Xiaomi

Tech
Xiaomi

 သုံးစွဲသူအချက်အလက်တွေကို Xiaomi စုဆောင်းနေဟု Forbes ဖော်ပြ

Xiaomi ဟာ Xiaomi ဖုန်းနဲ့ ကိုယ်ပိုင် browser အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ Forbes နဲ့ လက်တွဲလုပ်နေတဲ့ လုံခြုံရေးသုတေသီတစ်ဦးက ဖော်ထုတ်ခဲ့ပါတယ်။ Xiaomi ရဲ့ browser မှာ incognito mode နဲ့အသုံးပြုတာ ဒါမှမဟုတ်လည်း DuckDuckGo လိုမျိုး တစ်ကိုယ်ရေလုံခြုံရေးဦးစားပေး browser နဲ့အသုံးပြုရင်လည်း အချက်အလက်တွေ စုဆောင်းခံရပါမယ်။ လုံခြုံရေးသုတေသီဖြစ်တဲ့ Gabriel Cirlig ဟာ နေ့စဉ် Redmi Note 8 ကိုအသုံးပြုပါတယ်။ Xiaomi ဖုန်းက ဖုန်းပေါ်က သူ့လုပ်ဆောင်ချက် အားလုံးကို မှတ်တမ်းတင်ပြီး ရုရှားနဲ့ စင်ကာပူက ဆာဗာတွေဆီပို့နေပါတယ်။ ဒါပေမဲ့ ဆာဗာရဲ့ domain ကတော့ ဘေကျင်းမှာ host လုပ်ထားပါတယ်။ သူ့ရဲ့ […]

Read More
Tech
Xiaomi

ဈေးသက်သာပြီး feature စုံလင်တဲ့ Xiaomi ရဲ့ Mi Note 10 Lite

Xiaomi ဟာ Mi Note 10 Lite ကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်။ Mi Note 10 Lite တရားဝင် မထွက်လာခင်ကတည်းက အမြည်းမိတ်ဆက်တာနဲ့ ပေါက်ကြားထွက်ပေါ်မှုတွေ ထွက်ခဲ့ပါတယ်။ Mi Note 10 Lite ရဲ့ 6/64GB ဗားရှင်းကို ယူရို ၃၄၉ နဲ့ ရောင်းပါမယ်။ Mi Note Lite အတွက် 6/128GB ကိုတော့ ယူရို ၃၉၉ နဲ့ ရောင်းချသွားပါမယ်။ ဖုန်းဗားရှင်း ၂ မျိုးစလုံးကို မေလလယ်မှာ ရောင်းသွားမယ်လို့ သိရပါတယ်။ Xiaomi Mi 10 Lite ဒီဇိုင်းက Mi Note 10 နဲ့တော်တော်တူပါတယ်။ Mi Note 10 […]

Read More
Tech
Xiaomi

Xiaomi ဖုန်းဒီဇိုင်းသစ် မူပိုင်ခွင့် ထွက်ပေါ်

Xiaomi ဟာ ဖုန်းရဲ့ ထိပ်ဘက်က notch ကိုဖယ်ရှားပြီး လှည့်နိုင်တဲ့ display ဒီဇိုင်းသစ်တစ်ခုကို မူပိုင်ခွင့် တင်လိုက်ပါတယ်။ အဲဒီစမတ်ဖုန်း ဒီဇိုင်းကို 91mobiles ကတွေ့ရှိခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံ ဉာဏပစ္စည်းကြီးကြပ်ရေး (CPIPA) မှာ မူပိုင်ခွင့်တင်ထားပါတယ်။ မူပိုင်ခွင့်အတွင်း အဓိက ကင်မရာ အမျိုးမျိုးကို ရှေ့ဘက်လှည့်နိုင်အောင် ဖန်တီးထားပါတယ်။ဒါကြောင့် ကင်မရာတွေကို ရှေ့ဘက်နဲ့ ကျောဘက်မှာပါ အသုံးပြုနိုင်ပါတယ်။ ဖုန်း display နဲ့အတူ interface တို့က ကင်မရာကို လှည့်နိုင်အောင် မျက်နှာပြင်အရွယ်အစားလိုက် ချိန်ညှိထားဖွယ်ရှိပါတယ်။ အခု Xiaomi ကင်မရာဒီဇိုင်းအရ selfie ရိုက်ဖို့ ကင်မရာကို လှည့်ရပြီး display အပေါ်ဘက်ပိုင်းက ကျောဘက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အလားတူဖုန်းတွေကို ဖုန်းကုမ္ပဏီတွေက ထုတ်လုပ်ခဲ့ဖူးကြပါတယ်။ […]

