Canon WUX7500 Projector

ဟိုတယ်ကြီးများရှိ Ballroom များ၊ တက္ကသိုလ်ကျောင်းများရှိ ဘွဲ့နှင်းသဘင်ခန်းမများ၊ အစည်းအဝေး ခန်းမများကဲ့သို့ ကြီးမားကျယ်ပြန့်တဲ့ meeting ခန်းမများနဲ့ Assembly Hall တွေမှာ အများဆုံး အသုံးပြုလျက်ရှိသလို အသုံးပြုရန် အသင့်တော်ဆုံး WUX7500 projector ဖြစ်ပါတယ်။ အခန်းအနေအထား အကျယ်အဝန်း အပေါ် မူတည်ပြီး လိုအပ်သလို Optional Lens တွေကို (၇) မျိုး အထိ ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်ပါတယ်။ WUXGA Resolution (1920 x 1080 pixels) အထိ ရရှိမှာပါ။ Imaging Device က 0.71″, LCOS Panel x3 ဖြစ်ပြီး Lamp Life က Eco Mode မှာ နာရီ ၄၀၀၀ အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ HDMI နဲ့ 1W speaker ပါတဲ့အတွက် Laptop, Smart Phone, Tablets က ပုံတွေကိုလည်း အသံနဲ့တကွ တိုက်ရိုက် Transport လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Contrast Ratio က 2000:1 ရနိုင်ပါတယ်။ Brightness က Lumen 7500 အထိ ရရှိနိုင်တဲ့အတွက် သာမန် အလင်းရှိတဲ့ အခန်းတွင်းမှာတောင် ရုပ်ထွက် အရည်အသွေး ကောင်းမွန်စွာ အသုံးပြုနိုင်မှာပါ။ Projector နဲ့ ချိတ်ဆက်ပြီး Laptop, Desktop, Macbook , Blueray စက်တွေနဲ့ အလွယ်တကူ ချိတ်ဆက်ပြီး လိုသလို အသုံးပြုနိုင်တဲ့ Projector ဖြစ်ပါတယ် ။ Image Modes အနေနဲ့ Standard, Presentation, Dynamic, Vivid Photo, Video, Cinema, Photo/sRGB, DICOM SIM, User 1 ~ 5 စတာတွေ ထောက်ပံ့ပေးထားသလို Color Adjustment အနေနဲ့လည်း Color Level, Color Balance, Color Temperature, Gain (R,G,B), Offset (R,G,B) စတာတွေ ချိန်ညှိနိုင်မှာပါ။ ချိတ်ဆက်မှုအတွက် HDMI, VGA, USD, RJ 45 Port Ready စတာတွေ ထောက်ပံ့ပေးထားပါတယ်။ စုစုပေါင်း အလေးချိန်ကတော့ 13kg ရှိပါတယ်။

တန်ဖိုးက ပရိုမိုးရှင်းစျေးနှုန်း အမေရိကန်ဒေါ်လာ ၃,၆၀၀ ဖြစ်ပြီး canon authorized distributor – Myanmar ဖုန်း – ၀၁ ၆၅၄၈၁၀ နဲ့ ၀၉ ၇၉ ၈၈၉ ၃၇၂၃ ကနေ တရားဝင် တင်သွင်းတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««