Interview

Interview

Grab မှ Head of Sales and Business Development ဖြစ်သူ ကိုမင်းထွန်းလှမော်နှင့် တွေ့ဆုံခြင်း

Grab မှ ထပ်မံထည့်သွင်း ပြုလုပ်ထားတဲ့ နည်းပညာအသစ် တွေနဲ့ပတ်သက်ပြီး Grab မှ Head  of Sale and Business Develop-ment ဖြစ်သူ ကိုမင်းထွန်းလှမော်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ Grab က ပြုလုပ်နေတဲ့နည်း ပညာအသစ်ဆိုတာဘာလဲ။ အခုဆက်လုပ်မယ့်နည်း ပညာက Premium Rentals by Grab ပါ။ အဲဒါကဘာလဲ ဆိုရင်အခုဆို Taxi လုပ်နေတယ်။ တချို့ Customer တွေ များသောအားဖြင့် Business User တွေအပြင် ပြည်ပခရီးသွားတွေဟာဆိုရင် ကားကြီးကြီးလိုချင်တာရှိတယ်။  ဒါမှမဟုတ်ရင်လည်း ကောင်းတဲ့သန့်တဲ့ ကားလိုချင်တာရှိတယ်။ အဲလိုမျိုးတွေအတွက် Premium Rentals ကိုပြုလုပ်တာဖြစ်တယ်။ လောလောဆယ်တော့ စမ်းသပ်ကာလဖြစ်ပြီး ဒီဆားဗစ်က Grab ကနေပြီးတော့ Local Transportation […]

Read More
Interview

ဗြိတိသျှကောင်စီ၏ Digital Library နဲ့ပတ်သက်ပြီး Deputy Library and Information Manager မယမင်းညီညီနှင့် တွေ့ ဆုံခြင်း

ဗြိတိသျှကောင်စီ စာကြည့်တိုက်မှာဖွင့်လှစ်တဲ့ Digital Library နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဗြိတိသျှကောင်စီရဲ့ Deputy Library and Information Manager မ ယမင်းညီညီနဲ့ တွေ့ဆုံးမေးမြန်း ဖြစ်ခဲ့ပါတယ်။ Digital Library က ဘာလဲဆိုတာ တစ်ချက်လောက် ရှင်းပြပေးပါ။ ဗြိတိသျှကောင်စီရဲ့ ဒီဂျစ်တယ် စာကြည့်တိုက်ဆိုတာ မဂ္ဂဇင်းနှင့် သတင်းစာပေါင်း ရ၀ဝဝ ကျော်၊ သုတ၊ရသ eBook နဲ့ audiobook ပေါင်း ၃၀ဝဝ ကျော်၊ ဘာသာရပ်ဆိုင်ရာ eBook ပေါင်း တစ်သိန်းကျော်၊ မှတ်တမ်းရုပ်ရှင်နှင့် တီဗွီအစီအစဉ်ပေါင်း ရဝဝဝ ကျော်၊ ရုပ်ပြကာတွန်းတွေနဲ့ software အသုံးပြုနည်း ဗွီဒီယိုပေါင်းရာ ပေါင်းများစွာတို့အပြင် ဗြိတိသျှ ကောင်စီရဲ့ IELTS စာမေးပွဲအတွက် ပြင်ဆင်လေ့လာခြင်းနဲ့ ပတ်သက်တဲ့ […]

