Samsung ဟာ ဒီဇင်ဘာ ၁၂ ရက်မှာ Galaxy A (2020) စီးရီးရဲ့ ပထမဆုံးမော်ဒယ်ကို မိတ်ဆက်ပြသဖွယ် ရှိပါတယ်။ ထုတ်ကုန်သစ်မိတ်ဆက်မယ့် သတင်းကို ဗီယက်နမ် Samsung ရုံးခွဲက အတည်ပြုခဲ့ပါတယ်။ YouTube မှာလည်း ဗီဒီယိုအတိုလေး မိတ်ဆက်ထားပါတယ်။ အသစ်ထွက်ရှိမယ့် Galaxy A(2020) မှာ punch-hole display နဲ့ ကျောဘက်မှာ ကင်မရာသစ် အမျိုးမျိုး ပါဝင်လာပါတယ်။ Samsung အနေနဲ့ ဒီဇင်ဘာလ ၁၂ ရက်မှာ ဘာစမတ်ဖုန်းအမျိုးအစား မိတ်ဆက်မလဲဆိုတာ မသိသေးပါဘူး။ Samsung က Galaxy A51 နဲ့ A71 ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ ပြီးခဲ့တဲ့လက Galaxy A51 နဲ့ Galaxy A71 […]
Read MoreApple ဟာ လာမယ့်နှစ် အစောပိုင်းမှာ under-display fingerprint scanner ပါဝင်တဲ့ iPhone ထုတ်လုပ်ဖို့ အတွက် လာမယ့်အပတ်အတွင်း touchscreen ထုတ်လုပ်တဲ့ ထိုင်ဝမ်ကုမ္ပဏီ GIS နဲ့ဆွေးနွေးသွားမယ်လို့ Ecnomic Daily News ကဖော်ပြခဲ့ပါတယ်။ Apple ဟာ Qualcomm ရဲ့ ultrasonic fingerprint sensor နည်းပညာကို ၂၀၂၀ ခုနှစ်ထုတ် iPhone မော်ဒယ်မှာ အသုံးပြုမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီ iPhone ဟာ ၂၀၂၁ ခုနှစ်မှပဲထွက်ရှိနိုင်ပါတယ်။ GIS ဟာ Qualcomm နဲ့ပူးပေါင်းပြီး လိုအပ်တဲ့ အစိတ်အပိုင်းတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ Apple ဟာ ၂၀၂၀ ဒါမှမဟုတ် ၂၀၂၁ […]
Read Moreဒီဇင်ဘာ ၃ ရက်က Apple ဟာ ပထမဆုံးအဖြစ် နှစ်စဉ်ပြုလုပ်သွားမယ့် App Store Best Apps နဲ့ Games ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံး iPhone app ဆုအဖြစ် AI ဓာတ်ပုံ app Spectre Camera ကို ပေးခဲ့ပါတယ်။ Spectre Camera ကို Halide ဓာတ်ပုံ app ဖန်တီးတဲ့ developer ကဖန်တီးခဲ့ပါတယ်။ Halide ဟာ iPhone ပေါ်က ဓာတ်ပုံတွေမှာ long-exposure ရိုက်ကူးနိုင်အောင် machine learning အသုံးပြုထားတဲ့ app ဖြစ်ပါတယ်။ Spectre ကတော့ ၃ စက္ကန့်ကနေ ၉ စက္ကန့်အတွင်း ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံရာပေါင်းများစွာကို ပေါင်းစပ်ပေးပါတယ်။ […]
Read MoreJohn Wick နဲ့ Deadpool 2 လိုမျိုးရုပ်ရှင်တွေ ရိုက်ကူးခဲ့တဲ့ ဒေးဗစ်လေ့ချ်ဟာ Apple နဲ့ပူးပေါင်းပြီး “shot on iPhone” ကြော်ငြာအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေကို ပိုင်နိုင်လှတဲ့ ဒေးဗစ်လေ့ချ်ဟာ နှင်းဘောလုံးတိုက်ပွဲကို အဆင့်တစ်ခုအထိ ရောက်အောင် ရိုက်ကူးခဲ့ပါတယ်။ စက္ကန့် ၉၀ ရှိတဲ့ Snowbrawl အမည်ရကြော်ငြာမှာ မိန်းကလေးငယ်တစ်ဦးက နှင်းဘောလုံးတိုက်ပွဲအတွင်း သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး အစ်ကိုဖြစ်သူဦးဆောင်တဲ့ အဖွဲ့ကို အနိုင်ယူပုံ ရိုက်ကူးထားဖြစ်ပါတယ်။ ဗီဒီယိုမှာ စတန့်များစွာနဲ့ ဖုန်းနဲ့ ရိုက်ကူးဖို့ မမျှော်လင့်နို်ငတဲ့ slow-mo ရိုက်ချက်များစွာ ပါဝင်လာပါတယ်။ ဒါ့အပြင် Apple ဟာ ကြော်ငြာကို ဖန်တီးတဲ့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုကိုလည်း ဖြန့်ချိခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒေးဗစ်လေ့ချ်နဲ့ […]
Read MoreSamsung ဟာ Galaxy S10 Series အတွက် တည်ငြိမ်ပြီး stable build ဖြစ်တဲ့ Android 10 ကို ဖြန့်ချိလိုက်ပါတယ်။ Samsung အနေနဲ့ ဒီနှစ်အတွင်း Android 10 ကို ဖြန့်ချိမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားထားပေမယ့် စမတ်ဖုန်းသုံးစွဲသူတွေကို အံ့အားသင့်အောင် ပြုလုပ်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ beta ပရိုဂရမ်မှာပါ၀င်တဲ့ သုံးစွဲသူတွေအတွက် update က 140MB ၀န်းကျင်ရှိပြီး beta မှာ မပါဝင်သူတွေကတော့ ဖိုင်ဆိုဒ် 2GB နီးပါးကို download ပြုလုပ်ရပါမယ်။ Andriod 10 ရရှိမယ့် မော်ဒယ်နံပါတ် ကတော့ G97**XXU3BSKO ဖြစ်ပါတယ်။ Android 10 Update မှာ One UI […]
Read MoreOppo ဟာ Reno3 Pro 5G စမတ်ဖုန်းသစ်ကို အမြည်းမိတ်ဆက်ခဲ့ပြီး အပါးလွှာဆုံး 5G စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ Reno3 Pro 5G အထူက lens အပါအဝင် ၇.၇ မီလီမီတာ ရှိပြီး ဈေးနှုန်းသင့်တင့်ကာ ပါးလွှာတဲ့ 5G စမတ်ဖုန်းဖြစ်လာမယ်လို့ Oppo ဒုဥက္ကဋ္ဌ ဘရိုင်ယန်ရှန်က ပြောခဲ့ပါတယ်။ ဖုန်းရဲ့ရှေ့ဘက်နဲ့ ကျောဘက်မှာ အကွေးဒီဇိုင်းမှန် ပါဝင်လာပြီး ထိပ်ဘက်နဲ့ ဘေးဘက်မှာ ဘေးဘောင် မပါဝင်ပါဘူး။ Oppo Reno3 Pro ဟာ ပါးလွှာတဲ့အတွက် pop-up ကင်မရာ ပါဝင်ဖွယ်မရှိပါဘူး။ ဒါ့အပြင် Samsung Galaxy S10 လိုမျိုး ရှေ့ဘက်မှာ hole-punch ကိုအသုံးပြုထားဖွယ်ရှိပါတယ်။ Oppo Reno3 Pro […]
Read MoreSamsung Galaxy Not10 Lite မှာ Bluetooth လုပ်ဆောင်ချက်ပါဝင်တဲ့ SPen ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမဲ့ Galaxy Not10 Lite မှာ နောက်ဆုံးပေါ်အဆင့်မြင့် လုပ်ဆောင်ချက်တွေ (ဥပမာ gyroscopic ထိန်းချုပ်မှုတွေ) ဒါမှမဟုတ် Note9 ကအခြေခံထိန်းချုပ်မှုတွေ ပါဝင်လာမလားဆိုတာ မသိရသေးပါဘူး။ FCC (ဖက်ဒရယ်ဆက်သွယ်ကော်မရှင်) ရဲ့စာရွက်စာတမ်းမှာ stylus အရွယ်အစားကို ဖော်ပြထားပါတယ်။ Note10 Lite stylus ကတော့ Note10 stylus နဲ့ဆင်ပေမယ့် အနည်းငယ်ကြီးမားပါတယ်။ FCC အနေနဲ့ S Pen ဓာတ်ပုံကို လာမယ့်နှစ် မေ၂၅ ရက်အထိ ထုတ်ပြန်ဦးမှာ မဟုတ်ဘူးလို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီကာလတစ်ဝိုက်မှာ Galaxy Note10 Lite […]
