Huawei

Huawei မှ၂၀၂၀ ခုနှစ်အတွက် အွန်လိုင်းမီဒီယာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စတုတ္ထမဏ္ဍိုင်မှ ဒစ်ဂျစ်တယ်ခေတ်သစ်သို့ ချဉ်းကပ်ခြင်း ခေါင်းစဉ်နဲ့ တတိယအကြိမ်မြောက် မီဒီယာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်က အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပါတယ်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စာနယ်ဇင်းသမားများအတွက် လက်ရှိ ဒစ်ဂျစ်တယ်ရေစီးကြောင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းနဲ့ ကိရိယာတွေရဲ့ အကျိုးကျေးဇူးတွေကို ပိုမို နားလည်စေနိုင်ဖို့နဲ့ လက်ရှိ အိမ်မှ လုပ်ငန်းလုပ်ကိုင်နေရတဲ့ ကာလအတွင်း အကျိုးရှိရှိ ပိုမိုအသုံးချနိုင်စေရန် ရည်ရွယ်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သတင်းစာ၊ ဂျာနယ်ပဲဖြစ်ဖြစ်၊ ရေဒီယိုပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပဲဖြစ်ဖြစ် လူတွေဆီကို တစ်နည်းနည်းနဲ့ သတင်းရောက်အောင် ပို့နိုင်မယ့် နည်းလမ်းတွေက ကျွန်တော်တို့ကို ရွေးချယ်တာ မဟုတ်ပါဘူး။ စာဖတ်သူတွေဆီ သတင်းရောက်အောင် ပေးပို့ဖို့အတွက် ကျွန်တော်တို့က နည်းလမ်းတစ်ခု အသေအချာ ရွေးချယ်ထားဖို့က အရေးကြီးပါတယ်။ အရင်က အသုံးပြုခဲ့တဲ့ သတင်းပေးပို့တဲ့ နည်းလမ်းတွေဟာလည်း ယခုမှာ […]

Read More

Huawei အတွက် ချစ်ပ်ရောင်းချပေးမှာ မဟုတ်တဲ့ Samsung

Huawei အတွက် စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့ ရင်းမြစ်အစိတ်အပိုင်း ရှာဖွေမှုက ပိုမိုခက်ခဲလာပါတယ်။ တောင်ကိုရီးယားသတင်းစာ Chosun IIbo ဖော်ပြချက်အရ Samsung နဲ့ memory ထုတ်လုပ်တဲ့ SK Hynix တို့က စက်တင်ဘာ ၁၅ ရက်မှာ Huawei အတွက် အစိတ်အပိုင်းရောင်းချမှုကို ရပ်ဆိုင်းသွားပါမယ်။ အမေရိကန်ကုန်သွယ်ရေးဌာနက Huawei အပေါ် ကန့်သတ်တဲ့ စည်းမျဉ်းသစ် စတင် အကျုံးဝင်မယ့်ရက်လည်း ဖြစ်ပါတယ်။ကန့်သတ်ချက်တွေက ပြင်ပကုမ္ပဏီတွေက အမေရိကန်အတွင်းက software နဲ့ ကိရိယာ အသုံးပြုပြီး ထုတ်ထားတဲ့ အစိတ်အပိုင်းတွေကို Huawei ဆီရောင်းချလို့ မရအောင် တားဆီးထားတယ်။ ပိတ်ပင်မှုက Huawei လုပ်ငန်းအပေါ် ထိခိုက်ခဲ့ပါတယ်။ မကြာသေးခင်က Huawei စီအီးအို ရစ်ချတ်ယူက ကုန်သွယ်ကန့်သတ်ချက် ရှိပေမယ့် […]

Read More

လာမယ့်နှစ် HarmonyOS ဖုန်းဖြန့်ချိမယ့် Huawei

ပြီးခဲ့တဲ့နှစ်မှာတော့ အမေရိကန်ကုန်သွယ်ရေးဌာနက အမေရိကန်ကုမ္ပဏီတွေက လိုအပ်တဲ့ အစိတ်အပိုင်းတွေကို Huawei ဆီမထောက်ပံ့နိုင်အောင် ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် Huawei ဟာ စမတ်ဖုန်း ထုတ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ရင်းမြစ်အသစ်ကနေ ရှာဖွေခဲ့ရပါတယ်။ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် Huawei ဟာ Android ရဲ့ Google Mobile Services တွေကိုလည်း သုံးလို့မရတော့ပါဘူး။ Android မှာ Google ရဲ့ Android app တွေ အသုံးပြုလို့မရတော့တာကြောင့် Huawei နိုင်ငံတကာဈေးကွက် ထိခိုက်ခဲ့ပါတယ်။ ၂၀၁၉ ဩဂုတ်လမှာ Huawei ဟာ Harmony အမည်ရ operating system အသစ်ကို ဖန်တီးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Huawei က Android နေရာအစားထိုးမယ့် OS […]

