Oppo

News
Oppo

OPPO စမတ်ဖုန်းမော်ဒယ်သစ် ၂ မျိုးကို ပြည်တွင်းစျေးကွက်သို့ မိတ်ဆက်

OPPO ရဲ့ စမတ်ဖုန်း မော်ဒယ်သစ်နှစ်မျိုးဖြစ်တဲ့ A9 (2020) နဲ့ A5 (2020) ကို ပြည်တွင်းစျေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။   A9(2020) နဲ့ A5(2020) မှာ Waterdrop စကရင်ကို အသုံးပြုထားပြီး မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ ဖြစ်ကာ Resolution က 720×1600 HD+ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ မြန်နှုန်းမြင့် Qualcomm Snapdragon 665 Octa-Core အသုံးပြုထားပါတယ်။ A9 မှာ မှတ်ဉာဏ်စနစ်အတွက် RAM 8GB ပါဝင်ပြီး A5 မှာတော့ RAM 4 GB သာပါဝင်ပါတယ်။ ကင်မရာစနစ်မှာတော့ A9 က ကျောဘက်ကင်မရာ ၄ ခု( 48MP, […]

Read More
News
Oppo

ကင်မရာ ၄ လုံး ပါဝင်တဲ့ Oppo Reno2, Reno2 Z နဲ့ Reno2 F

[ Zawgyi ] Oppo ဟာ Reno မော်ဒယ်သစ် ၃ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်း ၃ မျိုးဟာ Oppo Reno နေရာဆက်ခံပြီး Reno နဲ့ Reno 10x zoom ထုတ်ကုန်အကြားက အကွာအဝေးကို ချုံ့ပေးမှာဖြစ်ပေမယ့် periscope ကင်မရာတော့ မပါဝင်ပါဘူး။ အခု မိတ်ဆက်လိုက်တဲ့ ဖုန်း ၃ မျိုးမှာ ၂ မျိုးက မူလ Reno နဲ့တူပါတယ်။ Reno 2 ဖုန်းမော်ဒယ် ၃ မျိုးမှာ ကင်မရာ ၄ လုံးပါဝင်ပြီး မျက်နှာပြင်အရွယ် ၆.၅ လက်မ AMOLED display တွေနဲ့ pop-up selfie ကင်မရာတွေနဲ့ VOOC […]

Read More
News
Oppo

အင်တာနက်နဲ့ ဆယ်လူလာကွန်ရက် မလိုဘဲ ဖုန်းခေါ်ဆိုပြီး message ပေးပို့နိုင်မယ့် Oppo MeshTalk

[ Zawgyi ] Oppo ဟာ အင်တာနက်နဲ့ ဆယ်လူလာကွန်ရက်မလိုဘဲ ဆက်သွယ်နိုင်မယ့် နည်းလမ်းတစ်ရပ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီစနစ်အမည်က MeshTalk ဖြစ်ပြီး ၃ ကီလိုမီတာ အကွာအဝေးအတွင်း အချက်အလက်တွေကို ပေးပို့ဆက်သွယ်နိုင်ပါတယ်။ Oppo ရဲ့ MeshTalk ဟာ mesh ကွန်ရက်ဖြစ်ပြီး အနီးအနားက ထုတ်ကုန်တွေဆီ message ပေးပို့နိုင်ပါတယ်။ MeshTalk မှာ အဝေးကနေ ဆက်သွယ်နိုင်အောင် sensitvity အဆင့်မြှင့်တင်မှုနဲ့ ချစ်ပ်တစ်ခုလည်း ပါဝင်လာပါတယ်။ အခုစနစ်ဟာ bandwidth စနစ် နည်းပါးပြီး message ပေးပို့မှုတင်မကဘဲ ဖုန်းခေါ်ဆိုမှုလည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် စွမ်းအင်သုံးစွဲမှုလည်း နည်းပါးပြီး Oppo အနေနဲ့ MeshTalk အသုံးပြုပြီး ၇၂ နာရီ အသုံးပြုနိုင်တဲ့ ဖုန်းတွေကို […]

Read More
News
Oppo

Oppo ရဲ့ပထမဆုံး under-screen ကင်မရာကို မိတ်ဆက်ခဲ့

[ Zawgyi ] MWC Shanghai 2019 ပွဲကို တရုတ်နိုင်ငံမှာ စတင် ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲဒီပွဲမှာ Oppo ဟာ ကုမ္ပဏီရဲ့ ပထမဆုံး under-screen ကင်မရာကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ Oppo ဟာ အခုလအစောပိုင်းမှာ under-screen ကင်မရာကို အမြည်းမိတ်ဆက်ခဲ့ပါသေးတယ်။ Oppo ရဲ့နည်းပညာသစ်ကင်မရာဟာ display အောက်ထဲ ထည့်သွင်းထားတဲ့အတွက် notch တွေမပါဝင်ဘဲ full-screen အတွေ့အကြုံကို ရရှိစေပါတယ်။ Oppo ဟာ ပြင်ဆင်ထားတဲ့ display နဲ့ ကင်မရာ အစိတ်အပိုင်းတွေကို စိတ်ကြိုက်ပြင်ဆင်ပြီး အခုနည်းပညာကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကင်မရာ lens အပေါ်မှာ ရှိတဲ့ မျက်နှာပြင်အစိတ်အပိုင်းကလည်း ထူးခြားပြီး ဖောက်ထွင်းမြင်နိုင်သလို အလင်းထုတ်လွှင့်မှုကို ရယူဖို့ pixel […]

