Capitol ထဲဝင်ရောက် စီးနင်းသူတွေကို Tinder နဲ့ Bumble ပိတ်ပင်

Bumble နဲ့ Tinder, Hinge, OKCupid, Match နဲ့ Plenty of Fist တို့ပိုင်ဆိုင်တဲ့ Match Group ကတော့ Capitol ထဲဝင်ရောက် စီးနင်းတဲ့သူတွေရဲ့ account တွေကို ပိတ်ပင်မယ်လို့ Washington Post မှာဖော်ပြခဲ့ပါတယ်။

“ကျွန်တော်တို့တွေက လူမျိုးရေးမုန်းတီးမှုနဲ့ အကြမ်းဖက်မှုအားပေးတဲ့ ဘယ်အကြောင်းအရာမဆို တားမြစ်မယ်” လို့ Bumble ကပြောခဲ့ပါတယ်။ “ကျွန်တော်တို့တွေဟာ အမေရိကန် Capitol တိုက်ခိုက်မှုထဲမှာ ပါဝင်သူတွေကို ဝန်ဆောင်မှုထဲက ဖယ်ရှားထားတယ်” လို့ Tinder ကိုယ်စားပြုပြီး Match အတွက် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Capitol တိုက်ခိုက်မှုနဲ့ ပတ်သက်သူ အယောက် ၇၀ ကိုဖမ်းဆီးထားပြီး လူ ၅ ဦးကတော့ အသတ်ခံခဲ့ရပါတယ်။

Capitol တိုက်ခိုက်သူတွေဟာ ဇန်နဝါရီ ၆ ရက် ဆန္ဒပြပွဲအပြီး dating app တွေကနေ ပိတ်ပင်ခံလိုက်ရပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ဟာ Capitol ကိုစီးနင်းဖို့ လှုံ့ဆော်တဲ့အတွက် ဒုတိယအကြိမ်မြောက် စွဲချက်တင်ခံခဲ့ရပါတယ်။

ထရမ့်ဟာ Twitter ပေါ်မှာ ဆူပူအုံကြွဖို့နဲ့ ဝါရှင်တန်ပြည်နယ်အတွင်း လူတွေစုရုံးဖို့ လှုံ့ဆော်ခဲ့ပါတယ်။ အဲဒီအတွက် ထရမ့်ကိုတော့ Twitter, Facebook, Instagram နဲ့ Snapchat တို့က ပိတ်ပင်ခဲ့ပါတယ်။ ထရမ့်ထောက်ခံအားပေးသူ အများအပြားရှိတဲ့ Parler လူမှုကွန်ရက်ကိုလည်း Apple, Google နဲ့ Amazon တို့က ပိတ်ပင်ခဲ့ပါတယ်။

Capitol မှာ ဝင်ရောက် စီးနင်းသူတွေကို အတည်ပြုပြီးနောက် FBI ဆီအစီရင်ခံစာတင်ပြီး Bumble နဲ့ Match တို့က အဲဒီလူတွေကို ဝန်ဆောင်မှုကနေ ပိတ်လိုက်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ချားလော့စ်ဗီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ နီယိုနာဇီတစ်ဦးကိုလည်း OKCupid ကနေ ရာသက်ပန် ပိတ်ပင်ခဲ့ဖူးပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««