Read More
Tech
Xiaomi

ပယ်ရီစကုပ်ကင်မရာ ပါဝင်လာတဲ့ Xiaomi Mi 10 Youth

Xiaomi ဟာ ပယ်ရီစကုပ်ပါဝင်လာတဲ့ ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းဖြစ်တဲ့ Mi 10 Youth 5G ကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီကင်မရာမှာ 50x zoom ပါဝင်လာပါတယ်။ ဖုန်းမှာ Snapdragon 765G chipset ပါဝင်လာပြီး ဒေါ်လာ ၃၀၀လောက်ပဲ ကျသင့်မှာပါ။ Xiaomi Mi 10 Youth 5G ဖုန်းက Mi 10 Lite 5G ဖုန်းနဲ့ အတော်ဆင်ပါတယ်။ မျက်နှာပြင် ၆.၅၇လက်မ AMOLED panel နဲ့အတူ fingerprint scanner ပါဝင်လာပါတယ်။ ရုပ်ထွက်အရည်အသွေးကတော့ Full HD+ ဖြစ်ပြီး 180Hz touch sampling rate ထောက်ပံ့ထားပါတယ်။ Mi 10 Youth 5G […]

Read More
Tech
Xiaomi

မျက်နှာပြင်ကြီးမားတဲ့ Redmi Note 9 Pro ကိုမိတ်ဆက်

Xiaomi ဟာ Mi Max မျိုးဆက် ၃ ခုထုတ်လုပ်ပြီးနောက် ရပ်ဆိုင်းလိုက်ပါတယ်။ အခုအခါမှာတော့ မျက်နှာပြင် အလွန်ကြီးမားတဲ့ Redmi Note 9 Pro Max အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင်အရွယ် ၆.၆၇ လက်မ ရှိပြီး ကိုယ်ထည်ကျစ်လျစ်တဲ့ Redmi Note 9 Pro Max မှာကျောဘက် ကင်မရာ ၄ လုံးနဲ့ punch hole မှာ selfi ကင်မရာ ပါဝင်လာပါတယ်။ Redmi Note 9 Pro Max မှာ 8nm Qualcomm Snapdragon 720G chipset ကို RAM 6GB ဒါမှမဟုတ် 8GB နဲ့တွဲဖက်ပေးထားပြီး […]

Read More
Tech
Xiaomi

ပထမဆုံး 5G gaming ဖုန်းဖြစ်လာတဲ့ Black Shark 3 နဲ့ 3 Pro

Xiaomi ရဲ့အမှတ်တံဆိပ်ခွဲ Black Shark ဟာ gaming အသားပေး feature တွေများစွာပါဝင်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ Black Shark 3 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ စတင်ရောင်းချမှာ ဖြစ်ပြီး နောက်ပိုင်း တစ်ကမ္ဘာလုံးဆီ တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။ Black Shark 3 Pro Black Shark 3 Pro မှာ feature များစွာပါဝင်ကာ မျက်နှာပြင်လည်း ပိုမို ကြီးမားလာပါတယ်။ Black Shark 3 Pro ရဲ့မျက်နှာပြင်က ၇.၁ လက်မ QHD+ OLED panel 90Hz အသုံးပြုထားပါတယ်။ ကမ္ဘာ့အမြန်ဆုံး 270Hz touch-sampling rate ပါဝင်လာပါတယ်။ ဖုန်းမှာ Snapdragon […]

Read More
Sony
Tech
Xiaomi

Sony ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်လာနိုင်တဲ့ Xperia 1 II

Sony ဟာ 5G စမတ်ဖုန်းဈေးကွက်ထဲ ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပုံရပါတယ်။ XDA က Max Weinbach ဟာ ၂၀၂၀ ခုနှစ်အတွင်း Sony ကထွက်ရှိမယ့် ဖုန်းဓာတ်ပုံတွေနဲ့ အချက်အလက်တွေကို ဖော်ပြသွားခဲ့ပါတယ်။ Sony ဟာ ၂၀၂၀ ခုနှစ်အတွင်း Xperia 1 II နဲ့ Xperia 10 II ကိုမိတ်ဆက်ဖွယ်ရှိပါတယ်။ Xperia 1 II မှာ မျက်နှာပြင် ၆.၅ လက်မ အသုံးပြုထားသလို low နဲ့ mid-band 5G ကွန်ရက်တွေပါဝင်ပြီး Snapdragon 865 ပရိုဆက်ဆာနဲ့ 90Hz အထိပြသပေးမယ့် motion blur လုပ်ဆောင်ချက် ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီ 4,000mAh, […]

Read More
Asia
Tech
Xiaomi

ကရိုနာဗိုင်းရပ်စ် ပြန့်ပွားနေပေမယ့် 5G ဖုန်း (၁၀) မျိုး မိတ်ဆက်ဖို့ Xiaomi ဆက်လက်စီစဉ်

