Mobile Phone

Mobile Phone

Canva ကိုသုံးပြီး Zoom မှာ နောက်ခံ Background ကို ဘယ်လိုပြောင်းမလဲ

Covid-19 ကူးစက်ရောဂါ စဖြစ်တဲ့အချိန်မှာ အွန်လိုင်းဗီဒီယို အစည်းအဝေးတွေလုပ်နိုင်တဲ့ App တွေ ဝယ်လိုအားမြင့်တက်ခဲ့တာ သိကြမှာပါ။ အဲဒီထဲကမှ အသုံးပြသူတွေအနေနဲ့ ဗီဒီယိုကွန်ဖရင့်ကို ပါဝင်သူ ၁၀၀ အထိ ပြုလုပ်နိုင်တဲ့ Zoom app က လူသိများပါတယ်။ Zoom meeting app မှာ စိတ်ဝင်စားဖွယ်ရာ လုပ်ဆောင်ချက်တွေ များစွာရှိတဲ့ထဲက Canva ကို သံ့းပြီး Zoom မှာ နောက်ခံ Background ကို ဘယ်လိုပြောင်းလဲ သုံးရလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ Canva ကတော့ အွန်လိုင်းမှာ ဒီဇိုင်းဖန်တီးနိုင်တဲ့ cloud-based editing app ဖြစ်ပါတယ်။ ( မိမိက ဖုန်းနဲ့ လုပ်တာဆိုရင်တော့ ဖုန်းထဲမှာ Canva app ထည့်သွင်းထားဖို့ […]

Read More
Mobile Phone

iPhone, Android ဖုန်းနဲ့ iPad တို့ရဲ့ Gmail app က Google meet ကို ဘယ်လိုပိတ်ထားမလဲ

Google က iPhone, Android ဖုန်းနဲ့ iPad တို့ရဲ့ Gmail စနစ်ထဲမှာ Google Meet ကို အလွယ်တကူ ပိတ်/ဖွင့် လုပ်နိုင်မယ့် ခလုတ်ကို ထည့်သွင်းထားပါတယ်။ အခုလို Google အနေနဲ့ Meet ကို ထည့်သွင်းပေးလိုက်တာက ကွန်ပျူတာကနေ အီးမေးလ်အသုံးပြုတဲ့သူအတွက် ကြည့်ရတာ အဆင်ပြေနိုင်ပေမယ့် ဖုန်းကနေ သုံးတဲ့သူ အတွက်ကတော့ မေးလ်အသုံးပြုရတာ မြင်ကွင်း သိပ်မရှင်းလင်းသလို ခံစားရနိုင်ပါတယ်။ မိမိအနေနဲ့ မိမိဖုန်းရဲ့ Gmail app ကို နဂိုရှင်းလင်းတဲ့ပုံစံနဲ့ အသုံးပြုချင်တယ် ဆိုရင်တော့ Meet ကို ပိတ်ထားနိုင်ပြီး အဲဒီလို ပိတ်ထားလိုက်ရင်တော့ Toolbar မှာ meet နဲ့ mail စတဲ့ icon တွေကို […]

Read More
Mobile Phone

iOS ရဲ့ Google Drive app မှာ လုံခြုံရေးဆိုင်ရာ Face ID စနစ်ကို ဘယ်လိုထည့်သုံးမလဲ

မိမိရဲ့ iPhone, iPad တွေထဲက Google Drive app ကို အခြားသူတွေ အလွယ်တကူဝင်ရောက်ကြည့်ရှုတာမျိုးကို ကာကွယ်ဖို့အတွက် ဖုန်းရဲ့ Face ID စနစ်ကို အသုံးပြုနိုင်ပါတယ်။ Face ID စနစ် ထည့်သွင်းဖို့အတွက် အရင်ဆုံး ဖုန်းထဲက Google Drive app ကို ဖွင့်လိုက်ပါ။ Google Drive app ပွင့်လာရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဘယ်ဘက် အပေါ်ထောင့်နားက menu icon ကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ Settings စနစ်ထဲကို ထပ်ဝင်ဖို့အတွက် Settings ဆိုတဲ့ စာသားကို နှိပ်ပါ။ Settings စနစ်ထဲကိုရောက်သွားပါမယ်။ အဲဒီထဲက Privacy Screen ဆိုတဲ့ စာသားကို ထပ်နှိပ်လိုက်ပါ။ […]