Read More
Interview

METRO Wholesale Myanmar ၏ CEO ဖြစ်သူ Jens Michel နဲ့တွေ့ဆုံခြင်း

အွန်လိုင်းပေါ်ကနေ ရောင်းဝယ်မှုတွေ ပြုလုပ်ဖို့ အဓိကဘယ်လို အခက်အခဲတွေရှိလဲ။ မြန်မာနိုင်ငံမှာဆိုရင် အင်တာနက်တွေ ခေတ်စားလာပြီးတော့ ၂၆ သန်းသော ပြည်သူတွေဟာ အခုဆို Facebook တွေ သုံးလာကြ ပြီ။ သန်း ၂၀ ဟာဆိုရင် Viber ကို အသုံးပြုလာကြပြီ။ နောက်မိုဘိုင်းဖုန်း အသုံးပြုတဲ့သူဟာဆိုရင် လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကျော် ရှိလာပြီ။ ဒီအခြေအနေတွေ အကုန်လုံးကို လိုက်ပြီးတော့ eCommerce ပလက်ဖောင်းပေါ်ကနေ ပြုလုပ်ရတာ အများကြီးအကျိုးရှိတယ်၊ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ယူဆောင်လာပါတယ်။ အခွင့်အလမ်းဆိုတာ ဘယ်လိုအခွင့် လမ်းမျိုးလည်းဆိုရင် လူထုကိုပညာပေးရမယ့် အခွင့်အလမ်းမျိုး ပါ။ ဒါက စားသောက်ကုန်လုပ် ငန်းဖြစ်တဲ့အတွက် စားသောက် ကုန်လုပ်ငန်းကနေ ဘေးအန္တရာယ် ကင်းရှင်းရေးက အလွန်အရေးကြီးပါတယ်။ လူထုကိုအစားသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအနေနဲ့ […]

Read More
Interview

၂၀၂ဝ နှင့် လူမှုကွန်ရက်ဂယက်ဆိုရှယ်မီဒီယာဖိုရမ်နှင့် ပတ်သက်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးနှင့်တွေ့ဆုံခြင်း

၂၀၂ဝ နှင့် လူမှုကွန်ရက်ဂယက် ဆိုရှယ်မီဒီယာဖိုရမ် ကျင်းပရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။ ဒီဖိုရမ်ကို ကျင်းပရတဲ့ ရည် ရွယ်ချက်ကတော့ မြန်မာပြည်မှာ အင်တာနက်ကိုအသုံးပြုသူတွေ၊ ဆိုရှယ်မီဒီယာကို အသုံးပြုတဲ့သူ တွေအနေနဲ့ ဒီအပေါ်မှာ ကောင်းကျိုးတွေ ဘယ်လိုရှိတယ်။ ဆိုးကျိုးတွေ ဘယ်လိုရှိတယ်။ သက်ရောက်မှုတွေ ဘယ်လိုရှိတယ်။ သက်ရောက်မှုတွေကို ဘယ်လိုကာကွယ်မယ်၊ ဆင်ခြင်မယ်ဆိုတဲ့ အသိဉာဏ်လေးတွေ မျှဝေပေးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ လူမှုအဖွဲ့အစည်းကို ကာကွယ်ဖို့နဲ့ ပြီးရင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေမှာလည်း အကျိုးထိရောက်မှုရှိစေဖို့ ရည်ရွယ်ပါတယ်။ အခု ပြည်သူတွေကြားထဲမှာ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ ဂယက်တွေကရော ဘာတွေဖြစ်နိုင်ပါလဲ။ ဆိုရှယ်မီဒီယာကို သုံးပြီးတော့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ဂယက်က ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ တချို့ဟာလေးတွေကျတော့ ဒီအသိ ပညာပိုင်းဆိုင်ရာမှာ […]

Read More
Interview

ဂျပန်စာသင်ကြားခြင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းအကြောင်းနဲ့ ပတ်သက်ပြီး Leo Education Center မှ ဦးစိုင်းစည်သူနှင့် တွေ့ဆုံခြင်း

ဂျပန်နိုင်ငံကနေ လုပ်သားခေါ်ယူမှုအတွက် ကျွမ်းကျင်လုပ်သား ဗီဇာအသစ်နဲ့ စတင်ခေါ် ယူမယ်လို့ သိရပါတယ်။ ကျွမ်းကျင်လုပ်သား ဗီဇာအသစ်အရ မြန်မာနိုင်ငံကနေ သွားရောက်လုပ်ကိုင်ကြမယ့် သူတွေအနေနဲ့ အခွင့်အရေးတွေ ပိုများလာမှာဖြစ်ပြီး ခံစားခွင့်တွေလည်း ပိုပြီးများလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပုံမှန်သွားရောက်နေတဲ့ Training ဗီဇာနဲ့သာ တင်ပို့နေကြတာဖြစ်ပြီး ကျွမ်းကျင်လုပ်သား ဗီဇာအနေနဲ့ တင်ပို့ခွင့်မပြုသေးဘဲ အဲဒီကျွမ်းကျင်လုပ်သား ဗီဇာအတွက် ဂျပန်စာအရည်အချင်းစစ် စာမေးပွဲတွေကိုလာမယ့် အောက်တိုဘာလထဲမှာ ပြုလုပ်မယ်လို့ သိရပါတယ်။ ကျွမ်းကျင်လုပ်သားဗီဇာနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေနဲ့ အားနည်းချက် အားသာချက်တွေကို Leo Education Center မှ ဦးစိုင်းစည်သူနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဂျပန်သွားမယ့်သူတွေ ဂျပန်စာနဲ့ပတ်သက်ပြီး ဘယ်လိုပြင် ဆင်ရမလဲ။ ဂျပန်စာနဲ့ပတ်သက်ပြီး အရင်ဆုံး N5 Level ကို ကြေညက်အောင် သင်ရမယ်။ […]