Read Moreဂိမ်းတွေကို ဈေးသက်သက်သာသာ ဒါမှမဟုတ် အခမဲ့ ကစားနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အခုဆိုရင် Samsung Galaxy ဖုန်းတွေပဲ အသုံးပြုနိုင်တဲ့ PlayGalaxy Link ဝန်ဆောင်မှုကို beta စမ်းသပ်မှု ပြုလုပ်နေပါပြီ။ Steam Link app ဒါမှမဟုတ် Parsec လိုမျိုး PlayGalaxy ကို Windows ကွန်ပျူတာပေါ်မှာ install ပြုလုပ်ပြီး ဖုန်းပေါ်မှာ app ကိုထည့်သွင်းရပါမယ်။ ပြီးရင်တော့ ဟန်းဆက်ပေါ်မှာ ဂိမ်းကို ကစားနိုင်ပါတယ်။ ဧပြီလက Samsung Galaxy S10, S10e, S10 Plus နဲ့ S10 5G အတွက် beta ဗားရှင်းကို ထောက်ပံ့ပေးလိုက်ပြီး အခုဆိုရင် Note 10 အတွက် ထောက်ပံ့ပေးလိုက်ပါတယ်။ […]
Read MoreSamsung Galaxy Fold အတွက် နောက်ဆုံးဖြန့်ချိလိုက်တဲ့ update software မှာ ကွန်ပျူတာနဲ့ ဖုန်း ချိတ်ဆက်နိုင်မယ့် DeX ပါဝင်လာပါတယ်။ DeX ဟာ USB ကတစ်ဆင့် ဖုန်းကို Windows ဒါမှမဟုတ် Mac ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ကွန်ပျူတာရဲ့ မော်နီတာ၊ keyboard နဲ့ mouse တို့နဲ့ တွဲဖက်သုံးစွဲနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူက တိကျမှုမြင့်မားတဲ့ ကွန်ပျူတာ mouse နဲ့ဂိမ်းကစားတာ ဒါမှမဟုတ် keyboard အသုံးပြုပြီး Office စာရွက်စာတမ်းတွေ တည်းဖြတ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ ကွန်ပျူတအကြား ဖိုင်တွေကို အလွယ်တကူ drag နဲ့ drop လုပ်ပြီး လွှဲပြောင်းနိုင်ပါတယ်။ Galaxy Fold မှာ […]
Read MoreSamsung ဟာ ဖေဖော်ဝါရီလအတွင်း Galaxy S11 စီးရီးစမတ်ဖုန်းကို မိတ်ဆက်ဖွယ်ရှိပါတယ်။ Galaxy S11 ကို ဖေဖော်ဝါရီ ၁၁ ရက်မှာ မိတ်ဆက်နိုင်တယ်လို့ MatrixLife သတင်းကဖော်ပြခဲ့ပါတယ်။ Samsung Galaxy S11 ကိုမိတ်ဆက်မယ့် ရက်စွဲအပြင် S11, S11e နဲ့ S11+ ဆိုပြီး feature သစ်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။ S11 စီးရီးဖုန်းတွေမှာ Exynos 990 SoC အပြင် Snapdragon ဗားရှင်းအသုံးပြုထားတဲ့ ထုတ်ကုန်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဖုန်း ၃ မျိုးစလုံးမှာ 25W အားသွင်းမြန်ဆန်တဲ့စနစ်နဲ့ 25W charger လည်းပါဝင်လာပါမယ်။ Galaxy S11 မှာ SIM နဲ့ eSIM […]
Read More