Read More

Dimensity 720 5G ပရိုဆက်ဆာ အသုံးပြုထားတဲ့ Huawei Enjoy 20 Plus 5G နဲ့ Enjoy 20

Huawei ဟာ Enjoy 20 Plus 5G နဲ့ Enjoy 20 အမည်ရ အလယ်အလတ်တန်းစားဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ Plus မော်ဒယ်ကတော့ Mate 30 Pro နဲ့ဆင်ပြီး screen-to-body အချိုးအစားက ၉၂ ရာခိုင်နှုန်းအထိ ပါဝင်လာပါတယ်။ Enjoy 20 မှာတော့ ရေစက် notch နဲ့ ကင်မရာအုံ ပါဝင်ပါတယ်။ Huawei Enjoy 20 Plus 5G Huawei Enjoy 20 Plus 5G မှာတော့ ရှည်လျားတဲ့ 20:9 IPS LCD panel နဲ့အတူ 1080x 2400px ရုပ်ထွက်အရည်အသွေးဖြစ်ကာ မျက်နှာပြင်အရွယ်အစားက ၆.၆၃ လက်မ ရှိပါတယ်။ […]

Read More

ကိုဗစ်အလွန် အာရှပစိဖိတ်ဒေသတွင်း ဒီဂျစ်တယ် ကျွမ်းကျင်မှုလိုအပ်ချက်ကို ဖြည့်စွက်ခြင်း

[နည်းပညာကျွမ်းကျင်မှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရန် Huawei ကုမ္ပဏီက မည်သို့လုပ်ဆောင်လျက် ရှိနေကြောင်း Huawei Asia Pacific ၏ ဒုတိယ ဥက္ကဌ Jay Chen က ယခုကဲ့သို့ မျှဝေဖော်ပြခဲ့သည်] ကျွန်တော်တို့တွေဟာ အသိဉာဏ်မြင့်မားတဲ့ ကမ္ဘာကြီးတစ်ခုထဲကို ခုမှ စတင် ဝင်ရောက်လာတာ မဟုတ်ပါဘူး၊ အဲဒီ ကမ္ဘာကြီးမှာ ကျွန်တော်တို့ နေထိုင်နေကြတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးကို ဒီဂျစ်တယ် signal တွေ အဖြစ် အသွင်ပြောင်းထားပြီး လူသားတွေကိုလည်း စက်တွေနဲ့ ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ Big data နဲ့ artificial intelligence နည်းပညာတွေကလည်း ကျွန်တော်တို့ရဲ့ ဘဝတွေကို ပိုမို လွယ်ကူအဆင်ပြေလာအောင်၊ ပိုမို တုံ့ပြန် လုပ်ဆောင်နိုင်လာအောင်၊ ပိုမို […]

Read More

Huawei အတွက် 5G ချစ်ပ်တွေ ရောင်းချလိုတဲ့ Qualcomm

အမေရိကန်က Huawei အပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုက chipset ထုတ်လုပ်ရေးကိုပါ ထိခိုက်လိုက်ပါတယ်။ Huawei ပိုင် Hisilicon Kirin ပရိုဆက်ဆာ ထုတ်လုပ်ဖို့ ချစ်ကုမ္ပဏီ TSMC ကိုတားဆီးထားပါတယ်။ ဒါကြောင့် Huawei က အသစ်ထွက်မယ့် Mate 40 စီးရီးဖုန်းဟာ Kirin ပရိုဆက်ဆာ အသုံးပြုထားတဲ့ နောက်ဆုံးထုတ်ကုန်လို့ ပြောထားပါတယ်။ Huawei အနေနဲ့ အခြားကုမ္ပဏီတစ်ခုဆီကနေ အဆင့်မြင့် chipset ယူဖို့ လိုနေပါပြီ။ အမေရိကန်ကုန်သွယ်ရေး ပိတ်ဆို့မှုကြောင့် ပရိုဆက်ဆာချစ်ပ်တွေ ကုန်ဆုံးသွားပြီလို့ Huawei က ပြောထားပါတယ်။ လာမယ့်အတွင်း ကိုယ်ပိုင် Kirin chipset တွေကို ဆက်မထုတ်နိုင်တော့ဘူးလို့ Huawei စီအီးအို ရစ်ချတ်ယူက ပြောထားပါတယ်။ အခုဆိုရင် Qualcomm က […]

Read More

Huawei ICT အသိအမှတ်ပြုလက်မှတ် အစီအစဉ် မိတ်ဆက်

Huawei မှ Huawei Asia Pacific ICT Talent Forum 2020 ကို ကျင်းပခဲ့ပြီး ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နိုင်ရန်အတွက် အဖက်ဖက်မှ ပြည့်စုံတဲ့ ICT ကျွမ်းကျင်ပညာရှင် ဂေဟစနစ်တစ်ခု ဖန်တီးသွားမယ့် အသိအမှတ်ပြုလက်မှတ် အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ပါတယ်။ Huawei ICT အသိအမှတ်ပြု လက်မှတ် အစီအစဉ်ကို Huawei Asia Pacific ICT အကယ်ဒမီမှာ ပါဝင်ခဲ့ကြတဲ့ သို့မဟုတ် ပါဝင်ရန် စီစဉ်ခဲ့ကြတဲ့ ICT လောကမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေနဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက် ဩဂုတ် ၄ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်အထိ ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပြီး စာမေးပွဲတွေကို အချိန်တိုအတွင်း […]

