Capitol တိုက်ခိုက်မှုကို လှုံ့ဆော်တဲ့ ထရမ့်ဗီဒီယို YouTube ဖယ်ရှား

ဝါရှင်တန်ဒီစီမြို့က Capitol ကို လူထုက တက်သိမ်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရမ့်က မိန့်ခွန်းပြောခဲ့တဲ့ ဗီဒီယိုကို YouTube ကဖယ်ရှားလိုက်ပါတယ်။ ထရမ့်က ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းမှားတွေ ထပ်ခါတလဲလဲ ပြောခဲ့တာကြောင့် ဗီဒီယိုဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

YouTube ဟာ ထရမ့်မိန့်ခွန်းပါတဲ့ ဗီဒီယိုကိုတော့ ပညာပေး ဒါမှမဟုတ် သတင်းအဖြစ် အခြားဗီဒီယိုထဲမှာ အသုံးပြုခွင့်ပေးထားပါတယ်။ YouTube ဟာ ၂၀၂၀ ဒီဇင်ဘာလမှာ ပေါ်လစီတစ်ခုကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ အဲဒီ အပြောင်းအလဲကတော့ ၂၀၂၀ သမ္မတရွေးကောက်ပွဲ ရလဒ်တွေအပေါ် သက်ရောက်တဲ့ မဲပေးသူ မသမာတဲ့အကြောင်း သတင်းဖြန့်ဝေမှုကို တားဆီးထားခဲ့ပါတယ်။

ထရမ့်ရဲ့ ဗီဒီယိုအသစ်ကို Twitter နဲ့ Facebook မှာလည်း တင်ခဲ့ပြီး ဗီဒီယိုမှာ ထရမ့်က ၂၀၂၀ ရွေးကောက်ပွဲ သတင်းမှားတွေကို ဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရလဒ်တွေက လုပ်ကြံဖန်တီးထားတာလို့ ထရမ့်က ပြောခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««