Read More
News
Oppo

ဇွန် ၂၆ ရက်တွင် under-display ကင်မရာစမတ်ဖုန်းကို Oppo ပြသမည်

[ Zawgyi ] ဒီလအစောပိုင်းမှာ Oppo ဟာ လူမှုရေးမီဒီယာကနေ under-display ရှေ့ကင်မရာကို အမြည်းမိတ်ဆက်ခဲ့ပါတယ်။ အဲဒီနည်းပညာဟာ လက်ရှိ punch hole နည်းပညာထက်အဆင့်မြင့်ပြီး ကင်မရာကို display အောက်မှာ သိမ်းထားပေးနိုင်ပါတယ်။ Oppo ဟာ ဇွန်လ ၂၆ ရက်၊ ရှန်ဟိုင်းမြို့မှာ ပြုလုပ်မယ့် Asian Mobile World Congress မှာ အဲဒီနည်းပညာ ရှေ့ပြေးပုံစံကို ပြသမှာဖြစ်ပြီး ဖိတ်စာတွေကို တရုတ်မီဒီယာ ကိုယ်စားလှယ်တွေဆီ ပေးပို့ထားပါတယ်။ Oppo ရဲ့ under-display ကင်မရာကို စပီကာအောက်ဘက်မှာ နေရာချထားပါတယ်။ တရုတ်ပြည် ရှန်ဟိုင်းမှာ ကျင်းပမယ့် MWC ပွဲဟာ ဘာစီလိုနာမြို့မှာ ပြုလုပ်နေကျ MWC ပွဲကို အခြေခံထားပါတယ်။ အာရှ-ပစိဖိတ်ဒေသက […]

Read More
News
Oppo

Reno စီးရီး စမတ်ဖုန်းမော်ဒယ်သစ်နှစ်မျိုးကို OPPO ပြည်တွင်းမှာမိတ်ဆက်

[ Zawgyi ] OPPO ရဲ့ Reno စီးရီး စမတ်ဖုန်းမော်ဒယ်သစ်နှစ်မျိုးကို ဇွန် ၂၂ ရက်၊ မြန်မာတစ်ပြည်လုံးမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ Reno စီးရီးမှာ OPPO Reno 10x Zoom မော်ဒယ်နဲ့ OPPO Reno မော်ဒယ်နှစ်မျိုးရှိပြီး ဒီဖုန်းတွေမှာ ကမ္ဘာ့ပထမဆုံး Pivot rising ရှေ့ဘက်ကင်မရာကို တပ်ဆင်ထားပါတယ်။ OPPO Reno 10x zoom မှာ ၁၀ ဆအထိ ချဲ့နိုင်တဲ့ 10x Hybrid zoom နဲ့ 60x Digital zoom အထိ ဖမ်းယူရိုက်ကူးနိုင်တဲ့ f/3.0 apeature ရှိတဲ့ Periscope telephoto ကင်မရာ၊ f/1.7 aperture […]

Read More
News
Oppo

10x zoom ပါဝင်တဲ့ Oppo Reno ကို ဧပြီလ ၁၀ ရက် မိတ်ဆက်နိုင်

[ Zawgyi ] Oppo အမှုဆောင်တစ်ဦးဖြစ်သူဟာ Oppo Reno လို့အမည်ရတဲ့ စမတ်ဖုန်းသစ်ကို ထုတ်ဖော်မိတ်ဆက်ဖို့ စီစဉ်နေပါတယ်။ အဲဒီဖုန်းမှာ 10x zoom camera ပါဝင်တယ်လို့ Twitter က သတင်းအချက်အလက် ဖော်ထုတ်သူနဲ့ tipster တွေကပြောခဲ့ပါတယ်။ Oppo Reno ရဲ့မော်ဒယ်နံပါတ်က CPH1917 ဖြစ်တယ်လို့ ခွင့်ပြုချက်ကို ဖော်ပြပေးတဲ့ဝက်ဘ်ဆိုက်တွေမှာ တွေ့ရပါတယ်။ Oppo Reno မှာ Snapdragon 710 chipset နဲ့ ၆.၄ လက်မ Full HD+ ရုပ်ထွက်အရည်အသွေးနဲ့ ကျောဘက်ကင်မရာ 48MP နဲ့ 5MP တို့ပါဝင်တယ်လို့ သိရပါတယ်။ ရှေ့ကင်မရာကတော့ 16MP ဖြစ်ပါတယ်။ အမြည်းမိတ်ဆက်ထားတဲ့ ပုံတွေမှာ ကင်မရာ setup […]

