Canon PowerShot G9X Mark II Digital Camera

တန်ဖိုး – အမေရိကန်ဒေါ်လာ ၄၂၁

အားသာချက်

အပျော်တမ်း ကိုင်ဆောင်လိုသူတွေ အနေနဲ့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်မယ့် ကင်မရာဖြစ်ပါတယ်။ ၁ လက်မ အရွယ်ရှိ CMOS Sensor ထောက်ပံ့ပေးထားပါတယ်။ 20.1 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ DIGIC 7 Image Processor ထောက်ပံ့ပေးထားပြီး ဗီဒီယိုကို Full HD (1920 x 1080) at 23.976p/29.97p/59.94p အထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Lens အနေနဲ့ 10.2 to 30.6mm ထောက်ပံ့ပေးထားတဲ့အတွက် 35mm မြင်ကွင်းနဲ့ဆိုရင် 28 to 84mm အထိ ရရှိမှာပါ။ Digital Zoom ကိုတော့ 4x Maximum (12x Combined Zoom) အထိ ရရှိနိုင်မှာပါ။ JPEG အတွက် Frame per second 8.2fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။

၃ လက်မအရွယ်ရှိ Fixed Touchscreen LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။။ ချိတ်ဆက်မှုပိုင်းအတွက် 3.5mm Microphone, HDMI D (Micro), USB 3.0 နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ကြိုးမဲ့အတွက် Wi-Fi , BT စတာတွေပါဝင်ပြီး ကြိုးမဲ့ထိန်းချုပ်မှုတွေ အသုံးပြုနိုင်သလို လူမှုကွန်ရက်ကိုလည်း ချက်ချင်းတင်နိုင်မှာ ဖြစ်ပါတယ်။ မိမိ ကိုင်ဆောင်တဲ့ စမတ်ဖုန်းနဲ့လည်း ကင်မရာကို ထိန်းချုပ်နိုင်ပါသေးတယ်။

အားနည်းချက်

Point & Shoot Level ဖြစ်နေလို့ စျေးအနည်းငယ် မြင့်မားသလို ခံစားရပါတယ်။ LCD အနေနဲ့လည်း လှည့်ပြီး အသုံးပြုလို့မရတဲ့ Fixed LCD ဖြစ်ပါတယ်။ ဗီဒီယိုပိုင်းမှာလည်း 4k အရည်အသွေးအထိ ထောက်ပံ့ပေးထားခြင်း မရှိပါဘူး။

သုံးသပ်ချက်

အနည်းငယ် ထူးခြားတာက Bridge Level နီးနီး ဖန်တီးထားတဲ့ စွယ်စုံသုံး ကင်မရာဖြစ်ပြီး ကင်မရာဝါသနာရှင်တွေအတွက် တော်တော်အသုံးတည့်နိုင်ပါတယ်။ Metering စနစ်တွေကလည်း မဆိုးလှပါဘူး။ Special Options အနေနဲ့ Fireworks, Fish-Eye Effect, Handheld Night, Miniature Effect, Portrait, Toy Camera Effect စတာတွေ ထောက်ပံ့ပေးထားသလို Aspect Ratio အနေနဲ့ 1:1, 3:2, 4:3, 16:9 ပါဝင်တဲ့အတွက် တော်တော်စုံလင်တယ်လို့ ဆိုနိုင်ပါတယ်။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG ရော RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ Full HD (1920 x 1080) at 23.976p/29.97p/59.94p အထိ ရရှိမှာဖြစ်ပါတယ်။ DIGIC 7 image processor ကို အသုံးပြုထားတဲ့အတွက် ပုံထုတ်လုပ်မှုစွမ်းအားတွေ ပိုကောင်းလာပါတယ်။ Shutter Speed အနေနဲ့ 1/2000 to 30 Seconds Bulb Mode ,1/2000 to 1 Second in Auto Mode တွေ ရရှိမှာဖြစ်ပါတယ်။ Built-in Flash အနေနဲ့ပါဝင်ပြီး Auto, Flash On, Off, Slow Sync အနေနဲ့ စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ Card Slot အနေနဲ့ တစ်ခုသာပါဝင်ပြီး SD/SDHC/SDXC စတာတွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Metering Method မှာ Center-Weighted Average, Evaluative, Spot ရွေးချယ်နိုင်သလို White Balance အပိုင်းမှာ A Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent, Shade နဲ့ Tungsten စတာတွေ ပါဝင်ပါတယ်။ ၃ လက်မ အရွယ်အစား Fixed Touchscreen LCD Screen ထောက်ပံ့ပေးထားပါတယ်။ ချိတ်ဆက်မှု အတွက် HDMI D (Micro), USB Micro-B (USB 2.0), WiFi, BT ပါဝင်ပါတယ်။ အသုံးပြု ဘက်ထရီက NB-13L Rechargeable Lithium-Ion, 3.6 VDC, 1250 mAh ဖြစ်ပြီး အားပြည့်ချိန်မှာ ပုံရေ ၂၃၅ ပုံကျော် ရိုက်နိုင်မှာပါ။ အရွယ်အစား 98 x 57.9 x 31.3 mm ဖြစ်ပြီး အလေးချိန် 206g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««