ကရိုဗိုင်းရပ်စ်ပြန့်ပွားနေတာကြောင့် စမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းတွေ ရပ်တန့်နေပေမယ့် Xiaomi အမှုဆောင်အရာရှိချုပ် လေဂျွန်က ဒီနှစ်မှာ အစီအစဉ်အတိုင်း 5G ဖုန်း ၁၀ မျိုး ထုတ်လုပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ Xiaomi က Mi 10 ကိုမိတ်ဆက်ခဲ့တဲ့ပွဲအတွင်း ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို လေဂျွန်ကပြောခဲ့ပါတယ်။ Xiaomi ရဲ့နောက်ဆုံးပေါ် flaghship Mi 10 ဖုန်းဟာ 5G ချိတ်ဆက်မှု ပါဝင်လာတာကြောင့် ဈေးနှုန်းအမြင့်မားဆုံး Mi စီးရီးဖုန်းဖြစ်လာပါတယ်။ စမတ်ဖုန်းကုမ္ပဏီတွေဟာ တရုတ်နိုင်ငံတစ်ဝန်း ကရိုနာဗိုင်းရပစ်ပျံ့နှံ့မှုကြောင့် ဖုန်းထုတ်လုပ်မှု မလုံလောက်တာနဲ့ ရင်ဆိုင်နေရပါတယ်။ Asus အနေနဲ့ အိန္ဒိယမှာ ROG ဖုန်းထုတ်လုပ်မှု နှောင့်နှေးနေပြီး Xiaomi ရဲ့အမှတ်တံဆိပ်ခွဲ Realme ဖုန်းမော်ဒယ်တချို့လည်း နှောင့်နှေးနေပါတယ်။ တရုတ်ကုမ္ပဏီ Lenovo, Xiaomi နဲ့ […]

Read More
News
Xiaomi

Xiaomi Mi 10 နဲ့ Mi 10 Pro ကိုထုတ်ဖော်မိတ်ဆက်

Xiaomi Mi 10 နဲ့ Xiaomi Mi 10 Pro ကို တရားဝင် ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ ကင်မရာ ၄ လုံးနဲ့ Snapdragon 865 တို့ပါဝင်လာပါတယ်။ ဖုန်း နှစ်မျိုးစလုံးမှာ ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပြီး ရှေ့ကင်မရာ punch hole ဒီဇိုင်းကို အသုံးပြုထားတဲ့ ပထမဆုံး Mi အမှတ်တံဆိပ်ထုတ်ကုန်တွေ ဖြစ်လာပါတယ်။ Mi 10 ကျောဘက်ကင်မရာမှာ Mi Note 10 လိုမျိုး 108MP sensor ပါဝင်လာပါတယ်။ ဖုန်းရဲ့ချိတ်ဆက်မှုကတော့ SA နဲ့ NSA 5G နဲ့ Wi-Fi 6 တို့ပဲဖြစ်ပါတယ်။ Xiaomi Mi 10 Pro     […]

Read More
Tech
Xiaomi

Xiaomi Mi 10 နဲ့ Mi 10 Pro ကြော်ငြာပိုစတာ ထွက်ပေါ်

Xiaomi Mi 10 နဲ့ Mi 10 Pro ကိုတော့ ဖေဖော်ဝါရီ ၁၃ ရက်မှာ မိတ်ဆက်ပါမယ်။ Xiaomi ရဲ့ထုတ်ကုန်သစ်တွေ မိတ်ဆက်မဆက်ခင်မှာတော့ ကြော်ငြာပိုစတာ ထွက်ပေါ်လာပါတယ်။ ကင်မရာ ၄လုံးပါဝင်တဲ့ အပြာရောင်ဖုန်းပုံကတော့ Mi 10 Pro ဖြစ်ပြီး အစိမ်းရောင် ဖုန်းကတော့ Mi 10 ဖြစ်နိုင်ပါတယ်။ Mi 10 ကျောဘက်ကင်မရာမှာ ကင်မရာ ၄လုံးပါဝင်ပေမယ့် Mi 10 Pro လိုမျိုး sensor တော့မပါဝင်လာပါဘူး။ဖုန်းရဲ့ ရှေ့ဘက်ခြမ်း ဘယ်ဘက်ထိပ်မှာတော့ punch hole နဲ့အတူ display တစ်ခုနဲ့ ဖုန်းအနားစွန်းကွေး ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဓာတ်ပုံထဲမှာ Mi 10 ဖုန်းအသေးစိတ်အချက်အလက် အနည်းငယ်ကို […]

Read More