Canva ကိုသုံးပြီး Zoom မှာ နောက်ခံ Background ကို ဘယ်လိုပြောင်းမလဲ

Covid-19 ကူးစက်ရောဂါ စဖြစ်တဲ့အချိန်မှာ အွန်လိုင်းဗီဒီယို အစည်းအဝေးတွေလုပ်နိုင်တဲ့ App တွေ ဝယ်လိုအားမြင့်တက်ခဲ့တာ သိကြမှာပါ။ အဲဒီထဲကမှ အသုံးပြသူတွေအနေနဲ့ ဗီဒီယိုကွန်ဖရင့်ကို ပါဝင်သူ ၁၀၀ အထိ ပြုလုပ်နိုင်တဲ့ Zoom app က လူသိများပါတယ်။ Zoom meeting app မှာ စိတ်ဝင်စားဖွယ်ရာ လုပ်ဆောင်ချက်တွေ များစွာရှိတဲ့ထဲက Canva ကို သံ့းပြီး Zoom မှာ နောက်ခံ Background ကို ဘယ်လိုပြောင်းလဲ သုံးရလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ Canva ကတော့ အွန်လိုင်းမှာ ဒီဇိုင်းဖန်တီးနိုင်တဲ့ cloud-based editing app ဖြစ်ပါတယ်။ ( မိမိက ဖုန်းနဲ့ လုပ်တာဆိုရင်တော့ ဖုန်းထဲမှာ Canva app ထည့်သွင်းထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာကနေဆိုရင်တော့ Google serach မှာ Canva ဆိုပြီးရိုက်ကာ Canva ဝက်ဘ်ဆိုက်ကို သွားရောက်နိုင်ပါတယ်။)

Zoom meeting မှာ နောက်ခံအမျိုးမျိုး ထည့်သွင်းအသုံးပြုဖို့ အရင်ဆုံး Canva ဝက်ဘ်ဆိုက်ထဲကို ဝင်ပေးရပါမယ်။ Canva ဝက်ဘ်ဆိုက်မှာ မိမိအနေနဲ့ အကောင့်မရှိသေးရင် Sing up လုပ်ပေးရမှာ ဖြစ်ပါတယ်။ အကောင့်ရှိပြီးသားသူ ဆိုရင်တော့ Sign-in လုပ်ပေးပါ။ App စနစ်ထဲ ရောက်သွားရင်တော့ Search ဘောက်ထဲမှာ zoom virtual backgrounds ဆိုတာကို ရိုက်ပြီး ရှာလိုက်ပါ။

အဲဒီလို ရှာလိုက်ရင်တော့ Zoom အတွက် ပြုလုပ်ထားတဲ့ အသင့်သုံး templates တွေကို တွေ့ပါလိမ့်မယ်။ မိမိနှစ်သက်တဲ့ ပုံတစ်ခုကို ရွေးချယ်နိုင်သလို အသင့်သုံး template တွေကို မိမိကိုယ်တိုင်လည်း စိတ်ကြိုက်ဒီဇိုင်းပုံစံ edit လုပ် တည်းဖြတ် ပြင်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီမှာတော့ အသင့်သုံး template ကိုပဲ ရွေးချယ်သုံးပြထားပါတယ်။

ရွေးချယ်ပြီးရင်တော့ မိမိရွေးလိုက်တဲ့ template ကို PNG ဖိုင် format အနေနဲ့ download ပြုလုပ်ရမှာဖြစ်ပါတယ်။

ပြီးရင်တော့ Zoom ဝက်ဘ်ဆိုက်ကို သွားပါ။ Zoom ဝက်ဘ်ထဲရောက်ရင်တော့ Settings menu ကို နှိပ်လိုက်ပါ။ settings စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။

Settings စနစ်ထဲမှာ Virtual Background ဆိုတာကို ရွေးလိုက်ပါ။

ရွေးပြီးရင်တော့ ပုံမှာပြထားတဲ့နေရာကို နှိပ်ပြီး မိမိ Canva ကနေ ဖုန်းထဲကို ‌download လုပ်ထားတဲ့ပုံကို ရွေးပေးလိုက်ပါ။

အဲလို ရွေးပေးလိုက်ရင်တော့ မိမိရဲ့ Zoom meeting မှာ မိမိရွေးထားတဲ့ပုံနောက်ခံနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း