Read More

Huawei Enjoy 20s စမတ်ဖုန်း ဓာတ်ပုံထွက်လာ

ပြီးခဲ့တဲ့အပတ်က Huawei ရဲ့ Enjoy 20s စမတ်ဖုန်းဓာတ်ပုံနဲ့ အသေးစိတ်တွေ TENAA မှာပေါ်လာပါတယ်။ ဘယ်အချိန်မှာ ကုမ္ပဏီက Enjoy 20s မိတ်ဆက်မလဲဆိုတာ မသိသေးပါဘူး။ Huawei Enjoy 20s ဓာတ်ပုံထွက်လာတဲ့အတွက် ဖုန်းမိတ်ဆက်မယ့်အချိန် မဝေးတော့ပါဘူး။ Huawei Enjoy 20s ကျောဘက်ကင်မရာ ၃ လုံး ဖြစ်ပြီး ဘေးဘက်မှာ fingerprint sensor လည်း ပါဝင်လာပါတယ်။ Huawei Enjoy 20s ကိုယ်ထည်က ရှည်လျားပါတယ်။ မျက်နှာပြင်အရွယ် ၆.၈ လက်မ LCD နဲ့ 1080p ရုပ်ထွက်အရည်အသွေး ရှိမယ်လို့ TENAA ကဖော်ပြထားပါတယ်။ Huawei Enjoy စီးရီးဖုန်းတွေကို တရုတ်နယ်စပ်မှာ Y စီးရီးနဲ့ အမည်နဲ့ […]

Read More

Huawei ကို တရုတ်စစ်တပ်က ကျောထောက်နောက်ခံပေးထားဟုဆို

Huawei ကို တရုတ်စစ်တပ်က ကျော်ထောက်နောက်ခံပေးထားတယ်လို့ Reuters က အမေရိကန်ကာကွယ်ရေးဌာန စာရွက်စာတမ်း ကိုးကားဖော်ပြခဲ့တယ်။ ထရမ့်အစိုးရအဖွဲ့က တရုတ်ပြည်သူ့လွတ်လပ်ရေး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ တရုတ်ကုမ္ပဏီ အခု ၂၀ အမည် ပါဝင်တဲ့ စာရွက်စာတမ်းကို ကွန်ဂရက်ဆီ ပေးပို့ခဲ့တယ်။ ပင်တဂွန်ရဲ့ ရာထူးအပ်ခန့်မှုနဲ့ သမ္မတက အရေးပေါ်အခြေအနေ ကြေညာပြီး အမေရိကန်တွင်းက လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေကို အရေးယူပြစ်ဒဏ်ပေးတာ ပြုလုပ်နိုင်ပါတယ်။ Huawei အပြင် တရုတ်မိုဘိုင်းဆက်သွယ်ရေးအုပ်စု၊ China Telecommunications နဲ့ Hikvisiion Digital Technology တို့စာရင်းထဲပါဝင်တယ်လို့ Axios ကပြောခဲ့ပါတယ်။ အကြီးတန်းအစိုးရအဖွဲ့အရာရှိ တစ်ဦးနဲ့ ပြည်သူ့ရေးရာကာကွယ်ရေး အတွင်းရေးလက်ထောက်အကူဖြစ်သူ ဂျိုနသန်ရာဟော့မန်းက စာရင်းရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ကာကွယ်ရေးဌာနက ကွန်မြူနစ်တရုတ်စစ်တပ် ကုမ္ပဏီစာရင်းကို ထုတ်လုပ်ခဲ့တယ်လို့ ပြောထားပါတယ်။ အဲဒီစာရင်းထဲမှာ […]

Read More

၂၀၂၀ နှောင်းပိုင်း Huawei Mate 40 မိတ်ဆက်နိုင်

Huawei ဟာ ၂၀၂၀နှောင်းပိုင်းမှာ Mate 40 ကိုမိတ်ဆက်နိုင်တယ်လို့ Weibo မှာ leakster တစ်ဦးကဖော်ပြပါတယ်။ အမေရိကန်က Huawei အပေါ်စီးပွားရေး ပိတ်ဆို့ထားပေမယ့်လည်း Mate 40 မှာ 5nm chipset ပါဝင်ပြီး အောက်တိုဘာလမှာ ပွဲထွက်လာနိုင်ပါတယ်။ ဒါ့အပြင် Huawei ဟာ ၂၀၂၀ စတုတ္ထသုံးလပတ်အတွင်း Mate 40 ဖုန်းအလုံးရေ ၈သန်းတင်ပို့ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ Huawei Mate 40 မှာပါဝင်မယ့် ချစ်ပ်က Kirin 1020 ဒါမှမဟုတ် Kirin 1000 လို့ခေါ်ဆိုဖွယ်ရှိပါတယ်။ -စိုးထက် Ref: GSMArena

Read More