Career Opportunities for YOUTH ခေါင်းစဉ်ဖြင့်ဟောပြောပွဲကျင်းပမည်

Career Opportunities for YOUTH ခေါင်းစဉ်နဲ့ Face to Face ဟောပြောပွဲကို သြဂုတ် ၉ ရက် နေ့လယ် ၂ နာရီခွဲ မှ ၄ နာရီအထိ 𝐘𝐈U – 𝐘𝐨𝐮𝐭𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာကျင်းပသွားမယ်လို့ သိရပါတယ်။

𝐘IU- 𝐘𝐨𝐮𝐭𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှ Founder ဆရာ ဦးဇော်လင်းကိုယ်တိုင် ဆွေးနွေးပြောကြားသွားမှာဖြစ်ပြီး ကျောင်းသူ/သားတွေအနေနဲ့ တက္ကသိုလ်တွေပိတ်ထားရပေမယ့်အောင်စာရင်းထွက်ပြီးတဲ့အခါ ဘာဆက်တက်မလဲ၊ ဘယ်လိုင်းသွားမလဲဆိုတာ ကိုယ်တိုင်လည်းစဉ်းစားရခက်နေချိန်၊ မိဘတွေအနေနဲ့လည်း ဆုံးဖြတ်ဖို့တွေဝေနေတဲ့အချိန်လေးတွေမှာ ဆုံးဖြတ်ချက်မှန်ကန်စေဖို့၊ နည်းမှန်လမ်းမှန်နဲ့ လမ်းကြောင်းပေါ်ရောက်ဖို့အတွက် ဆရာဦးဇော်လင်းကိုယ်တိုင် ဆွေးနွေးပြောကြားပေးသွားမယ့် Career Opportunities for YOUTH ဟောပြောပွဲ နဲ့ Open House ကိုစီစဉ်ကျင်းပပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဟောပြောပွဲလာသူများရဲ့ကျန်းမာရေး၊ 𝐘𝐈U – 𝐘𝐨𝐮𝐭𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မိသားစုဝင်တွေရဲ့ကျန်းမာရေးကိုရှေးရှုပြီး session တစ်ခုမှာ လူဦးရေအကန့်အသတ်နဲ့ ၁၅ ဦးကိုသာ social distancing ပြုလုပ်ပြီး လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဟောပြောပွဲကို ကိုယ်တိုင်လာရောက်တက်ရောက်ရန် အခက်ခဲရှိသောနယ်မှ မိဘတွေနဲ့ ကျောင်းသားတွေအတွက် ဟောပြောပွဲကိုတိုက်ရိုက် Live လွှင့်ပေးသွားမှာဖြစ်ပြီး comments များမှ မေးခွန်းတွေကိုလည်း ဖြေကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ YIU အဆောင် (၁၈), ပထမထပ်, MICT Park, လှိုင်မြို့နယ်, ရန်ကုန်မြို့ ဖုန်း – ၀၉၇၈၅၀၀၃၅၉၆ နဲ့ ၀၉၉၅၄၀၀၃၅၉၆ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

-သန္တာ