Canon PowerShot SX70 HS Digital Camera

တန်ဖိုး – အမေရိကန်ဒေါ်လာ ၄၅၁

အားသာချက်

ပြည်တွင်းစျေးကွက်ထဲမှာ ဝယ်ယူနိုင်ပြီ ဖြစ်တဲ့ Canon PowerShot SX70 HS မော်ဒယ် Digital Camera ဖြစ်ပါတယ်။ 1/2.3″ အရွယ်ရှိ CMOS Sensor ထောက်ပံ့ပေးထားပါတယ်။ 20.3 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ DIGIC 8 Image Processor ထောက်ပံ့ပေးထားပါတယ်။ ဗီဒီယိုကို UHD 4K (3840 x 2160) at 29.97p [120 Mb/s],Full HD (1920 x 1080) at 29.97p/59.94p [30 to 60 Mb/s], HD (1280 x 720) at 59.94p [26 Mb/s] အထိ ရိုက်ကူးနိုင်မှာပါ။ Lens အနေနဲ့ 3.8 to 247mm ထောက်ပံ့ပေးထားတဲ့ အတွက် ၃၅ မမ မြင်ကွင်းနဲ့ဆိုရင် 21 to 1365mm အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Optical Zoom က 65x , Digital Zoom က 4x Maximum (260x Combined Zoom), 2x Optimized (130x Combined Zoom) တွေရရှိမှာ ဖြစ်ပါတယ်။ JPEG File အတွက် Frame per second 10fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ ၃ လက်မအရွယ်ရှိ Articulating LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။။ ချိတ်ဆက်မှုပိုင်းအတွက် 3.5mm Microphone, HDMI D (Micro), USB Micro-B (USB 2.0) စတာတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ကြိုးမဲ့ ချိတ်ဆက်မှုအတွက် Wi-Fi , BT စနစ်တွေပါဝင်တဲ့အတွက် ကြိုးမဲ့ ထိန်းချုပ်မှုကို အသုံးပြုနိုင်သလို လူမှုကွန်ရက်ကိုလည်း ချက်ချင်းတင်နိုင်မှာ ဖြစ်ပါတယ်။ Image Stabilization ကို Optical အနေနဲ့ ထည့်သွင်းပေးထားပြီး ပုံရိပ်တွေ မဝါးသွားဖို့အတွက် ထောက်ပံ့ပေးထားပါတယ်။

အားနည်းချက်

Compact Camera ဖြစ်နေလို့ စျေးအနည်းငယ် မြင့်မားတယ်လို့ ခံစားရပါတယ်။ ISO အနေနဲ့လည်း နည်းပါးပါတယ်။ LCD အနေနဲ့လည်း ထိတွေ့ အသုံးပြုလို့ မရပါဘူး။ GPS အထောက်အပံ့လည်း မပါဝင်ပါဘူး။

သုံးသပ်ချက်

Selfie သမားတွေအတွက် ပိုပြီး သင့်တော်တဲ့ LCD ထောက်ပံ့ပေးထားပါတယ်။ အနည်းငယ် ထူးခြားတာက Bridge Level နီးနီး ဖန်တီးထားတဲ့ စွယ်စုံသုံးကင်မရာ ဖြစ်ပြီး ကင်မရာဝါသနာရှင်တွေ အတွက် တော်တော်အသုံးတည့်နိုင်ပါတယ်။ Compact Camera ဆိုပေမယ့် ဗီဒီယိုကို 4K UHD အထိ ထောက်ပံ့ပေးထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကင်မရာဝါသနာရှင်တွေ သာမက ခရီးသွား Blogger တွေ အတွက်ပါ ပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG ရော RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @29fps အထိ ရရှိမှာပါ။ DIGIC 8 image processor ကို အသုံးပြုထားတဲ့အတွက် Focus ဖြတ်တောက်မှုစွမ်းအားတွေ ပိုကောင်းလာပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး 1/2000 to 15 Seconds အထိရရှိမှာ ဖြစ်ပါတယ်။ Built-in Flash အနေနဲ့ ပါဝင်ပြီး Auto, Flash On, Off, Slow Sync အနေနဲ့ စွမ်းဆောင်နိုင်မှာပါ။ Card Slot အနေနဲ့ တစ်ခုသာ ပါဝင်ပြီး SD/SDHC/SDXC တွေ အသုံးပြုနိုင်မှာပါ။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Metering Method မှာ Center-Weighted Average, Multi, Spot ရွေးချယ်နိုင်သလို White Balance အပိုင်းမှာ Auto, Cloudy, Custom, Daylight, Flash, Fluorescent (White), Shade, Tungsten, White Balance Adjustment စတာတွေ ပါရှိပါတယ်။ Screen Display က ၃ လက်မအရွယ်အစား ရှိပြီး အရည်အသွေး 920,000 Dot ရှိ Articulating LCD နဲ့ 2.36m-dot အရည်အသွေးရှိ OLED electronic viewfinder တွေကိုထောက်ပံ့ထားပါတယ်။ LP-E12 Rechargeable Lithium-Ion, 875 VDC, 7.2 mAh ဘက်ထရီကို အသုံးပြုထားတာဖြစ်ပါတယ်။ အရွယ်အစားက 127 x 90.9 x 116.6 mm ဖြစ်ပြီး အလေးချိန်က 608 g ရှိပါတယ်။

canon authorized distributor – Myanmar ဖုန်း – ၀၁၆၅၄၈၁၀၊ ၀၉ ၇၉ ၈၈၉ ၃၇၂၃ ကနေ တရားဝင် တင်သွင်းတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««