ့ရပါတယ်။ Chroma လိုမျိုး စိတ်ကြိုက် Video တွေကို လှီးထုတ်နိုင်တဲ့အထိကို Android app တွေက ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ သုံးလို့ကောင်းတဲ့ Video App တွေကို ဖော်ပြပေးလိုက်ပါတယ်။ Kinemaster Android ဖုန်းတွေမှာ အသုံးများတဲ့ Video Editing App တစ်ခုပဲ ဖြစ်ပါတယ်။ […]
Read More[ Zawgyi ] ယနေ့နာမည်ကြီးလာတဲ့ Tik Tok ဆိုတဲ့ Social Media လေးပေါ်မှာ လူတွေအတော်တော်များများ ပျော်မွေ့လာကြပါတယ်။ Tik Tok က Video အသားပေးတင်ရတဲ့ Social Media ဖြစ်တာကြောင့် မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကူးလာကြတာ များလာတာကို တွေ့ရပါတယ်။ မိုဘိုင်းဖုန်းရဲ့ ဗီဒီယိုကွာလတီကလည်း ပိုမိုကောင်းမွန်လာတဲ့အတွက် အပျော်တမ်း ရိုက်ကူးသူတွေအနေနဲ့ မိုဘိုင်းဖုန်းနဲ့ ဗီဒီယို ရိုက်ကူးတဲ့အခါမှာ ဘယ်လိုအချက်လေးတွေက သိထားသင့်ပြီး လိုက်နာသင့်တယ်။ ရှောင်သင့်တယ်ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Portrait ပဲရိုက်ပါ။ မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကြတဲ့သူတွေ တော်တော်များများမှာ အဆင်သင့်သလို ဖုန်းကိုကန့်လန့် အနေအထားနဲ့ ရိုက်ကြတာ တွေ့ရပါတယ်။ အရင်တုန်းက Video ရိုက်ရင်တော့ ဒေါင်လိုက်မရိုက်နဲ့ အလျားလိုက် ရိုက်ကူးပါဆိုပြီး ပြောပြခဲ့ဖူးပါတယ်။ […]
Read More[ Zawgyi ] ယနေ့ခေတ် မြန်မာပြည်ထဲမှာ သုံးနေတဲ့ မိုဘိုင်းဖုန်း အများစုထဲမှာ Android operating system ဖြစ်တဲ့ Android 8.1 ကို အခြေခံပြီး သုံးစွဲနေကြပြီဖြစ်ပါတယ်။ Android O လို့ခေါ်တဲ့ Android 8.1 မှာ ပိုကောင်းလာတဲ့ ဘက်ထရီသက်တမ်း၊ notification တွေကို အလွယ်တကူထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်များ၊ ဖုန်းနဲ့ tablet အတွက် picture-in-picture mode အပါအဝင် စိတ်လှုပ်ရှား စရာကောင်းတဲ့ feature အချို့ ပါဝင်လာပါတယ်။ ဒါကြောင့် Android O ရဲ့ အကောင်းဆုံး feature တွေကို စမ်းသပ်ကြည့်ပြီး ကိုယ့်ရဲ့ မိုဘိုင်းဖုန်း service တွေကို အပြည့်အဝ သုံးစွဲသင့်ပါတယ်။ (၁) […]
Read More[ Zawgyi ] လတ်တလောမှာ Instagram ဟာ လူသုံးအများဆုံး လူမှုကွန်ရက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံတွေကိုဝေမျှနိုင်တဲ့ အဲဒီ ကွန်ရက်ကို အသုံးပြုတဲ့အခါမှာလည်း လွယ်ကူမြန်ဆန်ပါတယ်။ အောက်ဖော်ပြပါ အချက်များကတော့ Instagram ကို စတင်အသုံးပြုဖို့ ကြံရွယ်နေသူတွေအနေနဲ့ follower နဲ့ ထိတွေ့မှု များပြား လာစေမယ့် အကြံပြုချက် (၁၀) ချက် ဖြစ်ပါတယ်။ (၁) စိတ်ဝင်စားစရာရောင်စုံဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုတင်ပါ Instagram ဆိုတာ သုံးစွဲသူရဲ့ follower တွေကို တန်ဖိုးရှိတာတွေ ထောက်ပံ့ပေးတဲ့ လူမှုကွန်ရက်တစ်ခုပါ။ သုံးစွဲသူကိုယ်တိုင်က follower ဆီက ထိတွေ့မှု များများ လိုချင်ရင် စိတ်ခံစားမှုတွေကို လှုံ့ဆော်ပေးနိုင်မယ့် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ တင်သင့်ပါတယ်။ ဥပမာအားဖြင့် ပျော်စရာတွေ၊ ဟာသ၊ စိတ်ခွန်အား၊ […]
Read More[ Zawgyi ] ဓာတ်ပုံပညာမှာ နေဝင်နေထွက် ရွှေရောင်တောက်တဲ့ အချိန်လေး တွေကို ရိုက်ကူးတယ်ဆိုပြီးတော့ ရှိပါတယ်။ အဲဒီအချိန်တွေကတော့ နေရောင်ခြည်ရဲ့ အရောင်ဖျောဖျော့လေးတွေ ကောင်းကင်မှာ ဖြာထွက်နေပြီး တိမ်စိုင်တိမ်လိပ်တွေ အရာဝတ္ထုတွေပေါ်မှာ အလင်းပြန် နေတာတွေကို အမိအရ ရိုက်ကူးနိုင်မယ့် အချိန်မှာ ကိုယ့်ဖုန်းရဲ့ Manual စနစ်ကိုသုံးပြီး အဲလိုအချိန်လေးတွေမှာ လှပတဲ့ ဓာတ်ပုံတွေကို ဘယ်လိုရိုက်ကူးမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ဖုန်း Camera ကို မလှုပ်အောင် ပြုလုပ်ခြင်း ပထမဆုံးပြောရမယ့် အချက်ကတော့ အလင်းအားနည်းတဲ့အချိန်မှာ ရိုက်ကူးနိုင်တဲ့ ဓာတ်ပုံတွေက အရမ်းကို သတိထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလင်းအားနည်းတဲ့အတွက် shutter speed နဲ့ iso တို့ကို ချိန်ညှိ ရိုက်ကူးရတာကြောင့် လက်မငြိမ်တဲ့အခါ ဓာတ်ပုံမှာ Shake တွေဖြစ်တတ်ပါတယ်။ […]
Read More[ Zawgyi ] ကိုယ့်ရဲ့ iPhone ဟာ iOS ရဲ့ နောက်ဆုံး version iOS 12 ကို တင်လိုက်ပေမယ့် camera မှာတော့ Manual စနစ် မပါဝင်လာပါဘူး။ ဒါကြောင့် အချို့နေရာတွေမှာ Manual စနစ်လေး သုံးပြီး ကိုယ့်ရဲ့ iPhone နဲ့ အလန်းစားဓာတ်ပုံတွေ ရိုက်ကူးချင်ကြပါတယ်။ iPhone ကင်မရာရဲ့ နောက်ဆုံး iOS version မှာတောင် Manual စနစ်ကို အထောက်အပံ့မပေးနိုင်တာကြောင့် Third party application တွေ ထည့်သွင်းပြီး အကူအညီ ထပ်မံရယူကြရပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာကတော့ ကင်မရာ ရိုက်ကူးတဲ့အခါမှာ iOS 12 မှာ manual စနစ်နဲ့ အခြား […]
Read MoreCopyright © 2021 | Internet Journal