Read More
Interview

Pixel Brush Studio မှ Founder and Creative Director ဖြစ်သူ ကိုကျော်နှင့် တွေ့ဆုံခြင်း

မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာစတိုင်နဲ့ ထွက်ရှိလာမယ့် ဒုဘဒ္ဒရုပ် ပြစာအုပ်ဖန်တီးသူ Pixel Brush Studio မှ Founder and Creative Director ကိုကျော်နဲ့ ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ရုပ်ပြပျောက်ကွယ်နေရတဲ့ အကြောင်းအရင်းက ဘာကြောင့်လို့ထင်ပါလဲ။ ရုပ်ပြကွယ်ပျောက်ရတဲ့ အကြောင်းအရင်းကတော့ အများကြီးရှိတယ်၊ လူတွေရဲ့ ခေတ်စနစ်အပြောင်းအလဲတွေ၊ နည်းပညာ အပြောင်းအလဲတွေ၊ စမတ်ဖုန်း တွေ၊ အင်တာနက်တွေ၊ ဆိုရှယ် မီဒီယာတွေ အားကောင်းလာတဲ့ အချိန်မှာ ပရိသတ်က တစ်ဖတ် စောင်း နင်းပါသွားတာမျိုးရှိတယ်၊ အဲ့အခါမှာ လူတွေကစာအုပ်၊ စာ ပေတွေ ဖတ်တာမျိုးမရှိကြတော့ ဘူးဆိုတော့ စာအုပ်ရဲ့ စျေးကွက်က ထိုးကျတာမျိုး ဖြစ်သွားတယ်၊ ဒါပေမဲ့ အခုလူတွေက စာအုပ်စာပေဘက်ကိုပြန်ပြီး လှည့်လာကြပြီ၊ စာတွေလည်း ပြန်ဖတ် လာကြပြီ၊ […]

Read More
Interview

International Baccalaureate Diploma Programme (IBDP) နှင့်ပတ်သက်၍ Mr.Andrew Melnyk နှင့် တွေ့ဆုံခြင်း

[ Zawgyi] IB ဆိုတာ International Baccalaureate Diploma Pro-gramme (IBDP) ဆိုတဲ့ ၂ နှစ်တာ သင်ယူရတဲ့ ပညာရေးစနစ်ပဲ ဖြစ်ပါတယ်။ ဒီပညာရေးစနစ်ကို အသက် ၁၆ နှစ်ကနေ ၁၉ နှစ် အတွင်း ကျောင်းသား၊ကျောင်းသူများသာ တက်ရောက်ခွင့်ရမှာ ဖြစ်ကာ Programme ပြီးဆုံးပါက ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်အများစုက လက်ခံပေးတဲ့ အရည်အချင်းမီ အထက်တန်းအောင် Diploma လက်မှတ်ကို ရရှိမှာပါ။ ကျောင်းသားတွေအနေနဲ့လည်း IB Diploma ကို ထူးထူးချွန်ချွန်အောင် မြင်ခဲ့မယ်ဆိုရင် မိမိနှစ်သက်ရာ တက္ကသိုလ်များမှ သက်ဆိုင်ရာ ပညာသင်ဆု အမျိုးမျိုးကို ရရှိနိုင်သည့် အခွင့်အရေး ပိုများလာမယ်လို့ သိရပါတယ်။ International Baccalaureate Diploma Programme (IBDP) […]

Read More