Read More
Mobile Phone

iOS ရဲ့ Share Sheet ကို ဘယ်လိုမျိုး စိတ်ကြိုက်ပြင်သုံးမလဲ

iOS 13 နဲ့အတူ Apple က မိတ်ဆက်ပေးခဲ့တဲ့ Share Sheet ကို လူအများ ချီးကျူးခံကြပါတယ်။ မိမိရဲ့ iPhone ကနေ tweet တစ်ခုခု မျှဝေလိုတဲ့အခါမျိုး ဒါမှမဟုတ် App တစ်ခုမှာ မျှဝေထားတဲ့ အကြောင်းအရာ တစ်ခုခုကို သိမ်းဆည်းလိုတဲ့အခါမျိုးမှာ Sheet က မပါမဖြစ်အနေနဲ့ အသုံးပြုကြတာကြောင့်ဖြစ်ပါတယ်။ iOS ရဲ့ Share Sheet လုပ်ဆောင်ချက်ကို မိမိစိတ်ကြိုက် ဘယ်လိုပြုပြင်အသုံးပြုနိုင်လဲဆိုတာ ဆက်လက်ဖတ်ကြည့်ပါဦး။ AirDrop icon လိုမျိုး အလျားလိုက်အတန်းအဖြစ် ပြောင်းလဲအသုံးပြုတာက မိမိရဲ့ Share Sheet ကို အသုံးပြုဖို့အတွက် ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ မိမိအသုံးပြုလိုတဲ့ အရာတွေကို သေချာထည့်သွင်းပြင်ဆင်သင့်ပါတယ်။ မိမိအနေနဲ့ မက်ဆေ့ခ်ျ၊ မေးလ်၊ အိတ်ဆောင်၊ မှတ်စု၊ […]

Read More
Mobile Phone

စမတ် screen လုပ်ဆောင်ချက်ဖြစ်တဲ့ Ambient Mode ကို ဘယ်လိုသုံးမလဲ

မိမိကဖုန်းမှာ Google Assistant ကိုသုံးတယ်ဆိုရင်တော့ ဖုန်းရဲ့ lock screen ကို မဖွင့်ဘဲနဲ့ Assistant လုပ်ဆောင်ချက်ဆိုင်ရာတွေကို အသုံးပြုနိုင်တဲ့ စမတ် Screen လုပ်ဆောင်ချက်ဖြစ်တဲ့ Ambient mode ကို စမ်းသပ် အသုံးပြုကြည့်သင့်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို သုံးပြီး သတိပေးချက်တွေ၊ ရာသီဥတုအခြေအနေအသစ် ပြောင်းခြင်းဆိုင်ရာတွေ၊ တေးဂီတဖွင့်တာတွေ၊ Gallery ဓာတ်ပုံကြည့်ရှုတာတွေကို ဖုန်းရဲ့ Lock screen ကို ဖွင့်စရာ မလိုဘဲ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Ambient Mode ကိုအသုံးပြုဖို့အတွက် ပထမဦးဆုံး ဖုန်းမှာ Google Assistant ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ မိမိဖုန်းမှာ မရှိရင်တော့ Google Assistant App ကို Goolge PlayStore မှာ download လုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။ […]

Read More
Mobile Phone

MIUI Screen Recorder ရဲ့ အသံမဖမ်းယူနိုင်သည့် ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

Xiaomi က MIUI ကို အင်္ဂါရပ်များစွာပါ ၀ င်ပြီး ပိုလန်းတဲ့ UI အဖြစ် ဖန်တီးပေးလေ့ရှိပါတယ်။ Android ရဲ့ တရားဝင်ဗားရှင်းမစတင်မီ system-wide dark mode ကို ထည့်သွင်းပေးခဲ့ပါတယ်။ နောက်တစ်ခုက MIUI 8 နဲ့ဖြန့်ချိခဲ့တဲ့ screen recorder application တစ်ခုပါ။ စမတ်ဖုန်းရဲ့ audio နဲ့ video နှစ်ခုလုံးကို မှတ်တမ်းတင်နိုင်ပါတယ်။ ဒါပေမဲ့ မိမိဖုန်းရဲ့ Screen Recorder က အသံမဖမ်းယူနိုင်တာမျိုး ဖြစ်ခဲ့ရင်တော့ အောက်ပါနည်းလမ်း ၃ ခုနဲ့ စမ်းသပ်ဖြေရှင်းကြည့်နိုင်ဖို့ ရေးသားပေးလိုက်ပါတယ်။ နည်းလမ်း – ၁ – အခြေခံပြဿနာကိုဖြေရှင်းခြင်း အခြေခံကစပြီး စစ်ဆေးကြည့်ဖို့ လိုအပ်မှာပါ။ အရင်ဆုံး အသံအတိုးအကျယ်ကို […]

Read More
Mobile Phone

Android 10 မှာ Wi-Fi စကားဝှက်ကို QR Code အသုံးပြု၍ ဘယ်လိုမျှဝေမလဲ

မိမိရဲ့ အိမ်ကို သူငယ်ချင်း၊ မိတ်ဆွေတွေရောက်ရှိလာပြီး အိမ်ရဲ့ အင်တာနက်နဲ့ချိတ်ဆက်ဖို့ Wi-Fi စကားဝှက်တောင်းခံတဲ့အခါ မိမိအနေနဲ့ Wi-Fi လျှို့ဝှက်နံပါတ်ကို မမှတ်မိတာမျိုးအတွက် အဆင်ပြေမယ့် နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။ Android OS ver. 10 နဲ့ အထက် ထည့်သွင်းအသုံးပြုထားတဲ့ ဖုန်းတွေမှာ တခြား Third party app မလိုဘဲ တိုက်ရိုက် Wi-Fi စကားဝှက်ကို QR Code အနေနဲ့ မျှဝေနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျှဝေဖို့အတွက် ဖုန်းကို ဝိုင်ဖိုင်ကွန်ရက်နဲ့ချိတ်ဆက်ထားရမှာဖြစ်ပါတယ်။ အရင်ဆုံးဖုန်းရဲ့ Settings ထဲကို သွားပါ။ မိမိအိမ်ရဲ့ Wi-Fi ကွန်ရက်ကို ရွေးဖို့ Wi-Fi စနစ်ထဲကို ဝင်ဖို့ Wi-Fi ဆိုတဲ့ စာသားကို တစ်ချက်နှိပ်လိုက်ပါ။ Wi-Fi စနစ်ထဲရောက်သွားရင် အခြား […]