Read More
News
Oppo

OPPO ရဲ့ အသစ်ထွက်ရှိမယ့် flagship ဖုန်းမှာ Snapdragon 855 နဲ့ 10x zoom ကင်မရာပါဝင်လာ

[ Zawgyi ] OPPO ဟာ Helio P70 ထောက်ပံ့ထားတဲ့ F11 နဲ့ F11 Pro ကို မိတ်ဆက်ထားပါတယ်။ မကြာခင်မှာ Oppo ဟာ flagship ဖုန်းတစ်မျိုးကို မိတ်ဆက်လာနိုင်ပါတယ်။ OPPO ရဲ့ flagship ဖုန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီဒုဥက္ကဋ္ဌက အသေးစိတ်အချက်အလက်ကို မျှဝေခဲ့ပါတယ်။ OPPO ဒုဥက္ကဋ္ဌဖြစ်သူ ရှန်ရီရန်ဟာ Weibo မှာ post တင်ခဲ့ပါတယ်။ OPPO Find Z လို့ ကောလာဟလထွက်နေတဲ့ ဖုန်းမှာ Snapdragon 855 chipset, ဘက်ထရီ 4,065mAh နဲ့ 10x hybrid zoom ပါဝင်လာမယ်လို့ ရီရန်ကထုတ်ပြန်ခဲ့ပါတယ်။ ရီရန်အနေနဲ့ စမတ်ဖုန်းထွက်ရှိမယ့်ရက်စွဲနဲ့ အမည်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ […]

Read More
News
Oppo

ကိုယ်ပိုင် ခေါက်စမတ်ဖုန်းကို Oppo ထုတ်ဖော်မိတ်ဆက်

[ Zawgyi ] Samsung Galaxy Fold နဲ့ Huawei ရဲ့ Mate X တို့ကို မိတ်ဆက်နေချိန်မှာ Oppo ဒုဥက္ကဋ္ဌ ဘရိုင်ယန်ရှန်က ကုမ္ပဏီရဲ့ ခေါက်စမတ်ဖုန်း ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဝယ်လိုအားအမြောက်အမြားမရှိဘဲ ရှေ့ပြေးပုံစံထုတ်ကုန်တွေကို တင်ပို့ရောင်းချဖို့ စီစဉ်ထားတယ်လို့ weibo ပို့စ်မှာ ရှန်ကပြောခဲ့ပါတယ်။ ဒါပေမဲ့ Oppo ခေါက်စမတ်ဖုန်းဟာ Samsung ခေါက်စမတ်ဖုန်းဒီဇိုင်းနဲ့ ပိုဆင်ပါတယ်။ Oppo ခေါက်စမတ်ဖုန်းမှာ ကြီးမားတဲ့ OLED panel တစ်ခုတည်းအသုံးပြုထားပြီး ဘေးနှစ်ဖက်ကနေ ခေါက်နိုင်ပါတယ်။ တစ်ဖက်က ထူထဲတဲ့ဘားမှာ ကင်မရာတွေနဲ့ အခြားအစိတ်အပိုင်းတွေကို အသုံးပြုထားပါတယ်။ Oppo အနေနဲ့ အခုခေါက်စမတ်ဖုန်းကို တင်ပို့ရောင်းချခြင်း ပြု၊ မပြုမသိရသေးပေမယ့် မကြာခင်မှာ ခေါက်စမတ်ဖုန်းတွေကို နေရာအနှံ့မှာ […]

Read More
News
Oppo

မတ်လ ၅ ရက်မှာ အိန္ဒိယနိုင်ငံအတွင်း မိတ်ဆက်မယ့် Oppo F11 Pro

[ Zawgyi ] Oppo ဟာ မတ်လ ၅ ရက်မှာ အိန္ဒိယနိုင်ငံအတွင်း F11 Pro စမတ်ဖုန်းကို မိတ်ဆက်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် Oppo က F11 Pro မှာ ကျောဘက်ကင်မရာ 48MP နဲ့ 5MP အပြင် ၆.၅ လက်မ Panoramic Screen နဲ့ VOOC 3.0 အားသွင်းမြန်ဆန်တဲ့စနစ် ပါဝင်တယ်လို့ အတည်ပြုခဲ့ပါသေးတယ်။ စမတ်ဖုန်းရဲ့ကျောဘက်မှာ 3D လျှောစောက်ပုံစံ ဖန်ထည်ကို အသုံးပြုထားပါတယ်။ Oppo ဟာ F11 Pro ရဲ့ရှေ့ဘက်မျက်နှာပြင်ကို ဖော်ပြထားတဲ့ ဓာတ်ပုံကိုလည်း ဝေမျှသွားပါတယ်။ F11 Pro ရဲ့ ရှေ့ဘက်မှာ selfie ကင်မရာကို pop […]

Read More