CASIO Cash Register and Regi-System မိတ်ဆက်

အချက်အလက်တွေကို Cloud ပေါ်မှာ သိမ်းဆည်းပေးနိုင်မယ့် Regi-System ကို CASIO က အောက်တိုဘာ ၃၁ က Rose Garden မှာ မိတ်ဆက်ပြသခဲ့ပါတယ်။

Regi-System မှာ CASIO Point Of Sales မှ အချက်အလက်များကို Cloud ပေါ်မှာ သိမ်းဆည်းပြီး ပြန်လည်ရှာဖွေ ဖတ်ရှုရလွယ်ကူသော Reporting System ဖြစ်တယ်လို့ သိရပါတယ်။ Cloud Based System ဖြစ်တာကြောင့် အင်တာနက်ရှိတဲ့ မည်သည့်နေရာမှမဆို အချိန်နဲ့တပြေးညီ ဖတ်ရှုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

CASIO ၏ CASH Register VR 200+ ထုတ်ကုန်ပစ္စည်းမှာ စားသောက်ဆိုင် ၊ အရောင်းဆိုင်တို့တွင် ဘောက်ချာ မှတ်တမ်း၊ ကုန်စာရင်း နေ့ချုပ် ၊ လချုပ် စတာတွေကို အလွယ်တကူ မှတ်တမ်းတင်နိုင်သော စက်ဖြစ်ပြီး Gandamar နှင့် Hirokei Myanmar တို့ ပူးပေါင်းကာ ဈေးကွက်အတွင်းမကြာမှီ ဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-ကောင်းမြတ်ထွန်း