Read More
Mobile Phone

iOS 13 မှာ WMV ဖိုင်တွေ ဘယ်လိုဖွင့်မလဲ

iOS အသုံးပြုသူတွေ အနေနဲ့ WMV လို့ လူသိများတဲ့ Windows Media Video ကဲ့သို့သော ဖိုင်အမျိုးအစားတွေကို ဖုန်းမှာ ဖွင့်ဖို့ အခက်အခဲ ဖြစ်နေတယ်ဆိုရင် ခုဖော်ပြပေးမယ့် နည်းလမ်းကို အသုံးပြု ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ WMV ဖိုင်အမျိုးအစားက Microsoft စံ ဖိုင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ iPhone နဲ့ iPad ပေါ်မှာ WMV ဖိုင်တွေ ကို ဖွင့်နိုင်ဖို့ဆိုရင် အခမဲ့ ရယူနိုင်တဲ့ PlayerXtreme Media Player App ကို အသုံးပြုရမှာဖြစ်ပါတယ်။ iOS 13 မှာ PlayeXtreme ကို ဖုန်းထဲ ထည့်သွင်းပြီးရင်တော့ အလွယ်တကူပဲ WMV ဖိုင်တွေကို ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အဲဒီ App ကို မသုံးချင်ဘူးဆိုရင်တော့ […]

Read More
Mobile Phone

iOS မှာ TikTok ဗွီဒီယိုကို Live Wallpaper အဖြစ် ဘယ်လိုအသုံးပြုမလဲ

TikTok က မိမိနှစ်သက်တဲ့ ဗီဒီယိုကို iPhone မှာ live wallpaper မှာပြောင်းလဲအသုံးပြုနိုင်ပါတယ်။ အရင်ဆုံး မိမိရဲ့ဖုန်းထဲက TikTok ကိုဖွင့်ပြီး live wallpaper အဖြစ်ပြောင်းလဲလိုတဲ့ ဗီဒီယိုကိုရှာပါ။ မိမိလိုအပ်တဲ့ဗီဒီယိုကို တွေ့ရင်တော့ share icon ကို တစ်ချက်နှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ ဘောက်တစ်ခုပေါ်လာမှာဖြစ်ပြီး ဒုတိယတန်းမှ“ Live Photo” ဆိုတဲ့ စာသားပေါ်က icon ကိုနှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ ဗွီဒီယိုကို သင့်ရဲ့ဖုန်းဓါတ်ပုံ App မှာ တွေ့နိုင်တဲ့ Live Photo အဖြစ်ကို ပြောင်းလဲပေးမှာဖြစ်ပါတယ်။ ခုနက Live Photo အဖြစ် ပြောင်းလဲသိမ်းဆည်းခဲ့တဲ့ ဗီဒီယိုကို မိမိအနေနဲ့ Live Wallpaper အဖြစ်ဖုန်းမှာ ပြောင်းလဲအသုံးပြုဖို့အတွက် Settings ထဲကိုသွားပါ။ […]

Read More
Mobile Phone

iOS တွင် External Audio ဖြင့် Screen Record ကို ဘယ်လိုလုပ်မလဲ

iOS 11 အထိ iPhone screen ကို မှတ်တမ်းတင်ချင်တဲ့အခါမှာ မိမိရဲ့ iPhone ကို Mac နဲ့ ချိတ်ဆက်ပြီး Quicktime ကို အသုံးပြုကာ screen ကို မှတ်တမ်းတင် record လုပ်ရတာ ဖြစ်ပါတယ်။ Apple က iOS 11အတွက် Screen Recording feature အသစ်ကို ဖြန့်ချိလိုက်တဲ့အခါမှာတော့ အနည်းငယ် ပြောင်းလဲလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ feature သစ်ရဲ့ ဖန်သားပြင်အသံဖမ်း (screen record) လုပ်ဆောင်ချက်က ဗွီဒီယိုမှတ်တမ်းတင်နေစဉ် ဖုန်းရဲ့ system audio ကိုပဲ အသံကိုသာ ဖမ်းယူပေးပါတယ်။ မိုက်ခရိုဖုန်းကနေ ပြင်ပအသံဖမ်းယူ မှတ်တမ်းတင်တာမျိုး မလုပ်ဆောင်နိုင်ပါဘူး။ မိမိအနေနဲ့ iOS setting ထဲက […]

Read More